Wednesday 13 August 2014

လူမှုမီဒီယာတွင် တင်ရန် ဓါတ်ပုံ ရိုက်သည် စုံတွဲ ချောက်ကမ်းပါး အောက် သို့ ပြုတ်ကျ


ပေါ်တူဂီနိုင်ငံ အနောက်ပိုင်း ကာဘိုဒါရာကာ တောင်ထိပ်တွင် လူမှုမီဒီယာတွင် တင်ရန်အတွက် Selfie ရိုက်နေသည့် ပိုလန်နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦး သည် ပေရာပေါင်းများစွာ မြင့်သော ချောက်ကမ်းပါးအောက် သို့  ပြုတ်ကျ သွားခဲ့ပြီးနောက် ပျောက်ဆုံး လျှက်ရှိသည်။


ထိုသို့ ကျသွားသည်ကို ၎င်းတို့၏ ငါးနှစ်နှင့် ခြောက်နှစ်အရွယ် ကလေးနှစ်ဦးက မြင်တွေ့ ခဲ့ရသောကြောင့် ကလေးများအား စိတ်ပိုင်း ဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ လုပ်ထားရသည်။ ၎င်းတို့ လင်မယားနှစ်ဦး သည် ချောက်ကမ်းပါးတွင် ကာရံထားသည့် အတားအဆီးကို ကျော်ပြီး ဓာတ်ပုံ ရိုက်ခဲ့သောကြောင့် ခြေချော် ကာ ပြုတ်ကျ သွားခဲ့ရခြင်းဖြစ်သော်လည်း ရဲများက အဆိုပါဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

၎င်းတို့ပြုတ်ကျသွားကြောင်းကို အနားတွင်ရှိနေသည့် စပိန်စုံတွဲတစ်တွဲက အရေးပေါ်ဌာနသို့ အကြောင်း ကြား အပြီး ရှာဖွေမှုများကို လုပ်ဆောင်နေသော် လည်း ရေစီးကြမ်းလာသောကြောင့် ရပ်ဆိုင်းထားရသည်။ လူမှုမီဒီယာများတွင် ကိုယ်တိုင်ရိုက်ဓာတ်ပုံများတင်ရန် မကြာသေးမီကာလအတွင်း သေဆုံးမှုများ မကြာ ခဏဖြစ်ပေါ်ခဲ့သည်။

အသက် ၁၇ နှစ်ရွယ် ရုရှအမျိုးသမီးတစ်ဦးသည် ပေ ၃၀ အမြင့်ရှိ ရထားလမ်းတစ်ခုပေါ်တွင် Selfie ရိုက်ရန် ကြိုးပမ်းရာမှ ချော်ကျသွားပြီး ဗို့အား ၁၅၀၀ လွှတ်ထားသည့် ဓာတ်ကြိုးတစ်ခုကို ဆွဲမိရာမှ သေဆုံး သွားခဲ့ သည်။

အသက် ၁၆ နှစ်အရွယ် အီတလီကျောင်းသူတစ်ဦးသည် နိုင်ငံအရှေ့တောင်ပိုင်း တိုရန်တိုမြို့ရှိ ပင်လယ် ကမ်းနဖူးတစ်ခုတွင် ဓာတ်ပုံရိုက်နေစဉ် ပေ ၆၀ အမြင့်မှ ကျောက်စွန်းတစ်ခုသို့ ပြုတ်ကျကာ ဒဏ်ရာပြင်းထန် စွာရပြီးနောက် သေဆုံးသွားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment