Wednesday 16 July 2014

တိုက်ပွဲဖြစ်ပွားနေခြင်းဟာ SSA (၀မ်ဟိုင်း) အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကတိက၀တ်များအပေါ် ချိုးဖောက်မှုကြောင့်ပါ

Photo: တိုက်ပွဲဖြစ်ပွားနေခြင်းဟာ SSA (၀မ်ဟိုင်း) အဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကတိက၀တ်များအပေါ် ချိုးဖောက်မှုကြောင့်ပါ
Wednesday, July 16, 2014

ငြိမ်းချမ်းနေပြီဖြစ်တဲ့ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာလို့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။ တာဖာဆောင်တံတားပတ်ဝန်းကျင်မှာရှိတဲ့ ၀မ်ဝပ်၊ ဖာဆောင်၊ ငူးလိန်၊ လွယ်ခေါ် ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင် ဒုက္ခသည်တွေ အဖြစ် ၀မ်ဝပ်ဘုန်းကြီးကျောင်းမှာ ခိုလှုံ နေကြရပါတယ်။ ဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားလာမှုနဲ့ ပတ်သက်ပြီး ဒေါ်နန်းဝါနုရဲ့ SSA(၀မ်ဟိုင်း) အဖွဲ့ဖက်မှ ဘက်လိုက် ပြောဆိုပေးနေမှုတွေ ရှိနေတာကြောင့် ကျွန်တော်ကတော့ အဓိကတရားခံဖြစ်တဲ့ SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေကို ချိုးဖောက်မှုကြောင့်လို့ ရဲရဲတင်းတင်း ပြော လိုက်ချင်ပါတယ်။

ဒီတာဖာဆောင်တံတား ၀န်းကျင်ဟာ ဟိုးအရင်ကတည်းက အစိုးရတပ်တွေ လှုပ်ရှားသွားလာနေတဲ့ တစ်နည်းအားဖြင့် နယ်မြေစိုးမိုးရေးလုပ်နေတဲ့ နယ်မြေဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ဒေသခံရှမ်းအားလုံး သိကြပါတယ်။ SSA (၀မ်ဟိုင်း) အဖွဲ့ ငြိမ်းချမ်းရေး မယူခင်ကတည်းက အဲဒီတံတားနဲ့ ပတ်ဝန်းကျင်ရွာတွေမှာ အစိုးရတပ်တွေ သွားလာလှုပ်ရှားနေခဲ့တာ ဖြစ်ပြီး ဘာပြဿနာမှ မရှာခဲ့ပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း SSA (၀မ်ဟိုင်း) အဖွဲ့က ကျွန်တော်တို့ ရွာတွေ ထဲမှာ လာပြီးဆက်ကြေးနဲ့ ရိက္ခာတွေလာတောင်းတယ်၊ ပြီးတော့ တာဖာဆောင် တံတားနားမှာ စခန်းချတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ ဒါကို အစိုးရတပ်တွေက SSA (၀မ်ဟိုင်း) အဖွဲ့ရဲ့ နယ်မြေမဟုတ်တဲ့အတွက် ဖယ်ပေးဖို့ ကြိုတင်အကြောင်း ကြားတာတွေ ပြုလုပ်ခဲ့တာ ဒေသခံတွေလည်း သိကြပါတယ်။

ကျွန်တော်တို့ ရွာတွေမှာ ၀င်ထွက် သွားလာနေတဲ့ အစိုးရတပ်တွေက အရာရှိကြီးတွေဟာ ရွာလူကြီးတွေကနေတစ်ဆင့် SSA (၀မ်ဟိုင်း) အဖွဲ့ကို အချိန်အတိအကျ သတ်မှတ်ပြီး ဖယ်ပေးဖို့ အကြောင်းကြားစာပို့တာ ကျွန်တော်တို့လည်း သိနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ ဒုက္ခရောက်မှာစိုးလို့ အစိုးရတပ်က SSA(၀မ်ဟိုင်း)အဖွဲ့ကို ညှိုနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံတွေကလည်း တိုက်ပွဲတွေဖြစ်မှာစိုးရိမ်ပြီး SSA(၀မ်ဟိုင်း)အဖွဲ့ကို တာဖောဆောင် တံတားနဲ့ ဒီရွာတွေကနေ ဖယ်ပေးဖို့ ရပ်မိရပ်ဖတွေ သွားရောက်တောင်းပန်ခဲ့ပါသေးတယ်၊ ဒါပေမယ့် SSA(၀မ်ဟိုင်း)အဖွဲ့ က ဖယ်မပေးမယ့်အပြင် နယ်မြေစိုးမိုးရေးလုပ်နေတဲ့ အစိုးရတပ်တွေကို စပြီးတိုက်ခိုက်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တာ ဖြစ်ပါတယ်။

ဒေသခံပြည်သူတွေဒုက္ခသည်ဘ၀ရောက်ရပြီဆိုတော့ ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအွမ်ဆိုင်မိုင်းက စိုက်ပျိုးရာသီကာလ ဖြစ်တာကြောင့် စိုက်ပျိုး လုပ်ကိုင်ဖို့ ကျေးလက်ဒေသခံပြည်သူတွေ ဒုက္ခရောက်စေတဲ့ စစ်ရေးလှုပ်ရှား မှုတွေ အမြန်ဆုံး ရပ်တန့်ပေးနိုင်ပါရန်နှင့် ယင်းစစ်ရေးလှုပ်ရှားမှုများကြောင့် ဒုက္ခအခက်အခဲရောက်နေကြ ရသော ကျေးသီးမြို့နယ် ၀မ်ဝပ် ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်တိုင်းရင်းသားများ အေးချမ်းစွာ ပြန်လည်နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ပေး ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့အရေးကြီး အဆိုတင်သွင်းခဲ့ကာ ရုပ်မြင်သံကြားမှာ နားထောင်လိုက်ရပါတယ်။ အဲဒီအဆိုကို ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွှန့်က SSA(၀မ်ဟိုင်း) အဖွဲ့အနေဖြင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်များကို ကတိ မတည်ဘဲ အကြိမ်ကြိမ် ချိုးဖောက်လျက်ရှိသော်လည်း တပ်မတော် စစ်ကြောင်းများအနေဖြင့် လောလောဆယ် စစ်ရေး နည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်းခြင်းမရှိသေးဘဲ သတ်မှတ်ထားသည့်နေရာများသို့ ပြန်လည်ဆုတ် ခွာပေးရန် အကြာင်းကြားပြီး လုံလောက်သည့်အချိန်ကိုလည်း သတ်မှတ်ပေးထားကြောင်း၊ SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသား များကို ခုတုံးလုပ်ကာ အကာအကွယ်ယူလျက် တစ်ဖက်လှည့်ဆောင်ရွက်ခြင်း သာဖြစ်တယ်ဆိုပြီး ပြန်လည်ရှင်းပြသွားတာ တွေ့ရ ပါတယ်။

မှန်ပါတယ်။ SSA(၀မ်ဟိုင်း)အဖွဲ့ဟာ ငြိမ်းချမ်းရေးသဘောတူညီမှုကို မလိုက်နာတာကြောင့် ကျွန်တော်တို့ နယ်မြေမှာ တိုက်ပွဲတွေဖြစ်ရတာပါ။ တကယ်ဆိုရင် SSA(၀မ်ဟိုင်း)အဖွဲ့အနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေ မှာ ပြန်နေသင့်တာပေါ့။ အဲဒီလိုသာ လိုက်နာမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်စရာ အကြောင်းမရှိတော့ဘဲ ဒေသခံရွာသားတွေလည်း သက်ဆိုင်ရာ ကျေးရွာတွေကို အချိန်မရွေးပြန်နေလို့ရပါပြီ။ SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် တိုက်ပွဲဖြစ်တာကို သိနေပါ ရက်နဲ့ ကွန်ဟိန်းမြို့နယ် လွှတ်တော် အမတ်ဒေါ်နန်းဝါနုရဲ့ မဆင်မခြင် စကားကြောင့် ကျွန်တော်တို့ အားလုံး အံ့အားသင့် ရပါတယ်။ ဒေါ်နန်းဝါနုက တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် မြန်မာ့တပ်မတော် စစ်ကြောင်းတို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ပေး၍ ဆွေးနွေးညှိနှိုင်းသော နိုင်ငံရေးနည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းပါလို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒေါ်နန်းဝါနုရဲ့ တိုင်းရင်းသားတော်လှန်ရေး တပ်များဆိုတဲ့ အသုံးအနှုန်းဟာ အပြုသဘောမဟုတ်ဘဲ အဖျက်သဘောအဓိပ္ပါယ်ဆောင်တာကြောင့် အဲဒီလို မသုံးနှုန်းဖို့ ဦးရွှေမန်းကတောင် သတိပေး ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒေါ်နန်းဝါနုကြောင့် ရရှိပြီးသား ငြိမ်းချမ်းရေးထိခိုက်သွားမယ်ဆိုရင် ကျွန်တော်တို့ဒေသခံ ရှမ်းတိုင်းရင်းသားအားလုံးက ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ အဲဒီလို SSA (၀မ်ဟိုင်း)အဖွဲ့ကို တိုင်းရင်းသားတော်လှန်ရေးတပ်များ လို့ ဒေါ်နန်းဝါနု ဘာကြောင့် သုံးနှုန်းတာလဲဆိုတော့ သူ့ယောက်ျားနဲ့ ဆွေးမျိုးတွေ ဟာ SSA(၀မ်ဟိုင်း) အဖွဲ့က ဖြစ်နေတာကြောင့်ပါ။ ဒါ့ကြောင့် SSA(၀မ်ဟိုင်း) အဖွဲ့ရဲ့ အမှားလုပ်ရပ်ကို ဖုံးကွယ်ဖို့ ကြိုးစားပြီး ဘက် လိုက်ပြောဆိုခဲ့ခြင်း သာ ဖြစ်ပါတယ်။ အဲဒီ ကိစ္စကြောင့် ဒေါ်နန်းဝါနုအပေါ် ဒေသခံရှမ်းတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

ကျွန်တော်တို့ဒေသခံရှမ်းတွေဟာ အေးချမ်းတည်ငြိမ်တဲ့ လူနေမှုဘ၀ကိုပဲ လိုချင်တာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ဒုက္ခသည် ဘ၀ရောက်ရတာ တကယ်စိတ်မကောင်းပါဘူး။ ကိုယ့်ရွာကိုယ့်အိမ် မှာ ပြန်ပြီး နေချင်ကြ ပါပြီ။ ဒါ့ကြောင့်တိုက်ပွဲတွေ ဖြစ်ပွားရတဲ့ အဓိကတရားခံဟာ SSA(၀မ်ဟိုင်း)အဖွဲ့ဖြစ်တာကြောင့် ငြိမ်းချမ်းရေးကတိက၀တ်တွေ အတိုင်း လိုက်နာစေချင်ပါတယ်။ ဒေသခံရှမ်းလူထုကြားထဲမှာ ထင်ကြေး အမျိုးမျိုးပေးနေကြပေမယ့် တကယ်တမ်းကြတော့ တိုက်ပွဲတွေဖြစ်ပွားနေခြင်းဟာ SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ ငြိမ်းချမ်းရေးကတိက၀တ်တွေအပေါ် ချိုးဖောက်မှုကြောင့်ပါလို့ပဲ ပြောချင်ပါတယ်။

စိုင်းသီဟစံ
Myanmar Forward
ငြိမ်းချမ်းနေပြီဖြစ်တဲ့ ကျွန်တော်တို့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား လာလို့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။ တာဖာဆောင်တံတားပတ်ဝန်းကျင်မှာရှိတဲ့ ၀မ်ဝပ်၊ ဖာဆောင်၊ ငူးလိန်၊ လွယ်ခေါ် ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ စစ်ဘေးရှောင် ဒုက္ခသည်တွေ အဖြစ် ၀မ်ဝပ်ဘုန်းကြီးကျောင်းမှာ ခိုလှုံ နေကြရပါတယ်။ ဒီဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားလာမှုနဲ့ ပတ်သက်ပြီး ဒေါ်နန်းဝါနုရဲ့ SSA(၀မ်ဟိုင်း) အဖွဲ့ဖက်မှ ဘက်လိုက် ပြောဆိုပေးနေမှုတွေ ရှိနေတာကြောင့် ကျွန်တော်ကတော့ အဓိကတရားခံဖြစ်တဲ့ SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေကို ချိုးဖောက်မှုကြောင့်လို့ ရဲရဲတင်းတင်း ပြော လိုက်ချင်ပါတယ်။

ဒီတာဖာဆောင်တံတား ၀န်းကျင်ဟာ ဟိုးအရင်ကတည်းက အစိုးရတပ်တွေ လှုပ်ရှားသွားလာနေတဲ့ တစ်နည်းအားဖြင့် နယ်မြေစိုးမိုးရေးလုပ်နေတဲ့ နယ်မြေဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ဒေသခံရှမ်းအားလုံး သိကြပါတယ်။ SSA (၀မ်ဟိုင်း) အဖွဲ့ ငြိမ်းချမ်းရေး မယူခင်ကတည်းက အဲဒီတံတားနဲ့ ပတ်ဝန်းကျင်ရွာတွေ မှာ အစိုးရတပ်တွေ သွားလာလှုပ်ရှားနေခဲ့တာ ဖြစ်ပြီး ဘာပြဿနာမှ မရှာခဲ့ပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေး ယူပြီးနောက်ပိုင်း SSA (၀မ်ဟိုင်း) အဖွဲ့က ကျွန်တော်တို့ ရွာတွေ ထဲမှာ လာပြီးဆက်ကြေးနဲ့ ရိက္ခာတွေလာ တောင်း တယ်၊ ပြီးတော့ တာဖာဆောင် တံတားနားမှာ စခန်းချတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ ဒါကို အစိုးရ တပ်တွေက SSA (၀မ်ဟိုင်း) အဖွဲ့ရဲ့ နယ်မြေမဟုတ်တဲ့အတွက် ဖယ်ပေးဖို့ ကြိုတင်အကြောင်း ကြားတာတွေ ပြုလုပ်ခဲ့တာ ဒေသခံတွေလည်း သိကြပါတယ်။

ကျွန်တော်တို့ ရွာတွေမှာ ၀င်ထွက် သွားလာနေတဲ့ အစိုးရတပ်တွေက အရာရှိကြီးတွေဟာ ရွာလူကြီးတွေ ကနေ တစ်ဆင့် SSA (၀မ်ဟိုင်း) အဖွဲ့ကို အချိန်အတိအကျ သတ်မှတ်ပြီး ဖယ်ပေးဖို့ အကြောင်းကြားစာ ပို့တာ ကျွန်တော်တို့လည်း သိနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒေသခံပြည်သူတွေ ဒုက္ခရောက်မှာစိုးလို့ အစိုးရတပ်က SSA(၀မ်ဟိုင်း)အဖွဲ့ကို ညှိုနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံတွေကလည်း တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်ပြီး SSA(၀မ်ဟိုင်း)အဖွဲ့ကို တာဖောဆောင် တံတားနဲ့ ဒီရွာတွေကနေ ဖယ်ပေးဖို့ ရပ်မိရပ်ဖတွေ သွားရောက်တောင်းပန်ခဲ့ပါသေးတယ်၊ ဒါပေမယ့် SSA(၀မ်ဟိုင်း)အဖွဲ့ က ဖယ်မပေးမယ့်အပြင် နယ်မြေ စိုးမိုးရေး လုပ်နေတဲ့ အစိုးရတပ်တွေကို စပြီးတိုက်ခိုက်တဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တာ ဖြစ်ပါတယ်။

ဒေသခံပြည်သူတွေဒုက္ခသည်ဘ၀ရောက်ရပြီဆိုတော့ ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအွမ်ဆိုင်မိုင်းက စိုက်ပျိုး ရာသီ ကာလ ဖြစ်တာကြောင့် စိုက်ပျိုး လုပ်ကိုင်ဖို့ ကျေးလက်ဒေသခံပြည်သူတွေ ဒုက္ခရောက်စေတဲ့ စစ်ရေး လှုပ်ရှား မှုတွေ အမြန်ဆုံး ရပ်တန့်ပေးနိုင်ပါရန်နှင့် ယင်းစစ်ရေးလှုပ်ရှားမှုများကြောင့် ဒုက္ခအခက်အခဲ ရောက်နေကြ ရသော ကျေးသီးမြို့နယ် ၀မ်ဝပ် ကျေးရွာအုပ်စုမှ စစ်ဘေးရှောင်တိုင်းရင်းသားများ အေးချမ်းစွာ ပြန် လည် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ကူညီဆောင်ရွက်ပေး ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့အရေးကြီး အဆိုတင်သွင်းခဲ့ကာ ရုပ်မြင်သံကြားမှာ နားထောင်လိုက်ရပါတယ်။ အဲဒီအဆိုကို ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွှန့်က SSA(၀မ်ဟိုင်း) အဖွဲ့အနေဖြင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ကို ကတိ မတည်ဘဲ အကြိမ်ကြိမ် ချိုးဖောက်လျက်ရှိသော်လည်း တပ်မတော် စစ်ကြောင်းများအနေဖြင့် လောလောဆယ် စစ်ရေး နည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်းခြင်းမရှိသေးဘဲ သတ်မှတ်ထားသည့်နေရာများသို့ ပြန်လည်ဆုတ် ခွာပေးရန် အကြာင်းကြားပြီး လုံလောက်သည့်အချိန်ကိုလည်း သတ်မှတ်ပေးထားကြောင်း၊ SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသား များကို ခုတုံးလုပ်ကာ အကာအကွယ်ယူလျက် တစ်ဖက်လှည့်ဆောင်ရွက်ခြင်း သာဖြစ်တယ်ဆိုပြီး ပြန်လည်ရှင်းပြသွားတာ တွေ့ရ ပါတယ်။

မှန်ပါတယ်။ SSA(၀မ်ဟိုင်း)အဖွဲ့ဟာ ငြိမ်းချမ်းရေးသဘောတူညီမှုကို မလိုက်နာတာကြောင့် ကျွန်တော်တို့ နယ်မြေမှာ တိုက်ပွဲတွေဖြစ်ရတာပါ။ တကယ်ဆိုရင် SSA(၀မ်ဟိုင်း)အဖွဲ့အနေနဲ့ သတ်မှတ်ထားတဲ့ နေရာ တွေ မှာ ပြန်နေသင့်တာပေါ့။ အဲဒီလိုသာ လိုက်နာမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်စရာ အကြောင်းမရှိတော့ဘဲ ဒေသခံရွာသားတွေလည်း သက်ဆိုင်ရာ ကျေးရွာတွေကို အချိန်မရွေးပြန်နေလို့ရပါပြီ။ SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် တိုက်ပွဲဖြစ်တာကို သိနေပါ ရက်နဲ့ ကွန်ဟိန်းမြို့နယ် လွှတ်တော် အမတ်ဒေါ်နန်းဝါနုရဲ့ မဆင်မခြင် စကားကြောင့် ကျွန်တော်တို့ အားလုံး အံ့အားသင့် ရပါတယ်။ ဒေါ်နန်းဝါနုက တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် မြန်မာ့တပ်မတော် စစ်ကြောင်း တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ပေး၍ ဆွေးနွေးညှိနှိုင်းသော နိုင်ငံရေးနည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းပါလို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒေါ်နန်းဝါနုရဲ့ တိုင်းရင်းသား တော်လှန်ရေး တပ်များဆိုတဲ့ အသုံးအနှုန်းဟာ အပြုသဘောမဟုတ်ဘဲ အဖျက်သဘောအဓိပ္ပါယ် ဆောင်တာကြောင့် အဲဒီလို မသုံးနှုန်းဖို့ ဦးရွှေမန်းကတောင် သတိပေး ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒေါ်နန်းဝါနုကြောင့် ရရှိပြီးသား ငြိမ်းချမ်းရေးထိခိုက်သွားမယ်ဆိုရင် ကျွန်တော်တို့ဒေသခံ ရှမ်းတိုင်းရင်းသား အားလုံးက ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ အဲဒီလို SSA (၀မ်ဟိုင်း)အဖွဲ့ကို တိုင်းရင်းသားတော်လှန်ရေးတပ်များ လို့ ဒေါ်နန်းဝါနု ဘာကြောင့် သုံးနှုန်းတာလဲဆိုတော့ သူ့ယောက်ျားနဲ့ ဆွေးမျိုးတွေ ဟာ SSA(၀မ်ဟိုင်း) အဖွဲ့က ဖြစ်နေတာကြောင့်ပါ။ ဒါ့ကြောင့် SSA(၀မ်ဟိုင်း) အဖွဲ့ရဲ့ အမှားလုပ်ရပ်ကို ဖုံးကွယ်ဖို့ ကြိုးစားပြီး ဘက် လိုက်ပြောဆိုခဲ့ခြင်း သာ ဖြစ်ပါတယ်။ အဲဒီ ကိစ္စကြောင့် ဒေါ်နန်းဝါနုအပေါ် ဒေသခံရှမ်းတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

ကျွန်တော်တို့ဒေသခံရှမ်းတွေဟာ အေးချမ်းတည်ငြိမ်တဲ့ လူနေမှုဘ၀ကိုပဲ လိုချင်တာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ဒုက္ခသည် ဘ၀ရောက်ရတာ တကယ်စိတ်မကောင်းပါဘူး။ ကိုယ့်ရွာကိုယ့်အိမ် မှာ ပြန်ပြီး နေချင်ကြ ပါပြီ။ ဒါ့ကြောင့်တိုက်ပွဲတွေ ဖြစ်ပွားရတဲ့ အဓိကတရားခံဟာ SSA(၀မ်ဟိုင်း)အဖွဲ့ဖြစ်တာကြောင့် ငြိမ်းချမ်းရေးကတိက၀တ်တွေ အတိုင်း လိုက်နာစေချင်ပါတယ်။ ဒေသခံရှမ်းလူထုကြား ထဲမှာ ထင်ကြေး အမျိုးမျိုးပေးနေကြပေမယ့် တကယ်တမ်းကြတော့ တိုက်ပွဲတွေဖြစ်ပွားနေခြင်းဟာ SSA (၀မ်ဟိုင်း)အဖွဲ့ရဲ့ ငြိမ်းချမ်းရေးကတိက၀တ်တွေအပေါ် ချိုးဖောက်မှုကြောင့်ပါလို့ပဲ ပြောချင်ပါတယ်။

စိုင်းသီဟစံ
Myanmar Forward

No comments:

Post a Comment