Wednesday 13 August 2014

ကရင်နီပြည်နယ်တ၀ှမ်း လူထုဆွေးနွေးမှုရလဒ် အစိုးရကို တောင်းဆိုမည်

Photo: ကရင်နီပြည်နယ်တ၀ှမ်း လူထုဆွေးနွေးမှုရလဒ် အစိုးရကို တောင်းဆိုမည်
Wednesday, August 13, 2014

ကရင်နီပြည်နယ်တစ်ဝှမ်း ကျေးရွာပေါင်းစုံ လူထုစည်းဝေးပွဲ တခုကို ကရင်နီ အမျိုးသမီး အစည်းအရုံး (KNWO)မှ ဦးစီး၍ လွိုင်ကော်မြို့ရှိ မော့ဒူဒီးဘိုး ခန်းမမှာ သြဂုတ်လ ၈ ရက်နေ့က ၁၂ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားခဲ့ပြီး လူထုဆွေးနွေးမှုရလဒ် အစိုးရကို တောင်းဆိုဖို့ ရှိနေပါတယ်။
ကေအန်ဒဗလျူအို လှုပ်ရှားမှု အစီရင်ခံစာ (၂၀၀၉ - ၂၀၁၃)

ကေအန်ဒဗလျူအို လှုပ်ရှားမှု အစီရင်ခံစာ (၂၀၀၉ – ၂၀၁၃)
လူထုအစည်းအဝေးသို့ လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်မြို့နယ်၊ မယ်စဲမြို့နယ်နဲ့ ရှားတောမြို့နယ်ရှိ ကျေးရွာပေါင်း ၉၀ မှ ပြည်သူလူထု စုစုပေါင်း ၄၈၈ ဦး တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

လူထုအစည်းအဝေးအတွင်း ကရင်နီလူထုအတွက် အရေးပါတဲ့ ကျေးလက်နေ ပြည်သူလူထုများအပေါ် သက်ရောက်မှုရှိသော မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲနိုင်ရန် လူမှုအဖွဲ့ အစည်းများရဲ့ စည်းရုံးလှုံ့ဆော်မှု အခန်းကဏ္ဍ၊ Genderနဲ့ အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အမျိုးသမီးများရဲ့ ပါဝင်မှု အခန်းကဏ္ဍ၊ ရေ၊ မီး၊ လမ်း၊ တံတား အခြေခံအဆောက်အအုံများနဲ့ဆိုင်သော အကြောင်းအရာများ၊ ကျေးရွာရှိ လူထုများရဲ့ ပညာရေး၊ ကလေးသူငယ်များအတွက် ပညာရေးရဲ့ အရေးပါပုံနဲ့ မိဘများနဲ့ လူမှုအသိုင်းအ၀ိုင်းများရဲ့ အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အခြေခံလိုအပ်ချက်ဖြစ်သော အဆောက်အအုံများ၊ စစ်မှန်သော ငြိမ်းချမ်းရေး၊ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ လူမှုအသင်းအဖွဲ့များရဲ့ ကဏ္ဍ၊ ကျန်းမာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုများ၊ တိုင်းရင်းသားလူမျိုးစုတို့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်းများ၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးနဲ့ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ရေး၊ ကရင်နီပြည်နယ် ဆင်းရဲမွဲတေမှု လျော့ကျရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများစတဲ့ တောင်းဆိုချက်များတွေကို ကရင်နီ အမျိုးသမီး အစည်းအရုံး (ကေအန်ဒဗလျူအို) မှ တာဝန်ယူ ဦးဆောင်ပြီး အစိုးရ၊ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ အန်ဂျီအို၊ စီဘီအို၊ အိုင်အယ်လ်ဂျီအို၊ ယူအန် အဖွဲ့အစည်းများ၊ အပစ်ရပ်လက်နက်ကိုင်အဖွဲ့များနဲ့ နိုင်ငံရေးပါတီများထံသို့ ပေးပို့သွားမယ်လို့ ကေအန်အိုဒဗလျူက ဆိုပါတယ်။

DVB TV News

ကေအန်ဒဗလျူအို လှုပ်ရှားမှု အစီရင်ခံစာ (၂၀၀၉ – ၂၀၁၃)
ကရင်နီပြည်နယ်တစ်ဝှမ်း ကျေးရွာပေါင်းစုံ လူထုစည်းဝေးပွဲ တခုကို ကရင်နီ အမျိုးသမီး အစည်းအရုံး (KNWO)မှ ဦးစီး၍ လွိုင်ကော်မြို့ရှိ မော့ဒူဒီးဘိုး ခန်းမမှာ သြဂုတ်လ ၈ ရက်နေ့က ၁၂ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားခဲ့ပြီး လူထုဆွေးနွေးမှုရလဒ် အစိုးရကို တောင်းဆိုဖို့ ရှိနေပါတယ်။
လူထုအစည်းအဝေးသို့ လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်မြို့နယ်၊ မယ်စဲမြို့နယ်နဲ့ ရှားတောမြို့နယ်ရှိ ကျေးရွာပေါင်း ၉၀ မှ ပြည်သူလူထု စုစုပေါင်း ၄၈၈ ဦး တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

လူထုအစည်းအဝေးအတွင်း ကရင်နီလူထုအတွက် အရေးပါတဲ့ ကျေးလက်နေ ပြည်သူလူထုများအပေါ် သက်ရောက်မှုရှိသော မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲနိုင်ရန် လူမှုအဖွဲ့ အစည်းများရဲ့ စည်းရုံးလှုံ့ဆော်မှု အခန်းကဏ္ဍ၊ Genderနဲ့ အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အမျိုးသမီးများရဲ့ ပါဝင်မှု အခန်းကဏ္ဍ၊ ရေ၊ မီး၊ လမ်း၊ တံတား အခြေခံအဆောက်အအုံ များနဲ့ဆိုင်သော အကြောင်းအရာများ၊ ကျေးရွာရှိ လူထုများရဲ့ ပညာရေး၊ ကလေးသူငယ်များအတွက် ပညာရေးရဲ့ အရေးပါပုံနဲ့ မိဘများနဲ့ လူမှုအသိုင်းအ၀ိုင်းများရဲ့ အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အခြေခံလိုအပ်ချက်ဖြစ်သော အဆောက်အအုံများ၊ စစ်မှန်သော ငြိမ်းချမ်းရေး၊ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ လူမှုအသင်းအဖွဲ့များရဲ့ ကဏ္ဍ၊ ကျန်းမာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုများ၊ တိုင်းရင်းသားလူမျိုးစုတို့ ယဉ်ကျေး မှု နဲ့ ရိုးရာ ဓလေ့ ထုံးတမ်းများ၊ တိုင်းရင်းသားများရဲ့ အခွင့်အရေးနဲ့ ဓလေ့ထုံးတမ်းများကို ထိန်း သိမ်းမြှင့်တင်ရေး၊ ကရင်နီပြည်နယ် ဆင်းရဲမွဲတေမှု လျော့ကျရေးနဲ့ အလုပ်အကိုင်အခွင့် အလမ်းများ စတဲ့ တောင်းဆိုချက်များတွေကို ကရင်နီ အမျိုးသမီး အစည်းအရုံး (ကေအန်ဒဗလျူအို) မှ တာဝန်ယူ ဦးဆောင်ပြီး အစိုးရ၊ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ အန်ဂျီအို၊ စီဘီအို၊ အိုင်အယ်လ်ဂျီအို၊ ယူအန် အဖွဲ့အစည်းများ၊ အပစ်ရပ်လက်နက်ကိုင်အဖွဲ့များနဲ့ နိုင်ငံရေးပါတီ များထံသို့ ပေးပို့သွားမယ် လို့ ကေအန်အိုဒဗလျူက ဆိုပါတယ်။

DVB TV News

No comments:

Post a Comment