Tuesday 9 December 2014

သုံးရက်အတွင်း ပါဝါအိတ်ဇောတပ်ယာဉ် ခြောက်ဆယ်ခန့် ဖမ်းမိ

Photo: သုံးရက်အတွင်း ပါဝါအိတ်ဇောတပ်ယာဉ် ခြောက်ဆယ်ခန့် ဖမ်းမိ
Tuesday, December 9, 2014

သုံးရက်အတွင်း ပါဝါအိတ်ဇောတပ် ယာဉ်များနှင့်ပြိုင်ကားယာဉ် ၅၇ စီးကို ဖမ်းဆီးအရေးယူထားပြီး ထိုသို့ ဖမ်းဆီးခြင်းကို သတ်မှတ်ကာလ အကန့် အသတ်မရှိ ထိထိရောက်ရောက် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်သည့်  ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်အစည်းအဝေးခေတ္တ ရပ်နားချိန်၌ တိုင်းအစိုးရ အဖွဲ့ ၀င် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးတင်ဝင်းက မီဒီယာများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း စီမံချက်ဖြင့် ပါဝါအိတ်ဇောတပ်ဆင်ထားသည့် ပြိုင်ကား အပါအ၀င် အခြားကားများကို ညဘက်တွင် ဖမ်းဆီးအရေးယူလျက်ရှိပြီး ဖမ်းဆီးရမိသည့် ယာဉ်များကို တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်း သိမ်းဆည်းထားသည်။

သိမ်းဆည်းထားသည့် ယာဉ်များအား သက်ဆိုင်ရာယာဉ်မှုစစ်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများက တရားဝင်မှတ်ပုံတင်ထားသည့်ယာဉ် ဟုတ်၊ မဟုတ်၊ မူလ မှတ်ပုံတင်စဉ်က တပ်ဆင်ထားသည့် စက်ပစ္စည်းများ ဟုတ်၊ မ ဟုတ် စသည့် အချက်များအား ဒီဇင်ဘာ ၈ ရက်တွင် လိုက်လံစစ်ဆေးခဲ့သည်။

 ‘‘ပြည်သူလူထုအတွက်လည်း အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အရင်ကလည်း ဖမ်းဆီးအရေးယူမှုတွေရှိပါတယ်။ အခုလည်း ဒါတွေကို မဖြစ်မနေဆက် တိုက်ဖမ်းဆီးအရေးယူမှုတွေ လုပ်နေပါတယ်။ အချိန်ကာလ ကန့်သတ်ထားတာမရှိပါဘူး။ ဒါဘာကြောင့်လဲဆိုတော့ ပြည်သူတွေအတွက် လိုအပ်လို့ပါ’’ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။

ထို့သို့ ဖမ်းဆီးရာတွင် ဖမ်းဆီးခံရသူများက အသာတကြည် ပြောဆိုမှုမရှိဘဲ မချေမငံဆက်ဆံ ခြင်း၊ ရင့်သီးစွာပြောဆိုခြင်းများ၊ ရန်ရှာကြိမ်းမောင်းခံရခြင်းများ ကြုံတွေ့ရကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ပါဝါအိတ်ဇောတပ် ယာဉ်များကို ယခုလ ၆ ရက်ညမှ စတင် အရေးယူသိမ်းဆည်းလျက်ရှိကာ ယခုလ ၈ ရက်အထိ လွှတ်တော်ဝင်းအတွင်း သိမ်းဆည်းထားသည့် ယာဉ်များ၌ ပြိုင်ကားများ အခြားအမျိုးအစား အိမ်စီးကားများအပြင် အငှားယာဉ် အချို့ လည်း ပါဝင်သည်။

7Day DAILY 

ရဲတပ်ဖွဲ့ဝင်များက ကားများကို ရှောင်တခင်စစ်ဆေးစဉ် /ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရဲတပ်ဖွဲ့ဝင်များက ကားများကို ရှောင်တခင်စစ်ဆေးစဉ် /ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) 
သုံးရက်အတွင်း ပါဝါအိတ်ဇောတပ် ယာဉ်များနှင့်ပြိုင်ကားယာဉ် ၅၇ စီးကို ဖမ်းဆီးအရေးယူထားပြီး ထိုသို့ ဖမ်းဆီးခြင်းကို သတ်မှတ်ကာလ အကန့် အသတ်မရှိ ထိထိရောက်ရောက် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်သည့်  ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်အစည်းအဝေးခေတ္တ ရပ်နားချိန်၌ တိုင်းအစိုးရ အဖွဲ့ ၀င် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးတင်ဝင်းက မီဒီယာများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်းအတွင်း စီမံချက်ဖြင့် ပါဝါအိတ်ဇောတပ်ဆင် ထားသည့်ပြိုင်ကားအပါအ၀င် အခြားကားများကို ညဘက်တွင် ဖမ်းဆီးအရေးယူလျက်ရှိပြီး ဖမ်းဆီးရမိသည့် ယာဉ်များကို တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်း သိမ်းဆည်းထားသည်။

သိမ်းဆည်းထားသည့် ယာဉ်များအား သက်ဆိုင်ရာယာဉ်မှုစစ်များ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူများက တရားဝင်မှတ်ပုံတင်ထားသည့်ယာဉ်ဟုတ်၊ မဟုတ်၊ မူလမှတ်ပုံတင်စဉ်က တပ်ဆင်ထားသည့် စက်ပစ္စည်းများဟုတ်၊ မဟုတ်စသည့်အချက်များအား ဒီဇင်ဘာ ၈ ရက်တွင် လိုက်လံ စစ်ဆေးခဲ့သည်။

 ‘‘ပြည်သူလူထုအတွက်လည်း အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အရင်ကလည်း ဖမ်းဆီးအရေးယူမှုတွေ ရှိပါတယ်။ အခုလည်း ဒါတွေကို မဖြစ်မနေဆက် တိုက်ဖမ်းဆီးအရေးယူမှုတွေ လုပ်နေပါတယ်။ အချိန် ကာလ ကန့်သတ်ထားတာမရှိပါဘူး။ ဒါဘာကြောင့်လဲဆိုတော့ ပြည်သူတွေအတွက် လိုအပ်လို့ပါ’’ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။

ထို့သို့ ဖမ်းဆီးရာတွင် ဖမ်းဆီးခံရသူများက အသာတကြည်ပြောဆိုမှုမရှိဘဲ မချေမငံဆက်ဆံခြင်း၊ ရင့်သီးစွာ ပြောဆိုခြင်းများ၊ ရန်ရှာကြိမ်းမောင်းခံရခြင်းများ ကြုံတွေ့ရကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးက ပြော ကြားသည်။

ပါဝါအိတ်ဇောတပ် ယာဉ်များကို ယခုလ ၆ ရက်ညမှ စတင် အရေးယူသိမ်းဆည်းလျက်ရှိကာ ယခုလ ၈ ရက် အထိ လွှတ်တော်ဝင်းအတွင်း သိမ်းဆည်းထားသည့် ယာဉ်များ၌ ပြိုင်ကားများ အခြားအမျိုးအစား အိမ်စီးကားများအပြင် အငှားယာဉ် အချို့ လည်း ပါဝင်သည်။

7Day DAILY 

No comments:

Post a Comment