Wednesday 13 August 2014

အဆင့်မြင့်ကြက်ခြံများ ဆောက်လုပ်ရန် မွေးရေကျေးလက် ၀န်ကြီးဌာန ကျပ်သိန်း ၅၀၀၀ ထုတ်ချေးမည်

ရန်ကုန်တိုင်းအတွင်း ရောဂါကင်းရှင်းသည့် အဆင့်မြင့် ကြက်ခြံ ၂၆ ခြံကို အကောင်အ ထည်ဖော်နိုင် ရန်   မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကျပ်ငွေ သိန်း ၅၀၀၀ ထုတ်ချေး သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းမွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ သ တင်းရရှိသည်။
အဆိုပါ လုပ်ငန်းအကောင် အထည်ဖော်နိုင်ရန် လုပ်ငန်းရှင်များ အား ငွေထုတ်ချေးသွား မည်ဖြစ်ပြီး ချေးငွေ အတွက် အတိုးနှုန်းကို   စိုက်ပျိုးစရိတ်ချေးငွေများ၏ အတိုးနှုန်းအတိုင်း ထုတ်ချေးသွား မည်ဖြစ်သည်။

‘‘ခေတ်မီကြက်ခြံနဲ့ မြန်မာ နိုင်ငံမှာ အကြီးဆုံးကြက်သတ် စက်ကို တည်ဆောက်သွားမှာပါ။ အအေးခန်း နဲ့ မွေး ရတဲ့အတွက် ရောဂါဖြစ်မှာကို မစိုးရိမ်ရတော့ ဘူး။ ကြက်သားတွေကို ရောင်းမ ကုန် လို့ ဈေးလျှော့ရောင်း ရတာ တို့၊ ကြာရှည်မခံလို့ မြန်မြန်ရောင်း လိုက်ရတာတွေ ရှိတော့မှာမဟုတ် ဘူး။ ပြည် သူတွေအနေနဲ့ ပုံမှန် ကြည်သားဈေးအတိုင်း ၀ယ်ယူ စားသုံးနိုင်မှာဖြစ်တယ်’’ ဟု ရန် ကုန်တိုင်းမွေးမြူေ ရးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက် တာမြင့်ဆွေက ပြောသည်။

အဆိုပါ ကြက်ခြံဖြင့် မွေးမြူ ပါက ရက်ပေါင်း ၃၈ ရက်အတွင်း ၌ပင် ဈေးကွက်တွင် ရောင်းချ နိုင်မည်ဖြစ်ပြီး လက်ရှိမွေးမြူရေး ကြက်များမှာ ရက်ပေါင်း ၄၅ ရက် အထိ မွေးမြူရကာ ဈေးကွက် တွင်း ရောက်ရှိလာ ပါကလည်း ရောဂါဖြစ်ပွားမှုများပင် ရှိနေ သည်ဟု ၎င်းက ရှင်းပြသည်။

‘‘အအေးခန်းနဲ့ ကြက်မွေးဖို့ အတွက် မီးရမှ အဆင်ပြေမှာ။ အ ခုလိုမီးက ခဏခဏပြတ်နေရင် မွေးသမျှ အကုန်အရှုံးပေါ်မှာ သေ ချာတယ်။ မီးကို လုံလုံလောက် လောက် ပေးဖို့က အရေးကြီးပါ တယ်။ ထိုင်းမှာတောင် ဒါ့ထက် ကြီးတဲ့ ကြက်ခြံတွေ၊ ကြက်သတ် စက်တွေ ရှိပါတယ်။ သူတို့ဆီမှာ လျှပ်စစ်မီးအတွက် မပူရဘူး’’ ဟု လှည်းကူးမြို့နယ်နေ  ကြက်ခြံပိုင် ရှင် ဦးဝင်းအောင်က ပြောသည်။

7Day DAILY

No comments:

Post a Comment