Wednesday 16 July 2014

ချိုးကွေ့မောင်းနှင်သောယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည်များ ဒဏ်ရာရ

၁၅.၇.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းအတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း မင်းနိုင်(၃၉)နှစ်မောင်းနှင်လာသော H ---- ဘီအမ်(၁၈၇)ယာဉ်လိုင်း ခရီးသည် တင်ယာဉ်သည် တောင်မြောက်လမ်းဆုံမီးပွိုင့်အရောက် ယာဘက်သို့ ချိုးကွေ့ မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့သဖြင့် လမ်းဘေးတွင် ရပ်ထားသော 7F---- နစ်ဆန်း ကိုယ်ပိုင် ယာဉ်၏ နောက်ပိုင်းအား တိုက်မိခဲ့ ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးပြီး H---- ဘီအမ်ယာဉ်ပေါ်ပါ ခရီးသည် ကျား(၅)ဦး၊ မ(၁၈)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲ နာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် အတွင်း/ ပြင်ပ လူနာ (မစိုးရိမ်ရ)များအဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း မင်းနိုင်အား ဒဂုံမြို့သစ် (တောင်းပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈/၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

No comments:

Post a Comment