Wednesday 16 July 2014

မြန်မာနိုင်ငံအတွက် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ် ပန်ကာများ တီထွင်နေ

ရန်ကုန်၊ ဇူလိုင် ၁၄- စင်ကာပူ အခြေစိုက် EUROLITE TECHNOLOGIES PTE,LTD က မြန်မာနိုင်ငံနှင့် ကိုက်ညီ မည့် လေစွမ်း အင်သုံး လျှပ်စစ်ဓာတ်အားထုတ် ပန်ကာအရွယ်အစားများကို တီထွင်နေပြီး ထွက်ရှိ လာပါက သင့်တော် သည့်ဈေးနှုန်းဖြင့် တင်သွင်းရောင်းချ သွားရန် စီစဉ်နေကြောင်း သိရသည်။

''မြန်မာပြည်နဲ့ကိုက်မယ်ထင် တဲ့ လေပန်ကာနဲ့ နေစွမ်းအင်ကို စပြီး မိတ်ဆက်တာ။ မြန်မာနိုင်ငံမှာ ကျွန် တော်သိထားတာက လျှပ်စစ်ဓာတ် အားလိုင်းမရနိုင်တဲ့နေရာ ၇ဝရာခိုင် နှုန်းကျော်ရှိတယ်။ အဲဒီလိုနေရာတွေ မှာ လေနဲ့နေကတော့ ရှိနေမှာပါ''ဟု  ယင်းကုမ္ပဏီ၏ အကြီးတန်းဈေးကွက် မန်နေဂျာ မိုက်ကယ်ဝင်းက ဆိုသည်။

အဆိုပါကုမ္ပဏီသည် ကိုရီးယား တွင် ပစ္စည်းထုတ်လုပ်ပြီး စင်ကာပူတွင် လုပ်ငန်းစီမံကိန်း၁ဝဝကျော် ဆောင် ရွက်ခွင့်ရထားပြီး လက်ရှိတွင် မြန်မာ ပြည်နှင့်ကိုက်ညီမည့် ဈေးနှုန်းများဖြင့် ဈေးကွက်ထိုးဖောက်ရန် ကြိုးစားနေ ခြင်းဖြစ်ကြောင်း သိရသည်။

''ဈေးနှုန်းကို မသတ်မှတ်ရသေးဘူး''ဟု နေစွမ်းအင်သုံး Sola Tube ၏ စင်ကာပူရုံးမှ အရောင်းဝန်ထမ်း ဒေါ် ခင်အေးလွင်ကာရိုးလ်က ပြောသည်။

အဆိုပါနေစွမ်းအင်၊ လေစွမ်း အင်သုံး ပစ္စည်းများမှာ အမေရိကန် နည်းပညာကို အခြေခံသည့်ကိုရီးယား နိုင်ငံထုတ်ပစ္စည်းများဖြစ်ပြီး ကွန်ဒို၊ ကားပါကင်၊ မှောင်သည့်နေရာများ၊ စက်ရုံအလုပ်ရုံများ၌ အသုံးပြုနိုင် ကြောင်း သိရသည်။

KSL (MMK)
Yangon Media Group

No comments:

Post a Comment