Wednesday 16 July 2014

ယာယီနိုင်ငံကူး လက်မှတ်တုဖြင့် မူဆယ်နယ်စပ်ဂိတ်မှ ၀င်ရောက်သူ ၄၀၀ ကို တရုတ်နယ်ခြားစောင့်တပ် ဖမ်းဆီး

မူဆယ်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ် အသုံးပြုနိုင်သည့် ယာယီနိုင်ငံကူး လက်မှတ် အတုဖြင့် သွားရောက် သူ ၄၀၀ ခန့်ကို တရုတ်နယ်ခြား စောင့်တပ်က ဇူလိုင် ၁၅ ရက်တွင် ပထမဆုံးအကြိမ် ဖမ်းဆီး လိုက် ကြောင်း သတင်းရရှိသည်။

‘‘ဂိတ်သုံးဂိတ်စလုံးမှာ မှန် လုံကားတွေ ထိုးထားပြီး အရပ် ၀တ်တွေနဲ့ ဖမ်းတာ။ မြန်မာဘက် က အတုတွေ ထွက်နေတယ်။ ဖမ်း ပေးပါဆိုလို့ ဖမ်းတာ’’ဟု မူဆယ်- နမ့်ခမ်း ကုန်သည်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အတုနဲ့ အစစ်ဘယ်လို ကြည့်ရတယ်ဆိုတာကို မြန်မာ ဘက်က တရုတ်ကိုပြောလိုက် တယ်။ အရင်တုန်းက တံဆိပ်တုံး ထုထားရင် မဖမ်းဘူး။ အခုက အတုအစစ်ခွဲတတ်သွားတော့ ဖမ်းတာ’’ဟု မူဆယ်-နမ့်ခမ်းကုန် သည် အသင်းမှ အကြီးတန်းအရာရှိကြီးတစ်ဦးကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံဘက်ခြမ်းတွင် နေ ထိုင်၍ ယာယီနိုင်ငံကူး လက်မှတ်အတု ပြုလုပ်နေ သူ များကို တရုတ်အစိုးရအား ဖမ်းဆီးခိုင်း ပြီးနောက် ယာယီနိုင်ငံကူးအတု အစစ်ခွဲခြားနည်း ရှင်းပြခဲ့ ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

‘‘ဒီကိစ္စက ပြဿနာတော်  တော်ကြီးနိုင်တယ်။ ခုဖမ်းခံရတဲ့ ထဲမှာ မိန်းကလေးတွေလည်းပါ တယ်။ လူငယ်၊ လူကြီးအရွယ်စုံ ပါတယ်’’ဟု မူဆယ်ဒေသခံကုန် သည် ကိုထွန်းကိုကိုက ပြော ကြားသည်။

ဖမ်းဆီးခံရသူများအား ရွှေ လီမြို့သို့ခေါ်ဆောင်သွားပြီး ရွှေ လီအချုပ်ခန်း၌ ထားရှိသော်လည်း တွေ့ဆုံခွင့် မပေးကြောင်း ကိုယ် တိုင်သွားရောက်ခဲ့သူ ကိုထွန်းကို ကိုကပြောသည်။

မြန်မာအစိုးရအနေဖြင့် ရှမ်း မြောက်ပိုင်း သန်းခေါင်စာရင်း တွင် ပါဝင်သူများအား တရုတ် နိုင်ငံတွင်း ၀င်ထွက်နိုင်ရန် တစ် နှစ်သက်တမ်းရှိသည့်ယာယီနိုင်ငံ ကူးလက်မှတ်များ ထုတ်ပေးပြီး ရှမ်းမြောက်ဒေသခံမဟုတ်သူများ အား တစ်ကြိမ်သာ ၀င်ထွက်နိုင် သည့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည်။

အဆိုပါ တစ်နှစ်သက်တမ်း ရှိသည့် နိုင်ငံကူးလက်မှတ်အား မူ ဆယ်နှင့် ရှမ်းမြောက်ဒေသခံများ သည်ပင် အစိုးရက သတ်မှတ် ထားသော ဈေးနှုန်းအတိုင်းပြုလုပ်၍ မရဘဲ သတ်မှတ်ထားသည်ထက်များစွာ ပိုပေးမှရရှိကြသည်။

ဇူလိုင် ၉ ရက်က မူဆယ် ဒေသမှ စီးပွားရေး လုပ်ငန်းရှင် များနှင့် စီးပွားကူးသန်း ပြည် ထောင်စုဝန်ကြီး အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များတွေ့ဆုံပွဲ၌ တစ်နှစ်သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ်မြန် မာနိုင် ငံ သား အားလုံးကို ပြု လုပ်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှတာဝန်ရှိသူများက နိုင်ငံ တော် ဘတ်ဂျက် လျော့နည်းနိုင် ခြင်းနှင့် တရုတ်−မြန်မာနှစ်နိုင်ငံ ချုပ်ဆိုထားသော စာချုပ်ကြောင့်ပြုလုပ်မပေးနိုင်ကြောင်း ငြင်းဆိုခဲ့သည်။

နိုင်ငံကူးလက်မှတ်အတုဖြင့် ဖမ်းဆီးခံထားရသူများအား တရုတ် ယွမ်ငွေတစ်ထောင် (၁၆၀၀၀၀ ကျပ်) ပေးဆောင်ပါက ပြန်လွှတ် ပေးမည်ဟု သတင်းများထွက်ပေါ် နေကြောင်း သတင်းရရှိသည်။

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်-နမ့်ခမ်းမှ တစ်နေ့လျှင် မြန်မာနိုင်ငံသား ထောင်ဂဏန်း ကျော်တရုတ်နိုင်ငံ သို့ ၀င်ထွက် သွားလာကြသည်။

7Day DAILY 

No comments:

Post a Comment