Wednesday 16 July 2014

မန်းတွင် ပုဒ်မ ၁၄၄ထုတ်ထားသည့်ကာလ လူနာတင်ယာဉ်များ သွားလာမှု လွယ်ကူစေရန် ဆောင်ရွက်ထားဟုဆို

Photo: မန်းတွင် ပုဒ်မ ၁၄၄ထုတ်ထားသည့်ကာလ လူနာတင်ယာဉ်များ သွားလာမှု လွယ်ကူစေရန် ဆောင်ရွက်ထားဟုဆို
Wednesday, July 16, 2014  

မန္တလေးမြို့တွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ထားသည့် အချိန်ကာလအတွင်း၌ လူနာတင်ယာဉ်များ သွာလာမှု လွယ်ကူစေရန် ဆောင်ရွက်ထားသည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်၏ ကိုယ်ရေး အရာရှိက မဇ္ဈိမကို အတည်ပြုပြောသည်။

“လူနာတင်ယာဉ်အတွက် ညမထွက်ရအချိန်မှာ ထွက်တာကို စစ်ဆေးမှုရှိပေမယ့် လူနာပါရင် သွားခွင့်ပြုဖို့ ပြောထားပြီးဖြစ်သလို၊ မန္တလေးမြို့က ညဘယ်သွားမှာလဲ ဆိုတာကိုလည်း ကြည့်ရင်သိနိုင်ပါတယ်”ဟု ယင်းကပြောသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်တွင် လူနာတင်ယာဉ်များ သွားလာမှု အခက်အခဲများရှိနေသည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်နေ၍ မဇ္ဈိမက ဝန်ကြီးချုပ်ကို ဆက်သွယ်မေးမြန်းရာတွင် သူ၏ ကိုယ်ရေးအရာရှိက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“၁၄၄ ထုတ်ထားတဲ့ ညပိုင်းအချိန်မှာ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတို့ကို အသိပေးပြီးသွားလို့ရပါတယ်၊ ဘာမှ စစ်ဆေးတာမျိုးမရှိပါဘူး၊ လူနာဆေးရုံကို တင်ပို့ရာမှာလည်း အဆင်ပြေပါတယ်” ဟု ချမ်းမြသုခ လူမှုကူညီရေးအသင်းက အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

မန္တလေးမြို့တွင် ည၉နာရီမှ နံနက် ၅နာရီအတွင်း ပုဒ်မ ၁၄၄ကို ဇူလိုင်လ ၃ရက် ညပိုင်းမှ စတင်ကာ မန္တလေးမြို့ ၆မြို့နယ်ကို  ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၄ရက်တွင် လုံခြုံရေးအရ လိုအပ်သဖြင့် ပုသိမ်ကြီးမြို့နယ်ကို ထပ်တိုး ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese
မန္တလေးမြို့တွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ထားသည့် အချိန်ကာလအတွင်း၌ လူနာတင်ယာဉ်များ သွာလာမှု လွယ်ကူစေရန် ဆောင်ရွက်ထားသည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်၏ ကိုယ်ရေး အရာရှိ က မဇ္ဈိမကို အတည်ပြုပြောသည်။

“လူနာတင်ယာဉ်အတွက် ညမထွက်ရအချိန်မှာ ထွက်တာကို စစ်ဆေးမှုရှိပေမယ့် လူနာပါရင် သွားခွင့်ပြုဖို့ ပြောထားပြီးဖြစ်သလို၊ မန္တလေးမြို့က ညဘယ်သွားမှာလဲ ဆိုတာကိုလည်း ကြည့်ရင်သိနိုင်ပါတယ်”ဟု ယင်းကပြောသည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်တွင် လူနာတင်ယာဉ်များ သွားလာမှု အခက်အခဲများ ရှိနေ သည် ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်နေ၍ မဇ္ဈိမက ဝန်ကြီးချုပ်ကို ဆက်သွယ်မေးမြန်းရာတွင် သူ၏ ကိုယ်ရေးအရာရှိက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“၁၄၄ ထုတ်ထားတဲ့ ညပိုင်းအချိန်မှာ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတို့ကို အသိပေးပြီးသွားလို့ရပါတယ်၊ ဘာမှ စစ်ဆေး တာမျိုး မရှိပါဘူး၊ လူနာဆေးရုံကို တင်ပို့ရာမှာလည်း အဆင်ပြေပါတယ်” ဟု ချမ်းမြသုခ လူမှုကူညီရေးအသင်းက အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

မန္တလေးမြို့တွင် ည၉နာရီမှ နံနက် ၅နာရီအတွင်း ပုဒ်မ ၁၄၄ကို ဇူလိုင်လ ၃ရက် ညပိုင်းမှ စတင်ကာ မန္တလေးမြို့ ၆မြို့နယ်ကို  ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၄ရက်တွင် လုံခြုံရေးအရ လိုအပ်သဖြင့် ပုသိမ်ကြီးမြို့နယ် ကို ထပ်တိုး ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment