Wednesday 13 August 2014

တရုတ်သို့ ဆန်တရားဝင်ပို့နိုင်ရေးနှင့် ပို့ကုန် ဝေစုရရှိရေး မြန်မာ-တရုတ်နိုင်ငံ အကြား အကြိုညှိနှိုင်း

Photo: တရုတ်သို့ ဆန်တရားဝင်ပို့နိုင်ရေးနှင့် ပို့ကုန် ဝေစုရရှိရေး မြန်မာ-တရုတ်နိုင်ငံ အကြား အကြိုညှိနှိုင်း
Wednesday, August 13, 2014

မြန်မာနိုင်ငံမှ တရုတ်သို့ စိုက်ပျိုးရေးထွက်ကုန်များ တရားဝင်ကုန်သွယ်မှု ဆောင်ရွက်နိုင်ရေးနှင့် ဝေစုစနစ် (Quota System) ပို့ကုန်ရရှိရေးအတွက် နှစ်နိုင်ငံအကြား မူဝါဒတစ်ရပ်ကို သြဂုတ်လ ၁၂ ရက်က ညှိနှိုင်းနိုင်ပြီဖြစ်သည်ဟု ဆန်စပါးလုပ်ငန်းအသင်းချုပ် တာဝန်ရှိသူများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက မီဒီယာများကို ပြောသည်။

တရုတ်နိုင်ငံသို့ စိုက်ပျိုးထွက်ကုန် တရားဝင်တင်ပို့နိုင်ရန် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များသည် အရည်အသွေးနှင့် ပိုးမွှားကင်းစင်ရေး စစ်ဆေးချက်ဆိုင်ရာ သဘောတူညီချက် AQSIQ (Administration of Quality Supervision, Inspection and Quarantine)ကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန် လိုအပ်နေသဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် တရုတ်သံအမတ်တို့အကြား ညှိနှိုင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က “တရုတ်ကို ဆန်တရားဝင် ပို့ ရဖို့အတွက် AQSIQ လက်မှတ်ထိုးဖို့လိုတယ်။ အဲဒါကို လုပ်နိုင်ဖို့ အခု (သြဂုတ် ၁၂)စီးကူး/၀န်ကြီး နဲ့ တရုတ်သံအမတ်က တွေ့ဆုံပြီးညှိနှိုင်းခဲ့တယ်။ အပြန်အလှန်တောင်းဆိုတာတွေ လုပ်တယ်။ ပထမတော့ AQSIQ ကို လုပ်သွားမယ်။ ပြီးရင် Quota ရဖို့ ဆက်ပြီး ညှိနှိုင်းမှာဖြစ်ပါတယ် ”ဟု ပြောသည်။

ထိုသို့ AQSIQ  လက်မှတ်ရေးထိုးနိုင်ရေးအတွက် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများကို ယခု ၂၀၁၄ စက်တင်ဘာလနောက်ဆုံးထားကာ မြန်မာနိုင်ငံသို့ လာရောက် စစ်ဆေးနိုင်ရေးအတွက် စီးကူး/၀န်ကြီးဌာနက ဖိတ်ကြားသွားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ကုန်သွယ်မှုမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က “AQSIQ ကို အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ကော်မတီတစ်ရပ်ဖွဲ့ပြီး ဆောင်ရွက်သွားဖို့ လုပ်သွားပါမယ်။ ပြီးတော့ Quota ကိုလည်း ပထမ Quota ကို ရအောင်လုပ်မယ်။၊ ပြီးရင် Quota ကို အခွန်ကင်းလွတ်ခွင့်ရအောင်ညှိသွားမှာတွေလည်း ဒီနေ့ညှိတဲ့ အထဲမှာပါ ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တရုတ်နယ်စပ်၌ ရောက်ရှိနေသော်လည်း ရောင်းချရန်အခက်အခဲ ဖြစ်နေသော ဆန်တန်ချိန် ငါးသောင်းရှိနေသည့်အတွက် ယင်းကိစ္စရပ်များကိုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် တရုတ်ကုန်သည်များအကြား ညှိနှိုင်းမှုများကို လုပ်သွားရမည်ဟု ၎င်းက ပြောသည်။

အဆိုပါAQSIQ ဆောင်ရွက်မှုတွင် မြန်မာနိုင်ငံမှ အဓိကထားတင်ပို့နေသည့် ဆန်နှင့် ပြောင်းအပါအ၀င် အခြားသော စိုက်ပျိုးရေးထွက် ကုန်များပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။

Mizzima - News in Burmese 

မူဆယ်နယ်စပ်တွင် တရုတ်သို့တင်ပို့ရန် ရောက်ရှိနေသော မြန်မာ ဆန်ကုန်သည် များ၏ ဆန်တန်ချိန်ငါးသောင်း အရေးကိုလည်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
မူဆယ်နယ်စပ်တွင် တရုတ်သို့တင်ပို့ရန် ရောက်ရှိနေသော မြန်မာ ဆန်ကုန်သည် များ၏ ဆန်တန်ချိန် ငါးသောင်း အရေးကိုလည်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
မြန်မာနိုင်ငံမှ တရုတ်သို့ စိုက်ပျိုးရေးထွက်ကုန်များ တရားဝင်ကုန်သွယ်မှု ဆောင်ရွက်နိုင်ရေးနှင့် ဝေစုစနစ် (Quota System) ပို့ကုန်ရရှိရေးအတွက် နှစ်နိုင်ငံအကြား မူဝါဒတစ်ရပ်ကို သြဂုတ်လ ၁၂ ရက်က ညှိနှိုင်းနို င်ပြီဖြစ် သည်ဟု ဆန်စပါးလုပ်ငန်းအသင်းချုပ် တာဝန်ရှိသူများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများက မီဒီယာများကို ပြောသည်။
တရုတ်နိုင်ငံသို့ စိုက်ပျိုးထွက်ကုန် တရားဝင်တင်ပို့နိုင်ရန် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များသည် အရည် အသွေးနှင့် ပိုးမွှားကင်းစင်ရေး စစ်ဆေးချက်ဆိုင်ရာ သဘောတူညီချက် AQSIQ (Administration of Quality Supervision, Inspection and Quarantine)ကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန် လိုအပ်နေသဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် တရုတ်သံ အမတ်တို့ အကြား ညှိနှိုင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က “တရုတ်ကို ဆန်တရားဝင် ပို့ ရဖို့အတွက် AQSIQ လက်မှတ်ထိုးဖို့လိုတယ်။ အဲဒါကို လုပ်နိုင်ဖို့ အခု (သြဂုတ် ၁၂)စီးကူး/၀န်ကြီး နဲ့ တရုတ်သံအမတ်က တွေ့ဆုံပြီးညှိနှိုင်းခဲ့တယ်။ အပြန်အလှန်တောင်းဆိုတာတွေ လုပ်တယ်။ ပထမတော့ AQSIQ ကို လုပ်သွားမယ်။ ပြီးရင် Quota ရဖို့ ဆက်ပြီး ညှိနှိုင်းမှာဖြစ်ပါတယ် ”ဟု ပြောသည်။

ထိုသို့ AQSIQ လက်မှတ်ရေးထိုးနိုင်ရေးအတွက် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများကို ယခု ၂၀၁၄ စက်တင်ဘာလနောက်ဆုံးထားကာ မြန်မာနိုင်ငံသို့ လာရောက် စစ်ဆေးနိုင်ရေးအတွက် စီးကူး/၀န်ကြီးဌာနက ဖိတ်ကြားသွားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ကုန်သွယ်မှုမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က “AQSIQ ကို အမြန်ဆုံးဆောင် ရွက်နိုင်ဖို့ ကော်မတီတစ်ရပ်ဖွဲ့ပြီး ဆောင်ရွက်သွားဖို့ လုပ်သွားပါမယ်။ ပြီးတော့ Quota ကိုလည်း ပထမ Quota ကို ရအောင်လုပ်မယ်။၊ ပြီးရင် Quota ကို အခွန်ကင်းလွတ်ခွင့်ရအောင်ညှိသွားမှာတွေလည်း ဒီနေ့ညှိတဲ့ အထဲမှာပါ ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တရုတ်နယ်စပ်၌ ရောက်ရှိနေသော်လည်း ရောင်းချရန်အခက်အခဲ ဖြစ်နေသော ဆန်တန်ချိန် ငါးသောင်းရှိနေသည့်အတွက် ယင်းကိစ္စရပ်များကိုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် တရုတ်ကုန် သည် များအကြား ညှိနှိုင်းမှုများကို လုပ်သွားရမည်ဟု ၎င်းက ပြောသည်။

အဆိုပါAQSIQ ဆောင်ရွက်မှုတွင် မြန်မာနိုင်ငံမှ အဓိကထားတင်ပို့နေသည့် ဆန်နှင့် ပြောင်းအပါအ၀င် အခြားသော စိုက်ပျိုးရေးထွက် ကုန်များပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment