Wednesday 16 July 2014

မိုဘိုင်းအင်တာနက် ၀န်ဆောင်မှုမှာ ယှဉ်ပြိုင်ဖို့ MPT ဂျပန်ကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်း

မြန်မာ့ဆက်သွယ်ရေး MPT နဲ့ ဂျပန်နိုင်ငံတိုကျို ချီအိုဒမြို့  အခြေစိုက် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ KDDI နှင့် ဂျပန်နိုင်ငံတိုကျို ချူးအိုမြို့ အခြေစိုက် Sumitomo တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲကို နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ဇူလိုင် ၁၆ရက် နေ့လည် ၂ နာရီတွင် ကျင်းပပြုလုပ်သွားပါတယ်။ 


စင်္ကာပူအခြေစိုက် KDDI SUMMIT GLOBAL SINGAPORE PTE. LTD.နဲ့ KDDI Summit Global Myanmar Co., Ltd. တို့ကနေတဆင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ လုပ်ငန်းအကောင်အထည် ဖော်မယ် လို့ လည်း KDDI ကုမ္ပဏီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အနေနဲ့ တယ်လီနော့နဲ့ အူရီဒူးတို့ကို ယှဉ်ပြိုင်နိုင်ဖို့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ လိုအပ်နေပြီး ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ KDDI နဲ့ ပူးပေါင်းဆောင်ရွက် ပြင်ဆင် နေတာပါ။ မိုဘိုင်းအင်တာနက်ကို အဓိကထားပြီး ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်သလို ဂျပန်ရဲ့ အဆင့်မြင့် ၀န်ဆောင်မှုနဲ့ ဂျပန်နိုင်ငံရဲ့ အရည်အသွေးကို ပြမယ်လို့လည်း KDDIရဲ့  ဥက္ကဌ KuniHaru Nakamura ကပြောကြားခဲ့ပါတယ်။



DVB TV News

No comments:

Post a Comment