Wednesday 13 August 2014

အကျဉ်းသားတွေ လွတ်မြောက်နေဆဲဖြစ်သည့် ဟေတီထောင်ဖောက်မှု

Photo: အကျဉ်းသားတွေ လွတ်မြောက်နေဆဲဖြစ်သည့် ဟေတီထောင်ဖောက်မှု
Wednesday, August 13, 2014

ဟေတီနိုင်ငံမြို့တော်မှာရှိတဲ့ အကျဉ်းထောင်ကနေ အကျဉ်းသားတွေ ထွက်ပြေးမှုဖြစ်ပွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။ ဟေတီနိုင်ငံရဲ့ မြို့တော်
အနီးက အကျဉ်းထောင်မှာ တနင်္ဂနွေနေ့က ထောင်ဖောက်ထွက်ပြေး မှုဖြစ်ပွားခဲ့ပြီး အကျဉ်းသားအမြောက်အမြား လွတ်မြောက်နေပါတယ်။

ဟေတီရဲအရာရှိတွေက တော့ ထောင်ထဲမှာ ဆူပူမှုတစ်ခုဖြစ်ပွားခဲ့ပြီး အကျဉ်းသားတွေက ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဟေတီရဲဌာန ပြောရေးဆိုခွင့်ရှိသူ ကယ်ရီဒတ်ရိုဆာကတော့ ဖြစ်ပွား ခဲ့တဲ့ အကျဉ်းထောင်ဖောက်မှုဟာ ပုံမှန်မ ဟုတ်တဲ့ ထောင်ဖောက်မှုဖြစ်ပြီး ရာဂဏန်းလောက်ရှိတဲ့ အကျဉ်းသားတွေဟာ တိုက်ခိုက်မှု တစ်စုတစ်ရာမရှိဘဲ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးသူ (၁၃) ယောက်ကို ပြန်လည်ဖမ်းမိထားပြီး ဖြစ်ပေမယ့်လည်း ဘယ်နှစ်ယောက်တောင် ထွက်ပြေးလွတ်မြောက်နေတယ်ဆိုတာကိုတော့ အတိအကျပြောဖို့ မသိနိုင်သေးဘူးလို့ ရဲတွေက ပြောပါတယ်။ ထွက်ပြေးသူတွေထဲမှာ အရှိန်အ၀ါရှိတဲ့ စီးပွားရေး သမားတစ်ဦးပါဝင်နေပြီး သူ့ကို ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် ဒေါ်လာ (လေးသောင်း) ဆုငွေ ထုတ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအကျဉ်းထောင်ကို ကနေဒါနိုင်ငံက ထောက်ပံ့ငွေနဲ့ (၂၀၁၂) ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး အကျဉ်းသား (၈၉၇) ယောက်ကို ထိန်း သိမ်းထားတာဖြစ်ပါတယ်။

MRTV-4
ဟေတီနိုင်ငံမြို့တော်မှာရှိတဲ့ အကျဉ်းထောင်ကနေ အကျဉ်းသားတွေ ထွက်ပြေးမှုဖြစ်ပွားခဲ့ တယ်လို့ သတင်းရရှိပါတယ်။ ဟေတီနိုင်ငံရဲ့ မြို့တော်အနီးက အကျဉ်းထောင်မှာ တနင်္ဂနွေနေ့က ထောင်ဖောက် ထွက်ပြေး မှုဖြစ်ပွားခဲ့ပြီး အကျဉ်းသားအမြောက်အမြား လွတ်မြောက်နေပါတယ်။
ဟေတီရဲအရာရှိတွေက တော့ ထောင်ထဲမှာ ဆူပူမှုတစ်ခုဖြစ်ပွားခဲ့ပြီး အကျဉ်းသားတွေက ထွက်ပြေး လွတ်မြောက်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဟေတီရဲဌာန ပြောရေးဆိုခွင့်ရှိသူ ကယ်ရီဒတ်ရိုဆာ ကတော့ ဖြစ်ပွား ခဲ့တဲ့ အကျဉ်းထောင်ဖောက်မှုဟာ ပုံမှန်မ ဟုတ်တဲ့ ထောင်ဖောက်မှုဖြစ်ပြီး ရာဂဏန်းလောက်ရှိတဲ့ အကျဉ်းသားတွေဟာ တိုက်ခိုက်မှု တစ်စုတစ်ရာမရှိဘဲ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးသူ (၁၃) ယောက်ကို ပြန်လည်ဖမ်းမိထားပြီး ဖြစ်ပေမယ့်လည်း ဘယ်နှစ်ယောက်တောင် ထွက်ပြေး လွတ်မြောက်နေတယ်ဆိုတာကိုတော့ အတိအကျပြောဖို့ မသိနိုင်သေးဘူးလို့ ရဲတွေက ပြောပါ တယ်။ ထွက်ပြေးသူတွေထဲမှာ အရှိန်အ၀ါရှိတဲ့ စီးပွားရေး သမားတစ်ဦးပါဝင်နေပြီး သူ့ကို ပြန်လည်ဖမ်း ဆီးနိုင်ရေး အတွက် ဒေါ်လာ (လေးသောင်း) ဆုငွေ ထုတ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအကျဉ်းထောင် ကို ကနေဒါနိုင်ငံက ထောက်ပံ့ငွေနဲ့ (၂၀၁၂) ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး အကျဉ်းသား (၈၉၇) ယောက်ကို ထိန်း သိမ်းထားတာဖြစ်ပါတယ်။

MRTV-4

No comments:

Post a Comment