Wednesday 13 August 2014

မန္တလေးနှင့် ရန်ကုန်တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ တစ်ကြိမ်စီပြုလုပ်မည့် လင်းလင်း

linlin
တေးရေးတေးဆို လင်းလင်းက ရန်ကုန်နှင့် မန္တလေးမြို့များတွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ တစ်ကြိမ်စီ ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု မဇ္ဈိမကို ပြောသည်။ရန်ကုန်မြို့တွင် လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောက်တိုဘာ (သို့) ဒီဇင်ဘာလတွင် ကျင်းပနိုင်ရန် စီစဉ်ထားပြီး မန္တလေးမြို့တွင်မူ ပါမစ်ရရှိမှု အခြေအနေပေါ်မူတည်ပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပသွားမည်ဟု လင်းလင်းကဆိုသည်။
အဆိုတော်များစုပေါင်းပြီး ဖျော်ဖြေပွဲများပြုလုပ်ရခြင်းကို မနှစ်သက်ပဲ တစ်ကိုယ်တော်သီးသန့်ဖျော်ဖြေမှုမျိုးကို ပိုမိုစိတ်ဝင်စားကာ ဖျော်ဖြေချင် သည်ဟု လင်းလင်းကဆိုသည်။ "တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စုပေါင်းပြီး ဖျော်ဖြေရထက် ဖျော်ဖြေပွဲထက်ပိုကြိုက်တယ်။ အဲဒီလိုဖျော်ဖြေပွဲတွေ မှာ သီချင်းဆိုရတာ သီချင်းဆိုရတယ်လို့ ကိုမထင်တာ၊ ကိုယ်သီချင်းတွေကို ဆက်တိုက် အပုဒ်ရေ ၃ဝ၊ ၄ဝ လောက်ဆက်တိုက်ဆိုပြီး ပရိသတ် ကိုဖျော် ဖြေချင်တာ။" ဟု ၎င်းကပြောသည်။
လင်းလင်းသည် တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် ဧည့်သည်အဆိုတော်များ မပါဝင်ဘဲ သီးသန့် တစ်ကိုယ် တော်ဖျော်ဖြေသွားမည်ဖြစ်ကာ ၎င်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို Myanmar Event Park သို့မဟုတ် အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေသွားမှာဖြစ်ပြီး လက်မှတ်ခများကိုမူ မသတ်မှတ်ရသေးကြောင်း လင်းလင်းကဆိုသည်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခြင်းသည်အဆိုတော်များ၏ ပရိသတ်အစစ်အမှန်ကို ရရှိနိုင်သည်ဟု လင်းလင်းကဆိုခဲ့ပြီး  တစ်ကိုယ်တော် သီးသန့် ဖျော်ဖြေပွဲများကိုလည်း တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်၊ နှစ်ကြိမ်ခန့် ကျင်းပသင့်သည်ဟုလင်းလင်းကပြောသည်။

လင်းလင်းသည်သူ၏ စတုတ္တမြောက်တစ်ကိုယ်တော်ခွေထွက်ရှိနိုင်ရန်အတွက်ပြင်ဆင်လျက်ရှိပြီး ၎င်းနောက်ဆုံး ထွက်ရှိထားသည့် သံမဏိလိပ်ပြာ တေးစီးရီး အမ်တီဗီကိုရိုက်ကူးလျက်ရှိရာရိုက်ကူးမှုသည် ငါးဆယ်ရာ ခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်သည်ဟုပြောသည်။
မဇ္ဈိမ


No comments:

Post a Comment