Wednesday 13 August 2014

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှု စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများပြားလာ

Photo: ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှု စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများပြားလာ
Wednesday, August 13, 2014

ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ်လ ၁၀ ရက်က စတင်ဆယ်ယူနေပြီး ပြည်သူအများ စိတ်ဝင်စားမှုများနေသလို ခေါင်းလောင်းရှာဖွေမှု
လုပ်ဆောင်နေတဲ့ ရန်ကုန်မြစ်အနီး သာကေတမြို့နယ် ရှုခင်းသာတစ်ဝိုက်မှာလည်း လာရောက်ကြည့်ရှုသူ ရာဂဏန်းလောက်ရှိတယ်လို့ သိရပါတယ်။ ၁၆ ရာစုအကုန် ၁၇ ရာစုအစောပိုင်းက ရန်ကုန်မြစ်ကြမ်းပြင်မှာ နှစ်မြှုပ်သွားတယ်လို့ ယူဆထားတဲ့ တန်ချိန် ၂၀၀ ကျော်ရှိ ဓမ္မစေတီ ခေါင်းလောင်းကြီးကို သောင်တူးစက်များအသုံးပြုပြီး ရေငုပ်သမား ၁၀ ယောက်နဲ့အတူ ဦးစံလင်းက ဦးဆောင်ကာ မြန်မာ့နည်း၊မြန်မာ့ဟန်နဲ့ ဆယ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ခေါင်းလောင်းကြီး ဆယ်ယူနိုင်ရေး အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာတော့ ဒီတစ်ကြိမ် ဆယ်ယူမှုမှာ အများပြည်သူ စိတ်ဝင်စားမှုများလာပြီး လက်ရှိဆယ်ယူနေမှု လုပ်နေတဲ့ ရန်ကုန်မြစ်အနီးမှာ လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားနေပါတယ်။ ခေါင်းလောင်းဆယ်ယူဖို့ သတ်မှတ်ထားတဲ့မြစ်ကြောင်း အနီးတစ်ဝိုက်အထိ လာရောက်ကြည့်ရှုသူတွေ များပြားသလို အချို့ကတော့ ခေါင်းလောင်းရှာဖွေနေတဲ့ နေရာအထိ စက်လှေနဲ့ သွားရောက်လေ့လာ ကြည့်ရှုသူတွေလည်း ရှိကြပါတယ်။

ခေါင်းလောင်းကြီးကို မွန်ဘုရင် ဓမ္မစေတီမင်းက ၁၅ ရာစုအတွင်းက သွန်းလုပ်ခဲ့ပြီး ရွှေတိဂုံဘုရားမှာ လှူဒါန်းထားခဲ့ကာ ၁၆ ရာစုအလွန်မှာတော့ ပေါ်တူဂီနိုင်ငံသား ဒီဗရစ်တို(ခေါ်)ငဇင်ကာက ဖောင်သင်္ဘောနဲ့ ယူဆောင်သွားရာမှာ ရန်ကုန်မြစ်အတွင်း ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းလောင်းကြီး ဆယ်ယူမှုကိုတော့ သြဂုတ်လ ၁၀ ရက်က စတင်ခဲ့တာဖြစ်ပြီး ၂ ပတ်တာကာလအတွင်း ရရှိနိုင်မယ်လို့လည်း ဆယ်ယူရေးအတွက် ဦးဆောင်ဆောင်ရွက်သူ ဦးစံလင်းက မီဒီယာတွေကို ပြောဆိုထားပါတယ်။

MRTV-4
ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ်လ ၁၀ ရက်က စတင်ဆယ်ယူနေပြီး ပြည်သူအများ စိတ်ဝင်စားမှု များနေသလို ခေါင်းလောင်းရှာဖွေမှု လုပ်ဆောင်နေတဲ့ ရန်ကုန်မြစ်အနီး သာကေတမြို့နယ် ရှုခင်းသာ တစ်ဝိုက်မှာလည်း လာရောက်ကြည့်ရှုသူ ရာဂဏန်းလောက်ရှိတယ်လို့ သိရပါတယ်။ ၁၆ ရာစုအကုန် ၁၇ ရာစုအစောပိုင်းက ရန်ကုန်မြစ်ကြမ်းပြင်မှာ နှစ်မြှုပ်သွားတယ်လို့ ယူဆထားတဲ့ တန်ချိန် ၂၀၀ ကျော်ရှိ ဓမ္မစေတီ ခေါင်းလောင်းကြီးကို သောင်တူးစက်များအသုံးပြုပြီး ရေငုပ်သမား ၁၀ ယောက်နဲ့အတူ ဦးစံလင်း က ဦးဆောင်ကာ မြန်မာ့နည်း၊မြန်မာ့ဟန်နဲ့ ဆယ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ခေါင်းလောင်းကြီး ဆယ်ယူနိုင်ရေး အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာတော့ ဒီတစ်ကြိမ် ဆယ်ယူမှုမှာ အများပြည် သူ စိတ်ဝင်စားမှုများလာပြီး လက်ရှိဆယ်ယူနေမှု လုပ်နေတဲ့ ရန်ကုန်မြစ်အနီးမှာ လာရောက်ကြည့်ရှုသူတွေ နဲ့ စည်ကားနေပါတယ်။ ခေါင်းလောင်းဆယ်ယူဖို့ သတ်မှတ်ထားတဲ့မြစ်ကြောင်း အနီးတစ်ဝိုက်အထိ လာရောက်ကြည့်ရှုသူတွေ များပြားသလို အချို့ကတော့ ခေါင်းလောင်းရှာဖွေနေတဲ့ နေရာအထိ စက်လှေနဲ့ သွားရောက်လေ့လာ ကြည့်ရှုသူတွေလည်း ရှိကြပါတယ်။

ခေါင်းလောင်းကြီးကို မွန်ဘုရင် ဓမ္မစေတီမင်းက ၁၅ ရာစုအတွင်းက သွန်းလုပ်ခဲ့ပြီး ရွှေတိဂုံဘုရားမှာ လှူဒါန်းထားခဲ့ကာ ၁၆ ရာစုအလွန်မှာတော့ ပေါ်တူဂီနိုင်ငံသား ဒီဗရစ်တို(ခေါ်)ငဇင်ကာက ဖောင်သင်္ဘောနဲ့ ယူဆောင်သွားရာမှာ ရန်ကုန်မြစ်အတွင်း ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းလောင်းကြီး ဆယ်ယူမှု ကိုတော့ သြဂုတ်လ ၁၀ ရက်က စတင်ခဲ့တာဖြစ်ပြီး ၂ ပတ်တာကာလအတွင်း ရရှိနိုင်မယ်လို့လည်း ဆယ်ယူရေးအတွက် ဦးဆောင်ဆောင်ရွက်သူ ဦးစံလင်းက မီဒီယာတွေကို ပြောဆိုထားပါတယ်။

MRTV-4

No comments:

Post a Comment