Tuesday 9 December 2014

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို စပွန်ဆာပေးရန် အဖွဲ့ချုပ်နှင့် အမေရိကန်အခြေစိုက် IMG ကုမ္ပဏီတို့ ဆွေးနွေး

Photo: မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို စပွန်ဆာပေးရန်
အဖွဲ့ချုပ်နှင့် အမေရိကန်အခြေစိုက် IMG ကုမ္ပဏီတို့ ဆွေးနွေး
Tuesday, December 9, 2014

မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲကို စပွန်ဆာပေးရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် နှင့် အမေရိကန်အခြေစိုက် IMG ကုမ္ပဏီတို့ဆွေးနွေးလျက်ရှိပြီး ၇၅ ရာခိုင်နှုန်း သေချာ နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည် လက်ရှိ တွင် တရုတ်စူပါလိဂ်နှင့် အိန္ဒိယလိဂ် တို့ကို စပွန်ဆာ ပေးနေပြီး မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ကို ၂ဝ၁၅ဘောလုံး ရာသီမှ စတင်၍ စပွန်ဆာပေးရန်အဖွဲ့ချုပ်နှင့် ဒီဇင် ဘာ ၅ရက်တွင် ဆွေးနွေးခဲ့ပြီး ၇၅ ရာခိုင်နှုန်းသေချာမှုရှိနေကာ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မကြာမီကာလအတွင်း တရားဝင် သတင်းထုတ်ပြန်သွားမည် ဖြစ် သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူက'' လာမည့်ရာသီမှာ မြန်မာနေ ရှင်နယ်လိဂ်ကို စပွန်ဆာပေးဖို့အ မေရိကန်အခြေစိုက် IMG ကုမ္ပဏီ နဲ့ ဆွေးနွေးနေပါတယ်၊ ဒီကုမ္ပဏီ နဲ့ စပွန်ဆာ စာချုပ်ချုပ်ဖြစ်ရင် လူ ငယ်ကစားသမားတွေကို ဥရောပ မှာရှိတဲ့ အကယ်ဒမီတွေ အမေရိကန်မှာရှိတဲ့ အကယ်ဒမီတွေစေလွှတ် တာမျိုး၊ ကလပ်အသင်းတွေ မြန်မာ နိုင်ငံဖိတ်ခေါ်ပြီး ခြေစမ်းတာမျိုး တွေပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်'' ဟုဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ကို မူလကမြန်မာဘီယာမှ စပွန်ဆာ ပေးထားသော်လည်း ၂ဝ၁၄ ဘော လုံးရာသီအပြီးတွင် စာချုပ်ထပ်မံ သက်တမ်းတိုးခြင်းမရှိသည့်အတွက် အမေရိကန်အခြေစိုက် IMG ကုမ္ပဏီနှင့်ဆွေးနွေးနေခြင်း ဖြစ် သည်။

IMG ကုမ္ပဏီသည် အားက စားနယ်ပယ်တွင် နာမည်ကျော် ကြားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အားကစားနှင့် ပတ်သက်သည့် အကြံဥာဏ်များပေးခြင်း၊ ပြိုင်ပွဲစီ မံခန့်ခွဲမှုများပြုလုပ်ခြင်း၊ ကလပ်အ သင်းများ လိုင်စင်ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း၊ စပွန်ဆာရရှိ ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ လက်မှတ်အစီအစဉ်များ၊ ကွင်း ထိန်းသိမ်းဆောင်ရွက်မှုများအပြင် လိဂ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် အဖွဲ့အ စည်းတစ်ခုလည်းဖြစ်သည်။

Yangon Media Group
မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲကို စပွန်ဆာပေးရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် နှင့် အမေရိကန်အခြေစိုက် IMG ကုမ္ပဏီတို့ဆွေးနွေးလျက်ရှိပြီး ၇၅ ရာခိုင်နှုန်း သေချာ နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည် လက်ရှိ တွင် တရုတ်စူပါလိဂ်နှင့် အိန္ဒိယလိဂ် တို့ကို စပွန်ဆာ ပေးနေပြီး မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ကို ၂ဝ၁၅ဘောလုံး ရာသီမှ စတင်၍ စပွန်ဆာပေးရန်အဖွဲ့ချုပ်နှင့် ဒီဇင် ဘာ ၅ရက်တွင် ဆွေးနွေးခဲ့ပြီး ၇၅ ရာခိုင်နှုန်းသေချာမှုရှိနေကာ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် မကြာမီကာလအတွင်း တရားဝင် သတင်းထုတ်ပြန်သွားမည် ဖြစ် သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူက'' လာမည့်ရာသီမှာ မြန်မာနေ ရှင်နယ်လိဂ်ကို စပွန်ဆာပေးဖို့အ မေရိကန်အခြေစိုက် IMG ကုမ္ပဏီ နဲ့ ဆွေးနွေးနေပါတယ်၊ ဒီကုမ္ပဏီ နဲ့ စပွန်ဆာ စာချုပ်ချုပ်ဖြစ်ရင် လူငယ်ကစားသမားတွေကို ဥရောပ မှာရှိတဲ့ အကယ်ဒမီတွေ အမေရိကန် မှာရှိတဲ့ အကယ်ဒမီတွေစေလွှတ် တာမျိုး၊ ကလပ်အသင်းတွေ မြန်မာ နိုင်ငံဖိတ်ခေါ်ပြီး ခြေစမ်းတာမျိုး တွေပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်'' ဟုဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို မူလကမြန်မာဘီယာမှ စပွန်ဆာပေးထားသော်လည်း ၂ဝ၁၄ ဘော လုံးရာသီ အပြီးတွင် စာချုပ်ထပ်မံ သက်တမ်းတိုးခြင်းမရှိသည့်အတွက် အမေရိကန်အခြေစိုက် IMG ကုမ္ပဏီနှင့်ဆွေးနွေးနေခြင်း ဖြစ် သည်။

IMG ကုမ္ပဏီသည် အားက စားနယ်ပယ်တွင် နာမည်ကျော် ကြားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အားကစားနှင့် ပတ်သက်သည့် အကြံဥာဏ်များပေးခြင်း၊ ပြိုင်ပွဲစီ မံခန့်ခွဲမှုများပြုလုပ်ခြင်း၊ ကလပ်အ သင်းများ လိုင်စင် ရရှိရေး အတွက် ဆောင်ရွက်ပေးခြင်း၊ စပွန်ဆာရရှိ ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ လက်မှတ် အစီ အစဉ်များ၊ ကွင်း ထိန်းသိမ်းဆောင်ရွက်မှုများအပြင် လိဂ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေး နိုင်သည့် အဖွဲ့အ စည်းတစ်ခုလည်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment