Wednesday 13 August 2014

၂ဝ၅ဝ တွင် ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံသည့် အာဖရိက နွယ်ဖွားများ ဖြစ်လာမည်

Photo: ၂ဝ၅ဝ တွင် ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံသည့် အာဖရိက နွယ်ဖွားများ ဖြစ်လာမည်
Wednesday, August 13, 2014

အာဖရိက တိုက်၌ မွေးဖွားမှု နှုန်းများ မြင့်တက်လာ သောကြောင့် လာမည့် ၃၅ နှစ် အတွင်း ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံသည့် အာဖရိက နွယ်ဖွားများ ဖြစ်လာမည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောကြား ခဲ့သည်ဟု သြဂုတ်လ ၁၃ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

ကိုယ်ဝန်ဆောင် မိခင်များ၏ မွေးဖွားမှုနှုန်း နှစ်ဆ မြင့်တက်လာ ခြင်းကြောင့် ၂ဝ၅ဝ ပြည့်နှစ်တွင် ကလေးငယ်ပေါင်း နှစ်ဘီလီယံခန့် တိုးပွား လာလိမ့်မည်ဟု ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောကြားသည်။

"လက်ရှိ အနေအထားတွေ အရ လာမယ့် ၃၅ နှစ် အတွင်း လူ ၁ဝဝ မှာ ၂၅ ယောက်က အာဖရိက နွယ်ဖွားတွေ ဖြစ်နေ လိမ့်မယ်"ဟု ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ တွင် ထုတ်ပြန်ခဲ့သော မှတ်တမ်း များတွင် ဖော်ပြ ထားသည်။ ကမ္ဘာပေါ်ရှိ အသက် ငါးနှစ်အောက် ကလေးများ၏ ၄ဝ ရာခိုင်နှုန်း သည်လည်း အာဖရိက တိုက်မှပင် ဖြစ်လာ လိမ့်မည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြ ထားသည်။

အာဖရိက တိုက်တွင် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သည့် နိုင်ဂျီးရီးယား နိုင်ငံသည် ၂ဝ၅ဝ ပြည့်နှစ် ကမ္ဘာလုံး ဆိုင်ရာ မွေးဖွားမှု နှုန်းထား၏ ၁ဝ ရာခိုင်နှုန်း ရှိမည် ဖြစ်သည်။ ထို့ပြင် လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိ အာဖရိက တိုက်ရှိ လူဦးရေ သည်လည်း ၂ဝ၁၅ ခုနှစ်တွင် နှစ်ဆ တိုးလာမည် ဖြစ်ပြီး ၂၁ဝဝ ပြည့်နှစ်တွင် လူဦးရေ ၄ ဒသမ ၁ ဘီလီယံသို့ ရောက်ရှိ လာမည် ဖြစ်သည်။

မွေးဖွားမှုနှုန်း တိုးမြင့် လာခြင်းကြောင့် လူဦးရေ သိပ်သည်းမှု သည်လည်း မြင့်တက် လာကာ နိုင်ငံတွင်း နေထိုင် နိုင်သည့် နေရာ များလည်း လျော့နည်း လာလိမ့်မည် ဖြစ်ပြီး ၂ဝ၅ဝ ပြည်နှစ်တွင် တစ် စတုရန်း ကီလိုမီတာတွင် လူ ၈ဝ ခန့် နေထိုင် ရမည် ဖြစ်သည်။ ယင်းပမာဏသည် လက်ရှိ အာရှ တိုက်ရှိ ပမာဏ များထက် များစွာ လျော့နည်းလျက် ရှိနေ သေးသည်။

၂ဝ၃ဝ ပြည့်နှစ် နှောင်းပိုင်းတွင် အာဖရိက တိုက်ရှိ လူများသည် မြို့ကြီး များတွင် နေထိုင် လိမ့်မည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြ ထားသည်။

သို့သော်လည်း ကမ္ဘာ့ကလေးများ သေဆုံးမှုတွင် တစ်ဝက်ကျော် ပါဝင်သည့် အာဖရိကရှိ ကလေးများသည် အသက်ရှင်ရေး အတွက် များစွာ ရုန်းကန် ရမည် ဖြစ်သည်။ ကလေး ၁၁ ဦး သေဆုံးမှုတွင် အသက်ငါးနှစ် မပြည့်သေးသော ကလေး တစ်ဦး အမြဲတမ်း ပါဝင်သည်။
 မဇ္ဈိမ
အာဖရိက တိုက်၌ မွေးဖွားမှု နှုန်းများ မြင့်တက်လာ သောကြောင့် လာမည့် ၃၅ နှစ် အတွင်း ကမ္ဘာ့ လူဦးရေ၏ လေးပုံ တစ်ပုံသည့် အာဖရိက နွယ်ဖွားများ ဖြစ်လာမည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောကြား ခဲ့သည်ဟု သြဂုတ်လ ၁၃ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ကိုယ်ဝန်ဆောင် မိခင်များ၏ မွေးဖွားမှုနှုန်း နှစ်ဆ မြင့်တက်လာ ခြင်းကြောင့် ၂ဝ၅ဝ ပြည့်နှစ်တွင် ကလေးငယ်ပေါင်း နှစ်ဘီလီယံခန့် တိုးပွား လာလိမ့်မည်ဟု ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ပြောကြားသည်။
"လက်ရှိ အနေအထားတွေ အရ လာမယ့် ၃၅ နှစ် အတွင်း လူ ၁ဝဝ မှာ ၂၅ ယောက်က အာဖရိက နွယ်ဖွားတွေ ဖြစ်နေ လိမ့်မယ်"ဟု ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ တွင် ထုတ်ပြန်ခဲ့သော မှတ်တမ်း များတွင် ဖော်ပြ ထားသည်။ ကမ္ဘာပေါ်ရှိ အသက် ငါးနှစ်အောက် ကလေးများ၏ ၄ဝ ရာခိုင်နှုန်း သည်လည်း အာဖရိက တိုက်မှပင် ဖြစ်လာ လိမ့်မည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြ ထားသည်။

အာဖရိက တိုက်တွင် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သည့် နိုင်ဂျီးရီးယား နိုင်ငံသည် ၂ဝ၅ဝ ပြည့်နှစ် ကမ္ဘာလုံး ဆိုင်ရာ မွေးဖွားမှု နှုန်းထား၏ ၁ဝ ရာခိုင်နှုန်း ရှိမည် ဖြစ်သည်။ ထို့ပြင် လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိ အာဖရိက တိုက်ရှိ လူဦးရေ သည်လည်း ၂ဝ၁၅ ခုနှစ်တွင် နှစ်ဆ တိုးလာမည် ဖြစ်ပြီး ၂၁ဝဝ ပြည့်နှစ်တွင် လူဦးရေ ၄ ဒသမ ၁ ဘီလီယံသို့ ရောက်ရှိ လာမည် ဖြစ်သည်။

မွေးဖွားမှုနှုန်း တိုးမြင့် လာခြင်းကြောင့် လူဦးရေ သိပ်သည်းမှု သည်လည်း မြင့်တက် လာကာ နိုင်ငံတွင်း နေထိုင် နိုင်သည့် နေရာ များလည်း လျော့နည်း လာလိမ့်မည် ဖြစ်ပြီး ၂ဝ၅ဝ ပြည်နှစ်တွင် တစ် စတုရန်း ကီလိုမီတာတွင် လူ ၈ဝ ခန့် နေထိုင် ရမည် ဖြစ်သည်။ ယင်းပမာဏသည် လက်ရှိ အာရှ တိုက်ရှိ ပမာဏ များထက် များစွာ လျော့နည်းလျက် ရှိနေ သေးသည်။

၂ဝ၃ဝ ပြည့်နှစ် နှောင်းပိုင်းတွင် အာဖရိက တိုက်ရှိ လူများသည် မြို့ကြီး များတွင် နေထိုင် လိမ့်မည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြ ထားသည်။

သို့သော်လည်း ကမ္ဘာ့ကလေးများ သေဆုံးမှုတွင် တစ်ဝက်ကျော် ပါဝင်သည့် အာဖရိကရှိ ကလေးများသည် အသက်ရှင်ရေး အတွက် များစွာ ရုန်းကန် ရမည် ဖြစ်သည်။ ကလေး ၁၁ ဦး သေဆုံးမှုတွင် အသက်ငါးနှစ် မပြည့်သေးသော ကလေး တစ်ဦး အမြဲတမ်း ပါဝင်သည်။
 မဇ္ဈိမ

No comments:

Post a Comment