Wednesday 16 July 2014

အငှားယာဉ်က ဆိုင်ကယ်ကိုတိုက် ဆိုင်ကယ်က အဓိပတိယာဉ်ကို တိုက်မှုဖြစ်ပွား

Photo: အငှားယာဉ်က ဆိုင်ကယ်ကိုတိုက် ဆိုင်ကယ်က အဓိပတိယာဉ်ကို တိုက်မှုဖြစ်ပွား
Wednesday, July 16, 2014 

 ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ ခန့်တွင် အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် လမ်းသစ်လမ်း အုတ်ကျင်းဝမှတ်တိုင်အနီးတွင် စော်ဘွား ကြီးကုန်းဘက်မှ အင်းစိန်ဘက်သို့ အငှားယာဉ်အမှတ် 9A / -----တိုယိုတာ ခဲရောင် ယာဉ်မောင်းကိုကိုဇော် (၃၁ နှစ်) ရွှေပြည်သာမြို့နေသူ မောင်းနှင် လာသောယာဉ်က လားရာတူ အရှေ့ဘက်တွင် ဇော်ထွန်းဦး (၄၅ နှစ်) ကျွမ်းကျင်-၄ အင်ဂျင်နီယာဌာန(လမ်းတံတား) စည်ပင်သာယာဝန်ထမ်း မောင်းနှင်လာသော ကင်ဘိုအမျိုးအစား နက်ပြာရောင်ဆိုင်ကယ်ကို အနောက် မှ ဝင်တိုက်မိပြီး အငှားယာဉ်နှင့်ဆိုင်ကယ်မှာ လမ်းတစ်ဖက်ခြမ်းသို့ ရောက်ရှိ သွားကာ မျက်နှာမူရာဘက်မှ ယာဉ်မောင်း သန်းဝင်းအောင် မောင်းနှင်လာသော ယာဉ်အမှတ် ၅ဂ/---- အဓိပတိ(အပြာရောင်)နှင့် ထပ်မံတိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ဇော်ထွန်းဦးမှာ နေရာတွင်ပင် သေဆုံး သွားခဲ့သည်။

ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်လာသူ ကျော်သူအောင်(၃ဝ နှစ်)၊ အငှားယာဉ်မောင်း ကိုကိုဇော်နှင့် အငှားယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ပေါင်း လေးဦးတို့မှာ သတိလစ်မေ့မြောနေ၍ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြင့်ဦး(အင်းစိန်)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment