Wednesday 16 July 2014

ဇနီးနှင့်သားသမီးများကို ထောက်ပံ့ကြေးပေးရာတွင် တစ်လလျှင် ငွေကျပ် ၁ဝဝအစား ကျပ် ၅ဝဝဝဝဖြင့်အစားထိုးရန်ပြင်ဆင်

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အရ ဇနီးနှင့်သားသမီးများကို ထောက်ပံ့ကြေးပေးရာတွင် တစ်လ လျှင်ကျပ် ၁ဝဝထက်မပိုရဟူသော ပြဋ္ဌာန်းချက်တွင် ငွေကျပ် ၁ဝဝ အစား ကျပ် ၅ဝဝဝဝ ဖြင့် အစား ထိုးပြင်ဆင်ရန်ဆောင်ရွက်ထားရှိ သည်ဟု ပြည်ထောင်စုတရားလွှတ် တော်ချုပ်တရားသူကြီး ဦးစိုးညွန့် ကပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ယမန်နေ့က ပြောသည်။

၎င်းက''ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် The Code of Criminal Procedure ကို ပြင်ဆင် သည့်ဥပဒေမူကြမ်းကို ပြုစုရေးဆွဲ ပြီး ပြင်ဆင်ရန်လိုအပ်သည့် ပုဒ်မ များနှင့်အတူ ပုဒ်မ ၄၈၈ (၁)ပါ ဇနီးနှင့်သားသမီးအတွက်ထောက်ပံ့ ကြေး ကျပ် ၁ဝဝကိုကျပ် ၅ဝဝဝဝ ဖြင့် အစားထိုးပြင်ဆင်ရန် ဆောင် ရွက်ထားရှိပါတယ်။

အဆိုပါပြင်ဆင်ဆောင်ရွက်ထား သည့် ဥပဒေမူကြမ်းအား ပြည် ထောင်စုလွှတ်တော်တွင် ဆွေးနွေး အတည်ပြု ပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် က(၂-၇-၂ဝ၁၂)ရက်စွဲပါစာအမှတ်၊ ၂၈ဝ/စု-၉/၂ဝ၁၂(လထန) ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ထားပြီးဖြစ်ပါတယ်''ဟု ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု တရားလွှတ် တော်ချုပ်တရားသူကြီး ဦးစိုးညွန့် က ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်မေးမြန်းသည့် ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေအရ ဇနီးနှင့် သားသမီးများကို ထောက်ပံ့ကြေး ပေးရာတွင် တစ်လလျှင် ကျပ်၁ဝဝ ထက်မပိုရဟူသော ပြဋ္ဌာန်းချက် ကို ခေတ်နှင့်လျော်ညီအောင် ပြင် ဆင်ပြောင်းလဲရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသော မေးခွန်းကိုပြန် လည်ဖြေကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဇနီးနှင့်သားသမီးများ ကို ထောက်ပံ့ကြေးပေးခြင်းကိစ္စ သည် ၁၈၉၈ခုနှစ် အိန္ဒိယအက် ဥပဒေအမှတ် ၅ (India Act V, 1898) ဖြင့် ပြဋ္ဌာန်းသည့်ရာဇဝတ် ကျင့်ထုံးဥပဒေ The Criminal Procedure Code ပုဒ်မ၄၄၈ (၁) ပါပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ပြီး အဆိုပါ ပုဒ်မ ၄၄၈ (၁)တွင် ဇနီး နှင့်ကိုယ်တိုင်ရှာဖွေ စားသောက်ခြင်း မပြုနိုင်သည့် တရားဝင် သို့မဟုတ် တရားမဝင်သားသမီးများကို တစ်လ လျှင် ကျပ် ၅ဝ ထက်မပိုစေဘဲ ထောက်ပံ့ကြေးပေးရန် ခွင့်ပြုနိုင် ကြောင်း ပြဋ္ဌာန်းထားသည်။

စွမ်းရဲထွဋ်
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

No comments:

Post a Comment