Wednesday 16 July 2014

ဇွန်လအတွင်း ယာဉ်မတော်တဆမှုကြောင့် ငွေကျပ် သိန်းပေါင်း ၂၅၀၀ ကျော်ဆုံးရှုံးခဲ့

ဇွန်လ တစ်လလုံးတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု များကြောင့် ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၂၅၂၄၈၀၀၀၀ အထိ ရှိခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ သတင်း အချက်အလက် များအရ သိရသည်။ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး နယ်နိမိတ် အတွင်း ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှု များအနက် ဒဂုံမြို့နယ် ၌ ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆ ဖြစ်စဉ်များမှာ ဆုံးရှုံးမှု တန်ဖိုး အများဆုံး ဖြစ်ပေါ်ခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၁၇၇၉ သိန်း ဆုံးရှုံးခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။အဆိုပါ ယာဉ် မတော်တဆ ဖြစ်ပွားသည့် ဖြစ်စဉ် များကြောင့် အမျိုးသား ၃၁ ဦး နှင့် အမျိုးသမီး ၄ဦး ၊ စုစုပေါင်း ၃၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ဦးရေမှာ အမျိုးသား ၁၇၁ ဦး နှင့် အမျိုးသမီး ၇၀ ဦး ၊ စုစုပေါင်း ၂၄၁ ဦးအထိ ရှိခဲ့သည်။

ယာဉ်တိုက်မှု ဖြစ်ပွားသည့် ဖြစ်စဉ်များကြောင့် အရေးယူမှု များလည်း ပြုလုပ်ခဲ့ပြီး ပုဒ်မ ၂၇၉ ဖြင့် ၃၅ မှု ၊ ပုဒ်မ ၃၃၇ ဖြင့် ၃၅ မှု ၊ ပုဒ်မ ၃၃၈ ဖြင့် ၈၅ မှု ၊ ပုဒ်မ ၃၀၄(က) ဖြင့် ၃၅ မှု ၊ စုစုပေါင်း အမှု ၁၉၀ ဖြင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။
" သေဆုံးသူ အများဆုံး ဖြစ်စဉ်တွေ ကတော့ သာကေတ မှာ ဖြစ်ပွားတဲ့ ယာဉ် မတော်တဆ မှုတွေနဲ့ လှိုင်သာယာ မှာဖြစ်တဲ့ ယာဉ် မတော်တဆ ဖြစ်စဉ်တွေမှာ သေဆုံးသူ ၅ ဦးစီနဲ့ ၁၀ ဦးအထိ ရှိခဲ့ပါတယ် ၊ ဆုံးရှုံးမှု တန်ဖိုး အမျးဆုံး မြို့နယ် တွေကတော့ ဒဂုံမြို့နယ် ဖြစ်ပြီး ငွေကျပ် ၁၇၇၉၀၀၀၀၀ အထိ ဆုံးရှုံး ခဲ့ပါတယ် ၊ ဒုတိယ အများဆုံး ကတော့ လှိုင်သာယာ မြို့နယ်ဖြစ်ပြီး ငွေကျပ်၁၆၉၆၀၀၀၀ ဆုံးရှုံး ခဲ့ပါတယ် ... " ဟု အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။
‎Themyawadydaily‬

No comments:

Post a Comment