Wednesday 16 July 2014

မောင်တောနယ်စပ် စီဒီအမ်အေ ၈၀၀ ဖုန်းလိုင်းများ တစ်ရက်လျှင် ဆယ်ကြိမ် ထက် မနည်းပြတ် တောက် မှုဖြစ်ပွား

မောင်တော၊ ဇူလိုင် ၁၅- မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေး သည့် စီဒီအမ်အေ ၈၀ဝဖုန်းလိုင်းများ မှ မောင်တောမြို့နှင့် ခုနစ်မိုင်ခန့် ကွာဝေး သည့်နေရာများမှ ဆက်သွယ် ပြောဆိုမှုရရှိနေသော်လည်း တစ် ရက်လျှင် ဆယ်ကြိမ် ထက်မနည်း လိုင်းပြတ်တောက်နေမှုကြောင့် သုံး စွဲသူများ အခက်တွေ့နေ ရကြောင်း စီဒီအမ်အေ ၈၀ဝဖုန်းဖြင့် အင်တာ နက်သုံးစွဲ သူတစ်ဦးကပြောသည်။

''မောင်တောမှာ မိုးစပြီးရွာက တည်းက ဖုန်းလိုင်းတွေ ခဏခဏ ပြတ်တောက် မှုဖြစ်နေတာပါ။ ဂျီအက်စ် အမ်ဖုန်းလိုင်းက ဒီလောက်ပြတ် တောက်မှု မဖြစ်ပေ မယ့် စီဒီအမ်အေ ၈၀ဝဖုန်းလိုင်းက တစ်ရက် ဆယ် ကြိမ်ထက်မ နည်း ပြတ်တောက်နေ ပါ တယ်။ ပြတ်တောက်ချိန်က တစ် ကြိမ်ကို ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ် ခန့်ကြာပါတယ်''ဟု ၎င်းကဆက်လက် ပြောကြား သည်။

စီဒီအမ်အေ ၈၀ဝဖုန်းလိုင်းများ မကြာခဏပြတ်တောက်မှုဖြစ် ပေါ်နေခြင်းမှာ တာဝါတိုင်ချိတ်ဆက် ထားမှုနှင့် သက် ဆိုင်ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် စစ် တွေတာဝါတိုင်တို့ဖြင့် ချိတ်ဆက်ထား သည့် အတွက် မောင်တော တာဝါ တိုင်မှ မဟုတ်ဘဲ အခြားချိတ်ဆက် ထားသည့် တာဝါတိုင်မှ ချို့ယွင်းမှု တစ်စုံတစ်ခုဖြစ်ခဲ့သော် ဖုန်းလိုင်းမှာ ပြတ်တောက် မှုဖြစ်ပေါ်ကြောင်း ဆက် သွယ်ရေးဝန်ထမ်းတစ်ဦးက ပြော ကြားသည်။

ယခုကဲ့သို့ ဖုန်းလိုင်းများမကြာ ခဏပြတ်တောက်မှုဖြစ်ပေါ်နေသည့် အတွက် မောင်တောနယ်စပ် နတ် မြစ်ကမ်းအနီးရှိ ကျေးရွာများမှာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသုံး ဖုန်းများကိုသာ အများဆုံးသုံးစွဲနေကြသည်။

NT
Yangon Media Group

No comments:

Post a Comment