Wednesday 13 August 2014

မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာကို ကြားဖြတ်ရွေးကောက်ပွဲတွင် စမ်းသပ်အသုံးပြုမည်

နိုင်ငံရေးပါတီများက ပြင်ဆင်ချက်များ ထည့်သွင်းပေးရန် တောင်းဆိုလျက်ရှိသော မဲဆွယ်စည်းရုံးရေး ညွှန် ကြားလွှာကို ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အတွက်သာ စမ်းသပ်အသုံးပြုမည် ဖြစ်ကြောင်း ပြည်ေ ထာင် စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
အဆိုပါ မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာ (၁/၂၀၁၄) ကို ပြန်လည် ပြင်ဆင်ပေးရန် နိုင်ငံရေး ပါတီများ က တောင်းဆိုနေခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အခုထုတ်ထားတဲ့ ညွှန်ကြားလွှာမှာ ဖြေလျှော့ထားတာတွေ ပါပါတယ်။ အဲဒါကို ကြားဖြ တ်ရွေး ကောက်ပွဲမှာ အဆင်ပြေမပြေ စမ်းသပ် သုံးကြည့်မှာပါ၊ ပြီးမှ ဘာတွေ လိုအပ်ချက်ရှိလည်း ပါတီတွေ က တင်ပြကြပေါ့၊ အခုက အဲဒီအတိုင်း လုပ်မကြည့်သေးဘူး အဆင်မပြေပါဘူး ဆိုတာပဲ ပြောနေကြတယ်” ဟု ၎င်းကဆိုသည်။.

အဆိုပါ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်များအတိုင်း ကြားဖြတ် ရွေးကောက်ပွဲတွင် အသုံးပြုပြီးနောက် ထပ် မံဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက်များ ထည့်သွင်းမည် ဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက် ပွဲ ကော် မရှင်ထံမှ သိရသည်။

နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို ထည့်သွင်းခြင်း မရှိဘဲ ထုတ်ပြန်ထားသော မဲဆွယ်စည်းရုံးရေး ညွှန်ကြား လွှာတွင် ကန့်သတ်ချက်များစွာ ရှိနေပြီး ထုတ်ပြန်ပြီးသော ညွှန်ကြားလွှာများ အတိုင်း သာ ဖြစ်ကြောင်း ဖက်ဒရယ် မဟာမိတ်ပါတီ FUP ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောသည်။

“ကိုယ်စားလှယ်ကြေး ငါးသိန်းကနေ သုံးသိန်း လျှော့ပေးတာတစ်ခုပဲ ပြင်ပေးတာ။ အရင်ရွေးကောက် ပွဲတွေ မှာ ထုတ်ပြန်တဲ့ ညွှန်ကြားလွှာတွေ အတိုင်းပဲ မထူးပါဘူး” ဟု ၎င်းကဆိုသည်။ မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာပါ အချက်လေးချက်ကို ပြင်ဆင်ရန် သြဂုတ်လ ၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) နှင့် တိုင်းရင်းသား ပါတီများအကြား ဘုံသဘော တူညီမှုကို ရယူထားပြီး ပြည်ထော င်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံညှိနှိုင်းသော်လည်း တင်ပြချက်များကို ပြင်ဆင်ပေးခြင်း မရှိပေ။

လစ်လပ် မဲဆန္ဒနယ် ၃၁ နေရာအတွက် ယခုနှစ် ဒီဇင်ဘာ ပထမပတ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်း ပ မည်ဖြစ်ပြီး ပြင်ဆင်ပြီး ရွေးကောက်ပွဲ နည်းဥပဒေများနှင့် မဲဆွယ်စည်းရုံးရေး ညွှန်ကြားလွှာ (၁/၂၀၁၄) ကို ဇူလိုင်လအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ထုတ်ပြန်ထား သည်။

The Voice Weekly

No comments:

Post a Comment