Wednesday 13 August 2014

ဗီဇာအတုဖြင့် မလေးရှားသွားခဲ့သည့် မြန်မာ ၅၀ ကျော် ထောင်ဒဏ်တစ်နှစ်စီချ

မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာ(Visit Visa) အတုဖြင့် သွားရောက်ခဲ့သော မြန်မာနိုင်ငံသား ၅၂ ဦး အား သြ ဂုတ် ၁၂ ရက်တွင် မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက ထောင်ဒဏ် တစ်နှစ်စီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၈ ရက်က မလေးရှား နိုင်ငံသို့ အလည်အပတ်ဗီဇာ (Visit Visa) ဖြင့် သွားရောက် ခဲ့ေ သာ မြန် မာနိုင်ငံသား ၇၂ ဦးထဲမှ၆၁ ဦးသည် ဗီဇာအတုများဖြစ် နေသောကြောင့် မလေးရှားနိုင်ငံ လူဝင်မှုကြီး ကြပ်ရေးက အရေးယူ ဆောင်ရွက်ထားရာ ၎င်းတို့ထဲမှ ကလေးငယ်များနှင့် သက်ကြီး ရွယ်အို ကိုးဦး အား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ စုစုပေါင်း ၅၂ ဦးသာပြစ် ဒဏ် ချမှတ်လိုက် ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံသို့ ဗီဇာ အတုများဖြင့် ခေါ်ဆောင်လာ သော မြန်မာနိုင်ငံသား အေးဂျင့် သုံးဦးကို သြဂုတ် ၁၉ ရက်တွင် အမိန့်ချသွားမည်ဖြစ်ကြောင်း မ လေးရှားနိုင်ငံ မြန်မာသံရုံးမှ တာ ၀န်ရှိသူတစ်ဦး ကပြော သည်။

ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ သော ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို မလေးရှားနိုင်ငံ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ကန့်တွင်ထားရှိပြီး ၎င်းတို့အား ခေါ်ဆောင်လာသည့် သုံးဦးကို အမိန့်ချပြီးမှ သာ မြန် မာနိုင်ငံ သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ် ကြောင်း မလေးရှားနိုင်ငံမြန်မာ သံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြော သည်။

‘‘ဒီနေ့မနက်ကပဲ အမိန့်ချ လိုက်တာပါ။ ဒါက မလေးရှား နိုင်ငံဥပဒေအရ လုပ်သွားတာပါ။ မလေးရှားနိုင် ငံ မြန်မာသံရုံးအနေ နဲ့ အယူခံဝင်တာတွေ၊ ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ ဟာတွေ ပြည် ထဲ ရေးဝန်ကြီးဌာန ကိုရော လူဝင်မှု ကြီးကြပ်ရေးဌာနကိုရော လုပ် သွားမှာပါ။ ကလေးတွေနဲ့ လူကြီး တွေကိုလည်း ပြစ်မှုပြီး သွားရင် မြန်မာနိုင်ငံကို ပြန်ပို့ပေးသွားမှာ ပါ’’ဟု မလေးရှားနိုင်ငံ မြန်မာသံ ရုံးမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ဗီဇာအတုဖြင့် ဖမ်းဆီးခံထား ရသူများအတွက် မလေးရှားနိုင်ငံ ရှိ မြန်မာသံရုံးက ကိုင်တွယ်ဖြေ ရှင်းနေပြီး ၎င်းတို့အား ပြစ်ဒဏ် လျှော့ပေါ့ပေးရန်အတွက် မလေး ရှားနိုင်ငံမြန်မာသံရုံးက မလေး ရှားနိုင်ငံပြည် ထဲရေးဝန်ကြီး ဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ထံ မေတ္တာရပ်ခံထားသော်လည်း ယခုလိုပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment