Wednesday 13 August 2014

မြစ်ဆုံလမ်းလျှောက်အဖွဲ့များသို့ လှူဒါန်းငွေများ အဖွဲ့ခေါင်းဆောင်ဖြစ်သူက လိမ်လည်ဟု တိုင်တန်း

Photo: မြစ်ဆုံလမ်းလျှောက်အဖွဲ့များသို့ လှူဒါန်းငွေများ အဖွဲ့ခေါင်းဆောင်ဖြစ်သူက လိမ်လည်ဟု တိုင်တန်း
Wednesday, August 13, 2014

ဧရာဝတီမြစ်ဆုံဒေသတွင် ရေကာတာ ဆောက်လုပ်မည့် စီမံကိန်းကို အပြီးအပိုင် ရပ်စဲရေးလမ်းလျှောက် ဆန္ဒပြပွဲတွင် အများပြည်သူများ လှူဒါန်းခဲ့သည့်ငွေများကို လမ်းလျှောက် အဖွဲ့ခေါင်းဆောင်က လိမ်လည်သွားသဖြင့် သြဂုတ် ၁၁ ရက်က တိုင်တန်းလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သည့် တရားလို ဒေါ်သက်သက်မာသည် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး ခရီးစဉ်တစ်လျှောက် ပြည်သူများ လှူဒါန်းခဲ့သည့် ငွေများကို ဦးမြင့်ဝင်းမောင်က သိမ်းဆည်းထားသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ယင်းသို့ သိမ်းဆည်းထားသည့် လှူဒါန်းငွေများထဲမှ ငွေကျပ် ၂၁၇ သိန်းကျော်ကို လမ်းလျှောက်အဖွဲ့ခေါင်းဆောင် ဦးရဲထွဋ်ခေါင်၊ ဘဏ္ဍာရေးမှူး ဒေါ်မေမျိုးစုနှင့် ဦးမြင့်ဝင်းမောင်တို့က ငွေစာရင်းများ မမှန်မကန် ဖော်ပြပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ အဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ဦးရဲထွဋ်ခေါင်နှင့် ဦးမြင့်ဝင်းမောင်တို့ကို မဇ္ဈိမက ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့သည်။

ဆန္ဒပြပွဲတွင် ပြည်သူများ၏လှူဒါန်းငွေများကို အလွဲသုံးစားပြုလုပ်ထားသည့် ဦးရဲထွဋ်ခေါင်ပါ သုံးဦးကို အရေးယူပေးပါရန် ဒေါ်သက်သက်မာ၏ တရားလိုပြုတိုင်တန်းချက်ကို ကျောက်တံတားမြို့မရဲစခန်းက (ပ)၃၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် သြဂုတ်လ ၁၁ ရက်က အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆထားသူများကို စုံစမ်းလျက် ရှိသည်။

Mizzima - News in Burmese
ဧရာဝတီမြစ်ဆုံဒေသတွင် ရေကာတာ ဆောက်လုပ်မည့် စီမံကိန်းကို အပြီးအပိုင် ရပ်စဲရေးလမ်းလျှောက် ဆန္ဒပြပွဲတွင် အများပြည်သူများ လှူဒါန်းခဲ့သည့်ငွေများကို လမ်းလျှောက် အဖွဲ့ခေါင်းဆောင်က လိမ်လည် သွား သဖြင့် သြဂုတ် ၁၁ ရက်က တိုင်တန်းလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်ထားသည်။
အင်းစိန်မြို့နယ်တွင် နေထိုင်သည့် တရားလို ဒေါ်သက်သက်မာသည် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ် ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး ခရီးစဉ်တစ်လျှောက် ပြည်သူများ လှူဒါန်းခဲ့ သည့် ငွေများကို ဦးမြင့်ဝင်းမောင်က သိမ်းဆည်းထားသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ယင်းသို့ သိမ်းဆည်းထားသည့် လှူဒါန်းငွေများထဲမှ ငွေကျပ် ၂၁၇ သိန်းကျော်ကို လမ်းလျှောက် အဖွဲ့ခေါင်းဆောင် ဦးရဲထွဋ်ခေါင်၊ ဘဏ္ဍာရေးမှူး ဒေါ်မေမျိုးစုနှင့် ဦးမြင့်ဝင်းမောင်တို့က ငွေစာရင်းများ မမှန်မကန် ဖော်ပြပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ထားသည်ဟု ရဲမှတ်တမ်း တွင် ဖော်ပြ ထားသည်။ အဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ဦးရဲထွဋ်ခေါင်နှင့် ဦးမြင့်ဝင်းမောင်တို့ကို မဇ္ဈိမက ဆက်သွယ် ရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့သည်။

ဆန္ဒပြပွဲတွင် ပြည်သူများ၏လှူဒါန်းငွေများကို အလွဲသုံးစားပြုလုပ်ထားသည့် ဦးရဲထွဋ်ခေါင်ပါ သုံးဦးကို အရေးယူပေးပါရန် ဒေါ်သက်သက်မာ၏ တရားလိုပြုတိုင်တန်းချက်ကို ကျောက်တံတားမြို့မရဲစခန်းက (ပ)၃၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် သြဂုတ်လ ၁၁ ရက်က အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆထား သူများကို စုံစမ်းလျက် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment