Wednesday 13 August 2014

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အကြို ဟောပြောမည်

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အကြိုနှင့် ၁၉၆၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော မြန်မာ့ “အ” သုံးလုံး စေတနာ့ဝန်ထမ်း လှုပ်ရှားမှု နှစ် (၅၀) ပြည့် ရွှေရတု အကြို အထိမ်းအမှတ် ပညာရှင်များနှင့် တက်ရောက်လာသူ များ၏ ဟောပြောဆွေးနွေး ပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၆ ရက် စနေနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းရှိ တော်ဝင်နှင်းဆီ သီရိခန်းမ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးသန်းထွဋ်၊ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာဒေါ်သန်းနွဲ့၊ ဓာတုဗေဒဌာန အငြိမ်းစားဌာနမှူး ဦးလှမင်း (ပါမောက္ခ မင်းဓာတု)၊ အငြိမ်းစား ပြည်နယ်တရားသူကြီး ဦးမောင်မောင်၊ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးတင်ဝင်း (ပျဉ်းမနား မောင်နီသင်း)၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါ်ပို၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် မြန်မာစာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါ်မြမြဝင်းတို့က အသုံးလုံး စာတတ်မြောက်ရေး လှုပ်ရှား မှုနှင့် စပ်လျဉ်း၍ ဟောပြောဆွေးနွေးကြမည် ဖြစ်ပြီး ၁၉၆၄-၈၄ တက္ကသိုလ် ကောလိပ် သိပ္ပံကျောင်း ပေါင်းစုံမှ အသုံးလုံး လုပ်အားပေး အဖွဲ့ဝင်ဟောင်းများ၊ ၂၀၁၃/၂၀၁၄ တက္ကသိုလ် ပေါင်းစုံမှ စာ တတ်မြောက်ရေး လုပ်အားပေး အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူ အားလုံး မပျက်မကွက် တက်ရောက်ကြ ပါရန် ဟောပြောပွဲ ဖြစ်မြောက်ရေးအဖွဲ့က နှိုးဆော်ထားသည်။

The Voice Weekly

No comments:

Post a Comment