Wednesday 16 July 2014

တောင်-မြောက်လမ်းဆုံအနီး ခရီးသည်တင်ဘီအမ်တစ်စီး တိမ်းမှောက် ခရီးသည် ၂၀ ဒဏ်ရာရ၊ ယာဉ်မောင်းထွက်ပြေး

Photo: တောင်-မြောက်လမ်းဆုံအနီး ခရီးသည်တင်ဘီအမ်တစ်စီး တိမ်းမှောက် 
ခရီးသည် ၂၀ ဒဏ်ရာရ၊ ယာဉ်မောင်းထွက်ပြေး
Wednesday, July 16, 2014

ခရီးသည် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ် တိမ်းမှောက်မှုတစ်ခု မြောက်ဒဂုံ မြို့နယ် ရှိ တောင်-မြောက်လမ်းဆုံ အနီးတွင် ဇူလိုင်လ ၁၅ ရက်၊ ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တာ မွေမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းအမှတ် ၁၈၇ ရှိ ဘီအမ် အမျိုးအစားယာဉ် တစ်စီးသည် ဇူလိုင်လ ၁၅ ရက်၊ ညနေပိုင်းက တာမွေမြို့နယ်မှ တောင်ဒဂုံမြို့နယ်သို့ လေးထောင့် ကန်လမ်းမကြီးအတိုင်းပြေးဆွဲလာ ရာ ယင်းနေ့ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် မြောက်ဒဂုံမြို့နယ် ရှိ လေးထောင့် ကန်လမ်းနှင့် ပြည်ထောင် စုလမ်းမကြီးထောင့်ရှိ တောင်-မြောက် လမ်းဆုံအနီးသို့ ရောက်ရှိစဉ် ရုတ် တရက် မီးပွိုင့်နီသွားသည့်အတွက် လေးထောင့်ကန်

လမ်းမကြီးပေါ်မှ နေ၍ တောင်ဒဂုံမြို့နယ်အတွင်းမှ ဖြတ်ကျော်မောင်းနှင်ရန် တောင်ဒဂုံ မြို့နယ်ဘက်ခြမ်းသို့ကွေ့လိုက်စဉ် အရှိန်မထိန်းနိုင်ဘဲ ယခုကဲ့သို့တိမ်း မှောက်သွားခြင်းဖြစ်ကြောင်း အခင်း ဖြစ်ပွားရာနေရာသို့ရောက်ရှိနေသည့် ရဲအုပ်ယဉ်ဌေးက ဒီမိုကရေစီတူဒေး သတင်းစာသို့ပြောသည်။

''အရှိန်လွန်ပြီးမှောက်တာပါ။ ယာဉ်မောင်းက ထွက်ပြေးသွား တယ်။ ယာဉ်နောက်လိုက်ကိုတော့ တောင်ဒဂုံရဲစခန်းမှာ ထိန်းသိမ်း ထားပါတယ်''ဟု ယင်းက ဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ် ပါခရီးသည် ၂၀ ဦးခန့်မှာ အားလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယင်းတို့ အားလုံးမှာ ယခုအခါ သင်္ဃန်းကျွန်း မြို့နယ်ရှိ စံပြဆေးရုံကြီးတွင် ဆေး ကုသမှုခံယူနေရကြောင်း သိရသည်။ 

ယင်းအပြင် အဆိုပါယာဉ် တိမ်းမှောက်သွားမှုကြောင့် တောင် ဒဂုံဘက်ခြမ်းတွင်ရပ်နားထားသည့် ယာဉ်တစ်စီး ထိခိုက်ပျက်စီးမှုအ နည်းငယ်ဖြစ်ပေါ်ခဲ့သည်။ ကျောင်းသား ၃ ဦးပါဝင် သည့် အဆိုပါထိခိုက်ဒဏ်ရာရရှိသူများ တွင် စိုးရိမ်ရသည့်ဒဏ်ရာရရှိသူများ ကို မတွေ့ရသေးကြောင်း အဆိုပါ အမှုကိုစစ်ဆေးသည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ယာဉ်မှူးစစ် ရဲအုပ် ဇော် ဇော်လတ်က ဒီမိုကရေစီတူဒေးသ တင်းစာသို့ အတည်ပြုပြောသည်။

''အဲဒီကားက တည့်တည့်သွား ရမှာ။ မသွားဘဲကွေ့လိုက်တော့ ခု လိုဖြစ်တာ''ဟု မျက်မြင်တွေ့ရှိ ခဲ့သူ ဦးအောင်လွင်က ပြောသည်။ ယခုဖြစ်စဉ်ကို တောင်ဒဂုံမြို့ နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူ ရန်စီစဉ်နေပြီဖြစ်ကြောင်း ရဲအုပ် ယဉ်ဌေးက ပြောခဲ့သည်။

MYK(SWM)
Democracytoady
Yangon Media Group
ခရီးသည် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ် တိမ်းမှောက်မှုတစ်ခု မြောက်ဒဂုံ မြို့နယ် ရှိ တောင်-မြောက်လမ်းဆုံ အနီးတွင် ဇူလိုင်လ ၁၅ ရက်၊ ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တာ မွေမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းအမှတ် ၁၈၇ ရှိ ဘီအမ် အမျိုးအစားယာဉ် တစ်စီးသည် ဇူလိုင်လ ၁၅ ရက်၊ ညနေပိုင်းက တာမွေမြို့နယ်မှ တောင်ဒဂုံမြို့နယ်သို့ လေးထောင့် ကန်လမ်းမကြီးအတိုင်းပြေးဆွဲလာ ရာ ယင်းနေ့ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် မြောက်ဒဂုံမြို့နယ် ရှိ လေးထောင့် ကန်လမ်းနှင့် ပြည်ထောင် စုလမ်းမကြီးထောင့်ရှိ တောင်-မြောက် လမ်းဆုံအနီးသို့ ရောက်ရှိစဉ် ရုတ် တရက် မီးပွိုင့်နီသွားသည့်အတွက် လေးထောင့်ကန်

လမ်းမကြီးပေါ်မှ နေ၍ တောင်ဒဂုံမြို့နယ်အတွင်းမှ ဖြတ်ကျော်မောင်းနှင်ရန် တောင်ဒဂုံ မြို့နယ်ဘက်ခြမ်းသို့ ကွေ့လိုက်စဉ် အရှိန်မထိန်းနိုင်ဘဲ ယခုကဲ့သို့တိမ်း မှောက်သွားခြင်းဖြစ်ကြောင်း အခင်း ဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် ရဲအုပ်ယဉ်ဌေးက ဒီမိုကရေစီတူဒေး သတင်းစာသို့ပြောသည်။

''အရှိန်လွန်ပြီးမှောက်တာပါ။ ယာဉ်မောင်းက ထွက်ပြေးသွား တယ်။ ယာဉ်နောက်လိုက်ကိုတော့ တောင်ဒဂုံ ရဲစခန်း မှာ ထိန်းသိမ်း ထားပါတယ်''ဟု ယင်းက ဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ် ပါခရီးသည် ၂၀ ဦးခန့်မှာ အားလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယင်းတို့ အားလုံးမှာ ယခုအခါ သင်္ဃန်းကျွန်း မြို့နယ်ရှိ စံပြဆေးရုံကြီးတွင် ဆေး ကုသမှုခံယူနေရကြောင်း သိရသည်။ 

ယင်းအပြင် အဆိုပါယာဉ် တိမ်းမှောက်သွားမှုကြောင့် တောင် ဒဂုံဘက်ခြမ်းတွင်ရပ်နားထားသည့် ယာဉ် တစ်စီး ထိ ခိုက် ပျက်စီးမှုအ နည်းငယ်ဖြစ်ပေါ်ခဲ့သည်။ ကျောင်းသား ၃ ဦးပါဝင် သည့် အဆိုပါထိခိုက် ဒဏ်ရာရရှိသူများ တွင် စိုးရိမ်ရသည့်ဒဏ်ရာရရှိသူများ ကို မတွေ့ရသေးကြောင်း အဆိုပါ အမှုကိုစစ်ဆေး သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ယာဉ်မှူးစစ် ရဲအုပ် ဇော် ဇော်လတ်က ဒီမိုကရေစီတူဒေးသ တင်းစာသို့ အတည်ပြုပြောသည်။

''အဲဒီကားက တည့်တည့်သွား ရမှာ။ မသွားဘဲကွေ့လိုက်တော့ ခု လိုဖြစ်တာ''ဟု မျက်မြင်တွေ့ရှိ ခဲ့သူ ဦးအောင်လွင် က ပြောသည်။ ယခုဖြစ်စဉ်ကို တောင်ဒဂုံမြို့ နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူ ရန်စီစဉ် နေပြီဖြစ်ကြောင်း ရဲအုပ် ယဉ်ဌေးက ပြောခဲ့သည်။

MYK(SWM)
Democracytoady
Yangon Media Group

No comments:

Post a Comment