Wednesday 16 July 2014

အာဖဂန်နစ္စတန် ဈေးတခုတွင် ကားဗုံးခွဲ၊ ၈၉ ဦး သေဆုံး

Photo: အာဖဂန်နစ္စတန် ဈေးတခုတွင် ကားဗုံးခွဲ၊ ၈၉ ဦး သေဆုံး
Wednesday, July 16, 2014

 အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းခရိုင် ပက်တီကာမြို့က လူထူတဲ့ဈေးထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားတစီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ပေါက်ကွဲလို့ လူ ၈၉ ယောက် သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။

အာဖဂန်ဒုရဲချုပ် နာဆာ အာမက် အဗ္ဗဒူရာဟင်ဇိုင်းကတော့ ရဲတွေက ကားဖောက်ခွဲမှု အကြောင်း သတင်းရထားလို့ လိုက်နေဆဲမှာ ပေါက်ကွဲခဲ့တာလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါဟာ ၁ နှစ်အတွင်း အာဖဂန်မှာ အကြမ်းဖက်ဆုံး တိုက်ခိုက်မှုတွေထဲက တခု ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ပါကစ္စတန်မှာ စစ်တပ်က တာလီဘန်တွေကို ကျန်ခဲ့တဲ့ အပတ်တွေက ထိုးစစ်ဆင်ခဲ့တဲ့ ၀ါဇီရစ်စ္စတန်မြောက်ပိုင်းဒေသနဲ့ မဝေးပါဘူး။ ပါကစ္စတန် တာလီဘန်တွေ အာဖဂန်နစ္စတန်နယ်ထဲကို ဆုတ်ခွာလာတာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေ ခန့်မှန်းနေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ ရာဇ၀တ်မှုအဖြစ် ရှုတ်ချလိုက်ပါတယ်။

အာဖဂန်နိုင်ငံတွင်းမှာတော့ တာလီဘန်တွေက နှောင့်ယှက်မယ်လို့ ကတိပြုထားတဲ့ သမ္မတရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေ ဖြစ်နေလို့ မဲတွေကို ပြန်ရေတွက်နေရပါတယ်။

စစ်ဖြစ်မှု အရှိန်မြင့်လာလို့ ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ အရပ်သား သေဆုံးနှုန်း ၄ ပုံ ၁ ပုံထိ ပိုမြင့်လာတယ်လို့ ကုလသမဂ္ဂက အရင်အပတ်က ပြောခဲ့ပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/archives/60382
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းခရိုင် ပက်တီကာမြို့က လူထူတဲ့ဈေးထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင် ထားတဲ့ ကားတစီး ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ပေါက်ကွဲလို့ လူ ၈၉ ယောက် သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။

အာဖဂန်ဒုရဲချုပ် နာဆာအာမက် အဗ္ဗဒူရာဟင်ဇိုင်းကတော့ ရဲတွေက ကားဖောက်ခွဲမှု အကြောင်း သတင်း ရထားလို့ လိုက်နေဆဲမှာ ပေါက်ကွဲခဲ့တာလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါဟာ ၁ နှစ်အတွင်း အာဖဂန်မှာ အကြမ်းဖက်ဆုံး တိုက်ခိုက်မှုတွေထဲက တခု ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ပါကစ္စတန်မှာ စစ်တပ်က တာလီဘန်တွေကို ကျန်ခဲ့တဲ့ အပတ်တွေက ထိုးစစ်ဆင်ခဲ့တဲ့ ၀ါဇီရစ်စ္စတန်မြောက်ပိုင်းဒေသနဲ့ မဝေးပါဘူး။ ပါကစ္စတန် တာလီဘန်တွေ အာဖဂန်နစ္စတန်နယ်ထဲကို ဆုတ်ခွာလာတာ ဖြစ်နိုင်တယ်လို့ အကဲခတ်တွေ ခန့်မှန်းနေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ ရာဇ၀တ်မှုအဖြစ် ရှုတ်ချလိုက်ပါတယ်။

အာဖဂန်နိုင်ငံတွင်းမှာတော့ တာလီဘန်တွေက နှောင့်ယှက်မယ်လို့ ကတိပြုထားတဲ့ သမ္မတရွေးကောက် ပွဲမှာ အငြင်းပွားမှုတွေ ဖြစ်နေလို့ မဲတွေကို ပြန်ရေတွက်နေရပါတယ်။

စစ်ဖြစ်မှု အရှိန်မြင့်လာလို့ ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ အရပ်သား သေဆုံးနှုန်း ၄ ပုံ ၁ ပုံထိ ပိုမြင့်လာတယ်လို့ ကုလသမဂ္ဂက အရင်အပတ်က ပြောခဲ့ပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/archives/60382

No comments:

Post a Comment