Wednesday 16 July 2014

မန္တလေးခရိုင်တွင်း ကျောင်း(၃)ကျောင်းရှိ မုန့်ဈေးတန်းများကို ယခုလအတွင်း စစ်ဆေးမည်

တိုင်းနှင့်ပြည်နယ်၈ခုတွင်းရှိကျောင်းများတွင် ရောင်းချသည့်မုန့် ဈေးတန်းများ အတွင်း လိုက်လံစစ်ဆေးမှုများ ပြုလုပ်ရာ တွင် မန္တလေးခရိုင်အတွင်းရှိကျောင်း(၃)ကျောင်းကို ယခုလအတွင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အစား အသောက် နှင့်ဆေး ဝါး များ ကွပ်ကဲရေးဦးစီးဌာန(FDA)မန္တလေးမှသိရသည်။
ယခုနှစ်ကျောင်းဖွင့်ရာသီအတွင်း မန္တလေးတိုင်းဒေသကြီးအပါအဝင် နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတို့နှင့် ကချင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ ကျောင်းများတွင် ရောင်းချသည့်မုန့် ဈေးတန်းအတွင်းရှိမုန့်များအတွင်းမှ ဆိုးဆေးပါဝင်သောမုန့် များနှင့် အခြားမုန့်များကို လိုက်လံစစ်ဆေးမှုအတွက် မန္တလေးတိုင်းအတွင်းရှိမြို့နယ်(၁၁)ခုကို ရွေးချယ်ထားပြီးမန္တလေးခရိုင်ခြောက်မြို့နယ်အတွင်းရှိ အထက(၂၄)၊ အထက(၁၂)၊ အထက(၈)တို့ ကို ဇူလိုင်လ၁၆ရက်၊၂၂ရက်၊၂၄တို့တွင်လိုက်လံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ယင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာအေးငြိမ်းမြတ်၏ ပြောကြားချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့ နယ်(၂၈)မြို့နယ်အတွင်းမှ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ရမည်းသင်း၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ချမ်းအေးသာစံ၊ချမ်းမြသာစည်၊မဟာအောင်မြေ၊အောင်မြေသာစံအစရှိသည့်မြို့နယ်(၁၁)ခုကို လျာထားသတ်မှတ်ထားကြောင်းသိရသည်။

ယင်းသို့ လိုက်လံစစ်ဆေးမှုကို စီမံကိန်းကာလအနေဖြင့် ဇူလိုင်လမှ ဒီဇင်ဘာလအထိ သတ်မှတ်ထားပြီး လစဉ်နမူနာမုန့် အမျိုးအစားများကို ဓာတ်ခွဲခန်းတွင် စစ်ဆေးပြီး စားသုံးရန်သင့်မသင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်း ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအတွင်းမှ နမူနာများကို အစားအသောက်နှင့်ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန(FDA)မန္တလေးမှ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လိုက်လံစစ်ဆေးရာတွင် ကျောင်းကျန်းမာရေးအဖွဲ့ များ၊ အစားအသောက်နှင့်ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန(FDA)၊
ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူး ပေါင်းကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“လိုက်စစ်ဆေးတဲ့ နေ့တွေမှာ စားသုံးသူအသိပညာပေးရေးဆွေးနွေးပွဲတွေကို အဲ့ကျောင်းတွေမှာကျင်းပသွားမယ်”ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှုးဦးဆွေတင့်ကြူးကဆိုသည်။

ထို့ ပြင်စာသင်နှစ်တစ်နှစ်လျှင် တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုစီရှိ ကျောင်းပေါင်း၂၀နီးပါးကို လိုက်လံစစ်ဆေး ပေးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။

လူလူ(မန္တလေး)

မြန်မာ့ခေတ်

No comments:

Post a Comment