Wednesday 16 July 2014

ကာချုပ်ထိုင်းခရီးစဉ်အပြီး မြန်မာရွေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရမှု မရှိတော့ဟုဆို

Photo: ကာချုပ်ထိုင်းခရီးစဉ်အပြီး မြန်မာရွေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရမှု မရှိတော့ဟုဆို
Wednesday, July 16, 2014 

ထိုင်းနိုင်ငံတွင် ဇွန်လ ၁၀ ရက်နေ့မှစပြီး စစ်တပ်၊ ရဲနှင့် နယ်မြေခံ အာဏာပိုင်များ ပူးပေါင်းကာ ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးခဲ့ရာ မြန်မာစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံမှ ပြန် လာပြီးနောက် မြန်မာ အလုပ်သမားများကို ဖမ်းဆီးခံရမှု မရှိတော့ကြောင်း သတင်းရရှိသည်။
ဇွန်လအတွင်းက ထိုင်းနိုင်ငံ နေရာအနှံ့အပြားတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည့် မြန်မာအလုပ်သမား ထောင်ချီကာ ဖမ်းဆီးခံရခဲ့သော်လည်း ယခုအခါ ချင်းမိုင်၊ မဲဆောက်နှင့် ပတူနမ့်တို့တွင် မြန်မာအလုပ်သမားဟု ပြောလျှင် တရားမဝင် ငွေတောင်းခံမှု များ မရှိတော့ကြောင်းကို အလုပ်သမားခေါင်းဆောင် ကိုထင်လင်းမှ အခုလိုပြောခဲ့သည်။

“ဇွန်လထဲက ကျွန်တော်အဖမ်းခံရတယ်… ပတူနမ့် ဈေးမှာ ရဲတွေဝင် စစ်တာ.. တလတ်ချောဝ်း (မနက်ဈေး)နဲ့ စီတီကွန်ပလက်၊ ပလက်တီနမ်ဖက်ရှင်မောလ်မှာ ကျွန်တော်အပါအဝင် မြန်မာအလုပ်သမား ၁၀၀ လောက် အဖမ်းခံရတာ..ဘတ် ၂၅၀၀ ပေးမှ ပြန်လွှတ်ပေးတယ်.. အခုတော့ မြန်မာဆိုရင် ထိုင်းရဲတွေက မဖမ်းတော့ဘူး.. ပိုက်ဆံလည်း မတောင်းတော့ဘူး..” ဟု အလုပ်သမားခေါင်းဆောင် ကိုထင်လင်းမှဆိုသည်။
ဇွန်လ ၁၆ ရက်နေ့က ချင်းမိုင်မြို့ရှိ နိုက်ဘဇား ညဈေးတန်းတွင် မြန်မာအလုပ်သမား ရာနဲ့ချီကာ အဖမ်းခံခဲ့ရပြီး ဘန်ကောက်ခရိုင် ပတူနမ့်ဈေးတွင်လည်း မြန်မာအလုပ်သမား ၄၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ တာ့ခ်ခရိုင် မဲဆောက်မြို့အတွင်းမှာလည်း မြန်မာ အလုပ်သမား ထောင်နှင့်ချီကာ ဖမ်းဆီးခံခဲ့ရပြီး မြန်မာ သံရုံးမှ ဖြေရှင်းပေးရန် ကျောင်းဆရာ တစ်ဦးမှ မြန်မာသံရုံးရှေ့တွင့် ထိုစဉ်က ဆန္ဒပြခဲ့ဖူးသည်။ မြန်မာသမ္မတရုံးနှင့် ဘန်ကောက်မြို့ မြန်မာသံရုံးမှ အင်တာနက်စာမျက်နှာမှတဆင့် အကူအညီတောင်းရန် ဖုန်းနံပတ်များ ဖြန့်ဝေ ပေးခဲ့သော်လည်း အလုပ်သမားများ ဖမ်းဆီးခံရမှုမှာ ရပ်တန့်သွားခြင်းမရှိခဲ့ခြေ။

ဇွန်လိုင်လ ၄ ရက်နေ့တွင် မြန်မာစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ဆွေးနွေးခဲ့ပြီး မြန်မာအလုပ်သမားများအတွက် ကာချုပ်မှ စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ကာ ထိုင်းအစိုးရဖက်မှ ကာကွယ်ပေးရန် တောင်းဆိုခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်ဦးစီးချုပ်နှင့်နှင့် ထိုင်းဦးစီးချုပ်တို့ တွေ့ဆုံပြီးနောက် ဇူလိုင်လ ၄ ရက်နေ့ နောက်ပိုင်းတွင် အတင်းအဓ္ဓမ ဖမ်းဆီးခြင်းများ၊ တရားမဝင် ငွေးကြေးကောက်မှုများလည်း မရှိတော့ကြောင်းသိရပြီး မြန်မာ အလုပ်သမားအများအပြား အဆင်ပြေသွားကြောင်း သိရှိရသည်။
“ကျွန်တော် အဖမ်းခံရတုန်းက သံရုံးကိုဖုန်းဆက်တာလည်း ဘာမှမကူညီပေးနိုင်ဘူး။ အစ်ကိုတို့ဆီ လာခဲ့ပါလားတဲ့။ ရဲလာဖမ်းပါတယ်ဆိုနေမှ သူတို့ဆီဘယ်လိုသွားလို့ရမှာလဲ။ ညီလေးတို့ဘယ်နားမှာရှိတယ်၊ အစ်ကိုတို့ လာဖြေရှင်းပေးမယ်၊ မဟုတ်ရင် အဲဒီက တာဝန်ရှိသူတစ်ယောက်ယောက်နဲ့ ဖုန်းပြောမယ်ဆို တော်သေးတယ်။ အဲ့ဒီချိန်က အရမ်းမျက်နှာငယ်ရတယ်… အခုတော့ လုံးဝပြောင်းသွားပြီလေ… ဘာဒုက္ခမှ မရှိတော့ဘူး.. ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေစိတ်ထဲမှာ လုံခြုံသွားသလို ခံစားရတယ်..”ဟု ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားများမှာ လာရောက်ပြော ဆိုပေးသည့် ခေါင်းဆောင်မရှိသဖြင့် နေရင်းနိုင်ငံ ပြန်သွားခဲ့ကြရပြီး ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို၊ နှင့် ကမ္ဘောဒီးယား ၃ နိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားပေါင်း ၂ သန်းကျော်ရှိပြီး မြန်မာအလုပ်သမား ၁ သန်း ၇ သိန်းကျော် ရှိကြောင်း သိရသည်။

(သူရိယ သတင်း)
ထိုင်းနိုင်ငံတွင် ဇွန်လ ၁၀ ရက်နေ့မှစပြီး စစ်တပ်၊ ရဲနှင့် နယ်မြေခံ အာဏာပိုင်များ ပူးပေါင်းကာ ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီးခဲ့ရာ မြန်မာစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံမှ ပြန် လာပြီးနောက် မြန်မာ အလုပ်သမားများကို ဖမ်းဆီးခံရမှု မရှိတော့ကြောင်း သတင်းရရှိသည်။

ဇွန်လအတွင်းက ထိုင်းနိုင်ငံ နေရာအနှံ့အပြားတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည့် မြန်မာအလုပ်သမား ထောင်ချီကာ ဖမ်းဆီးခံရခဲ့သော်လည်း ယခုအခါ ချင်းမိုင်၊ မဲဆောက်နှင့် ပတူနမ့်တို့တွင် မြန်မာအလုပ် သမားဟု ပြောလျှင် တရားမဝင် ငွေတောင်းခံမှု များ မရှိတော့ကြောင်းကို အလုပ်သမားခေါင်းဆောင် ကိုထင်လင်းမှ အခုလိုပြောခဲ့သည်။

“ဇွန်လထဲက ကျွန်တော်အဖမ်းခံရတယ်… ပတူနမ့် ဈေးမှာ ရဲတွေဝင် စစ်တာ.. တလတ်ချောဝ်း (မနက်ဈေး)နဲ့ စီတီကွန်ပလက်၊ ပလက်တီနမ်ဖက်ရှင်မောလ်မှာ ကျွန်တော်အပါအဝင် မြန်မာအလုပ်သမား ၁၀၀ လောက် အဖမ်းခံရတာ..ဘတ် ၂၅၀၀ ပေးမှ ပြန်လွှတ်ပေးတယ်.. အခုတော့ မြန်မာဆိုရင် ထိုင်းရဲတွေက မဖမ်းတော့ဘူး.. ပိုက်ဆံလည်း မတောင်းတော့ဘူး..” ဟု အလုပ်သမားခေါင်းဆောင် ကိုထင်လင်းမှဆိုသည်။
ဇွန်လ ၁၆ ရက်နေ့က ချင်းမိုင်မြို့ရှိ နိုက်ဘဇား ညဈေးတန်းတွင် မြန်မာအလုပ်သမား ရာနဲ့ချီကာ အဖမ်းခံခဲ့ရပြီး ဘန်ကောက်ခရိုင် ပတူနမ့်ဈေးတွင်လည်း မြန်မာအလုပ်သမား ၄၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ တာ့ခ်ခရိုင် မဲဆောက်မြို့အတွင်းမှာလည်း မြန်မာ အလုပ်သမား ထောင်နှင့်ချီကာ ဖမ်းဆီးခံခဲ့ရပြီး မြန်မာ သံရုံးမှ ဖြေရှင်းပေးရန် ကျောင်းဆရာ တစ်ဦးမှ မြန်မာသံရုံးရှေ့တွင့် ထိုစဉ်က ဆန္ဒပြခဲ့ဖူးသည်။ မြန်မာသမ္မတရုံးနှင့် ဘန်ကောက်မြို့ မြန်မာသံရုံးမှ အင်တာနက်စာမျက်နှာမှတဆင့် အကူအညီတောင်းရန် ဖုန်းနံပတ်များ ဖြန့်ဝေ ပေးခဲ့သော်လည်း အလုပ်သမားများ ဖမ်းဆီးခံရမှုမှာ ရပ်တန့်သွားခြင်းမရှိခဲ့ခြေ။

ဇွန်လိုင်လ ၄ ရက်နေ့တွင် မြန်မာစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား များကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ဆွေးနွေးခဲ့ပြီး မြန်မာအလုပ်သမားများအတွက် ကာချုပ်မှ စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ကာ ထိုင်းအစိုးရဖက်မှ ကာကွယ်ပေးရန် တောင်းဆိုခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်ဦးစီးချုပ်နှင့်နှင့် ထိုင်းဦးစီးချုပ်တို့ တွေ့ဆုံပြီးနောက် ဇူလိုင်လ ၄ ရက်နေ့ နောက်ပိုင်းတွင် အတင်းအဓ္ဓမ ဖမ်းဆီးခြင်းများ၊ တရားမဝင် ငွေးကြေးကောက်မှုများလည်း မရှိတော့ကြောင်းသိရပြီး မြန်မာ အလုပ်သမားအများအပြား အဆင်ပြေသွားကြောင်း သိရှိရသည်။ 

“ကျွန်တော် အဖမ်းခံရတုန်းက သံရုံးကိုဖုန်းဆက်တာလည်း ဘာမှမကူညီပေးနိုင်ဘူး။ အစ်ကိုတို့ဆီ လာခဲ့ ပါလားတဲ့။ ရဲလာဖမ်းပါတယ်ဆိုနေမှ သူတို့ဆီဘယ်လိုသွားလို့ရမှာလဲ။ ညီလေးတို့ဘယ်နားမှာရှိတယ်၊ အစ်ကိုတို့ လာဖြေရှင်းပေးမယ်၊ မဟုတ်ရင် အဲဒီက တာဝန်ရှိသူတစ်ယောက်ယောက်နဲ့ ဖုန်းပြောမယ်ဆို တော်သေးတယ်။ အဲ့ဒီချိန်က အရမ်းမျက်နှာငယ်ရတယ်… အခုတော့ လုံးဝပြောင်းသွားပြီလေ… ဘာဒုက္ခမှ မရှိတော့ဘူး.. ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေစိတ်ထဲမှာ လုံခြုံသွားသလို ခံစားရတယ်..”ဟု ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားများမှာ လာရောက်ပြော ဆိုပေးသည့် ခေါင်းဆောင်မရှိသဖြင့် နေရင်း နိုင်ငံ ပြန်သွားခဲ့ကြရပြီး ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို၊ နှင့် ကမ္ဘောဒီးယား ၃ နိုင်ငံမှ ရွှေ့ပြောင်း အလုပ် သမား ပေါင်း ၂ သန်းကျော်ရှိပြီး မြန်မာအလုပ်သမား ၁ သန်း ၇ သိန်းကျော် ရှိကြောင်း သိရသည်။

(သူရိယ သတင်း)

No comments:

Post a Comment