Wednesday 16 July 2014

မော်စကိုတွင် မြေအောက်ရထား တိမ်းမှောက်ပြီး အနည်းဆုံး လူ(၂၀)သေဆုံး

Photo: မော်စကိုတွင် မြေအောက်ရထား တိမ်းမှောက်ပြီး အနည်းဆုံး လူ(၂၀)သေဆုံး
Wednesday, July 16, 2014

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် မြေအောက်ရထားကွန်ရက်၌ ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၀) သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်(၁၅)ရက်က ရထားလမ်းချော်မှု ဖြစ်ပွားပြီး ရထားတွဲ အတော်များများ လွင့်စင်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းသည် မော်စကိုမြို့တော်၏ မြေအောက်ရထားလမ်း စနစ်တွင် နှစ်ပေါင်း(၈၀)မျှ သမိုင်းကြောင်း ကာလအတွင်း အဆိုးရွားဆုံး မတော်တဆမှုဟုလည်း ယူဆရသည်။ မော်စကိုသည် ကမ္ဘာပေါ်တွင် မြေအောက်ရထားစနစ် အသုံးပြုမှု အထူထပ် အကျယ်ပြောဆုံး မြို့တော်လည်း ဖြစ်သည်။

“အခုထိတော့ သေဆုံးသူ (၂၀)လောက် ရှိလာပါပြီ”ဟု မော်စကို ဒုတိယ မြို့တော်ဝန် ပြိုတာ ဘာယူကော့ဗ်က သတင်းထောက်များအား ဇူလိုင်(၁၆)ရက် ကယ်ဆယ်ရေး လုပ်ငန်းခွင်တွင် ပြောကြားခဲ့သည်။ ဆေးရုံသို့ တင်ပို့ထားရသူ အရေအတွက်မှာ (၁၀၀)ကျော်မျှ ရှိကြောင်းလည်း သိရသည်။ သေဆုံးသူများအနက် (၁၉)ဦး၏ အလောင်းများကို အခင်းဖြစ်ရာ နေရာတွင် တွေ့ရှိရပြီး ကျန်(၁)ဦးကမူ ဆေးရုံရောက်မှ သေဆုံးသွားခြင်း ဖြစ်သည်။

ဒဏ်ရာရသူများကို ရဟတ်ယာဉ်များ၊ အရေးပေါ် လူနာတင်ယာဉ်များဖြင့် နီးစပ်ရာ ဆေးရုံများသို့ တင်ပို့ပေးခဲ့ရသည်။ “ကျွန်တော်က သေပြီလို့ မှတ်တာ။ ရထားတွဲတွေထဲမှာ ပိတ်မိပြီး ဘဝဆုံးပြီလို့ ထင်ခဲ့တာပါ။ အပြင်ကို ရောက်အောင် ထွက်လာနိုင်တာ တကယ့်ကို အံ့ဖွယ်သရဲ ကိစ္စမျိုးပဲ။ အထဲမှာ ဒဏ်ရာရတဲ့လူ အများကြီးပဲ။ အများစုက ခေါင်းနဲ့ ခြေထောက်တွေမှာ ထိခိုက်မိကြတယ်”ဟု လွတ်မြောက်လာသူ တစ်ဦးက Rossiya 24 သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရထားအတွင်း စွမ်းအင်လွန်ကဲမှု အချက်ပြစနစ် အသက်ဝင်လာပြီး ကြမ်းကြမ်းတမ်းတမ်း ဘရိတ်ဖမ်း ရပ်တန့်ရာမှ ရထားတွဲများ လမ်းချော် တိမ်းမှောက်ခဲ့ခြင်းဟု သတင်းများက ဆိုသည်။ ဒဏ်ရာရသူ (၁၀၀)ကျော်အနက် (၅၀)ခန့်သည် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားရာ Park Probedy သည် မော်စကိုတွင် မြေအောက် အနက်ဆုံးနေရာ၌ ရှိနေသည့် ဘူတာဖြစ်ပြီး မြေမျက်နှာပြင်အောက် (၂၇၅)ပေတွင် တည်ရှိသည်။ မော်စကို မြေအောက်ရထား ကွန်ရက်ကို (၁၉၃၅)ခုနှစ်က စတင်အသုံးပြုခဲ့ပြီး ယခုအခါ နေ့စဉ် လူပေါင်း(၉)သန်းမျှကို သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။

7 Day Daily
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် မြေအောက်ရထားကွန်ရက်၌ ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၀) သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်(၁၅)ရက်က ရထားလမ်းချော်မှု ဖြစ်ပွားပြီး ရထားတွဲ အတော်များများ လွင့်စင်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းသည် မော်စကိုမြို့တော်၏ မြေအောက်ရထားလမ်း စနစ်တွင် နှစ်ပေါင်း(၈၀)မျှ သမိုင်းကြောင်း ကာလအတွင်း အဆိုးရွားဆုံး မတော်တဆမှုဟုလည်း ယူဆရသည်။ မော်စကိုသည် ကမ္ဘာပေါ်တွင် မြေအောက်ရထားစနစ် အသုံးပြုမှု အထူထပ် အကျယ်ပြောဆုံး မြို့တော်လည်း ဖြစ်သည်။

“အခုထိတော့ သေဆုံးသူ (၂၀)လောက် ရှိလာပါပြီ”ဟု မော်စကို ဒုတိယ မြို့တော်ဝန် ပြိုတာ ဘာယူကော့ဗ် က သတင်းထောက်များအား ဇူလိုင်(၁၆)ရက် ကယ်ဆယ်ရေး လုပ်ငန်းခွင်တွင် ပြောကြားခဲ့သည်။ ဆေးရုံသို့ တင်ပို့ထားရသူ အရေအတွက်မှာ (၁၀၀)ကျော်မျှ ရှိကြောင်းလည်း သိရသည်။ သေဆုံးသူများအနက် (၁၉)ဦး၏ အလောင်းများကို အခင်းဖြစ်ရာ နေရာတွင် တွေ့ရှိရပြီး ကျန်(၁)ဦးကမူ ဆေးရုံရောက်မှ သေဆုံး သွားခြင်း ဖြစ်သည်။

ဒဏ်ရာရသူများကို ရဟတ်ယာဉ်များ၊ အရေးပေါ် လူနာတင်ယာဉ်များဖြင့် နီးစပ်ရာ ဆေးရုံများသို့ တင်ပို့ပေး ခဲ့ ရသည်။ “ကျွန်တော်က သေပြီလို့ မှတ်တာ။ ရထားတွဲတွေထဲမှာ ပိတ်မိပြီး ဘဝဆုံးပြီလို့ ထင်ခဲ့တာပါ။ အပြင်ကို ရောက်အောင် ထွက်လာနိုင်တာ တကယ့်ကို အံ့ဖွယ်သရဲ ကိစ္စမျိုးပဲ။ အထဲမှာ ဒဏ်ရာရတဲ့လူ အများကြီးပဲ။ အများစုက ခေါင်းနဲ့ ခြေထောက်တွေမှာ ထိခိုက်မိကြတယ်”ဟု လွတ်မြောက်လာသူ တစ်ဦးက Rossiya 24 သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရထားအတွင်း စွမ်းအင်လွန်ကဲမှု အချက်ပြစနစ် အသက်ဝင်လာပြီး ကြမ်းကြမ်းတမ်းတမ်း ဘရိတ်ဖမ်း ရပ်တန့် ရာမှ ရထားတွဲများ လမ်းချော် တိမ်းမှောက်ခဲ့ခြင်းဟု သတင်းများက ဆိုသည်။ ဒဏ်ရာရသူ (၁၀၀)ကျော်အနက် (၅၀)ခန့်သည် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားရာ Park Probedy သည် မော်စကိုတွင် မြေအောက် အနက်ဆုံးနေရာ၌ ရှိနေသည့် ဘူ တာဖြစ်ပြီး မြေမျက်နှာပြင်အောက် (၂၇၅)ပေတွင် တည်ရှိသည်။ မော်စကို မြေအောက်ရထား ကွန်ရက်ကို (၁၉၃၅)ခုနှစ်က စတင်အသုံးပြုခဲ့ပြီး ယခုအခါ နေ့စဉ် လူပေါင်း(၉)သန်းမျှကို သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။

7 Day Daily 

No comments:

Post a Comment