Wednesday 13 August 2014

ရွှေတြိဂံဒေသတွင် ဒေါ်လာ ၇သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ သိမ်းဆည်းမိ

Photo: ရွှေတြိဂံဒေသတွင် ဒေါ်လာ ၇သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများ သိမ်းဆည်းမိ
Wednesday, August 13, 2014

နယ်စပ်ဖြစ်သည့် ရွှေတြိဂံဒေသရှိ တောအတွင်း မြှုပ်ထားသော အမေရိကန်ဒေါ်လာ  ၇ဒမသ ၃ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရွှေတြိဂံဒေရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း တောတစ်ခုအတွင်း စစ်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ဟီးရိုးအင်းအတုံးများ၊ ဘိန်းစိမ်းများနှင့် မက်သာဖက် မင်းအပြား နှစ်သန်းခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လအတွင်းကလည်း ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ရွှေတြိဂံဒေသ တာချီလိတ်မြို့ တွင် ကားတစ်စီးအတွင်း ၀ှက်ထားသော အမေရိကန်ဒေါ်လာ ၂ဒသမ၃ သန်းတန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့သည်။

ကမ္ဘာ့ဈေးကွက်အတွင်းရှိ ဘိန်းဖြူ ၁၀ ရာခိုင်နှုန်းကို ထုတ်လုပ်သည့် မြန်မာနိုင်ငံသည် အာဖဂန်စ္စတန် နိုင်ငံပြီးနောက် ဘိန်းဖြူအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း ကုသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုနှိမ်နှင်းရေးရုံးက ထုတ်ပြန်ထားသည်။

ဘိန်းဖြူ ၁ဒသမ ၃ တန်၊ ဟီးရိုးအင်း ပေါင် ၂၂၅ ပေါင်နှင့် မက်သာဖက်သမင်းဆေးပြား ၁ ဒသမ ၂ တန် စုစုပေါင်း ဒေါ်လာ သန်း ၁၃၀ တန်ဖိုး ရှိ မူးယစ်ဆေးဝါးများကို ဇွန်လအတွင်းက မြန်မာနိုင်ငံတွင် မီးရှို့ဖျက်စီးခဲ့သည်။

Ref:AFP
Mizzima - News in Burmese
နယ်စပ်ဖြစ်သည့် ရွှေတြိဂံဒေသရှိ တောအတွင်း မြှုပ်ထားသော အမေရိကန်ဒေါ်လာ  ၇ဒမသ ၃ သန်း တန်ဖိုး ရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရွှေတြိဂံဒေရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း တောတစ်ခုအတွင်း စစ်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ဟီးရိုးအင်းအတုံးများ၊ ဘိန်းစိမ်းများနှင့် မက်သာဖက် မင်းအပြား နှစ်သန်းခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လအတွင်းကလည်း ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ရွှေတြိဂံဒေသ တာချီလိတ်မြို့ တွင် ကားတစ်စီးအတွင်း ၀ှက်ထားသော အမေရိကန်ဒေါ်လာ ၂ဒသမ၃ သန်းတန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့သည်။

ကမ္ဘာ့ဈေးကွက်အတွင်းရှိ ဘိန်းဖြူ ၁၀ ရာခိုင်နှုန်းကို ထုတ်လုပ်သည့် မြန်မာနိုင်ငံသည် အာဖဂန်စ္စတန် နိုင်ငံ ပြီးနောက် ဘိန်းဖြူအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း ကုသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုနှိမ်နှ င်းရေး ရုံးက ထုတ်ပြန်ထားသည်။

ဘိန်းဖြူ ၁ဒသမ ၃ တန်၊ ဟီးရိုးအင်း ပေါင် ၂၂၅ ပေါင်နှင့် မက်သာဖက်သမင်းဆေးပြား ၁ ဒသမ ၂ တန် စုစုပေါင်း ဒေါ်လာ သန်း ၁၃၀ တန်ဖိုး ရှိ မူးယစ်ဆေးဝါးများကို ဇွန်လအတွင်းက မြန်မာနိုင်ငံတွင် မီးရှို့ဖျက်စီးခဲ့သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment