Wednesday 16 July 2014

တရားမ၀င်ကုန်သွယ်မှု တားဆီးရာတွင် လက်နက်ကိုင် အဖွဲ့များ ပြဿနာဖြေရှင်းရန် တပ်အကူအညီ ယူမည်ဟုဆို

တရားမ၀င်ကုန်သွယ်မှု တားဆီးရေးဆောင်ရွက်ရာတွင် လက်နက်ကိုင်အဖွဲ့များ၏ လက် နက်ပြခြိမ်းခြောက် မှုများရှိသဖြင့် လုံခြုံရေးပိုင်း၌ ရဲတပ်ဖွဲ့ဝင်များ သာမက တပ်မတော်ကိုပါဝင်နိုင် ရန်စီစဉ်နေကြောင်း တရား မ၀င် ကုန်သွယ်မှုရွေ့လျားတားဆီးရေး အဖွဲ့မှ သတင်းရရှိသည်။

‘‘မြ၀တီလမ်းကြောင်းမှာဆိုရင် လက်နက်ကိုင်ငြိမ်းချမ်းရေးအ ဖွဲ့တွေကအများကြီးပဲ။ သူတို့က လည်းကုန် သွယ်ရေးမှာ ပါဝင်နေ တော့ လုပ်ရကိုင်ရတာ ရဲတပ်ဖွဲ့ နဲ့တင်မလုံလောက်ဘူး’’ ဟု တရား မ၀င်ကုန်သွယ်မှု တား ဆီးရေး အ ဖွဲ့ဝင်ညွှန်ကြားရေးမှူးဦးတင်ရဲ ၀င်းကပြောသည်။

မြ၀တီ-ရန်ကုန် ကုန်သွယ် ရေးလမ်းကြောင်း၌ လက်နက် ကိုင်ငြိမ်းချမ်းရေးအဖွဲ့များက တ ရားမ၀င်ကုန်ပစ္စည်းများကိုတား ဆီးစစ်ဆေးရာတွင် လက်နက်ဖြင့် ခြိမ်းခြောက်ကာ ကုန်ပစ္စည်းများ   ပြန်လည် လုယူမှု များကြုံတွေ့ရ ကြောင်း တရားမ၀င်ကုန်သွယ် ရေးတားဆီးရေးလှုပ်ရှားမှုအဖွဲ့ များမှ သိရသည်။

လက်ရှိတွင် တရားမ၀င်ကုန် သွယ်မှုတားဆီးရေးအတွက် ရွေ့ လျားစစ်ဆေးရေးအဖွဲ့များကိုတိုး ချဲ့ ဆောင်ရွက်နေပြီး ရှမ်းပြည် နယ်တွင် မူဆယ်ကုန်သွယ်ရေး လမ်းကြောင်း၌သာမက မိုင်း လား-ကျိုင်းတုံ လမ်းကြောင်း၊ ကျိုင်းတုံ- တာချီလိတ် လမ်းကြောင်းတို့တွင် တိုးချဲ့ဆောင်  ရွက်နေသည့်အပြင် တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တ လေးအပြည်ပြည်ဆိုင်ရာ လေ ဆိပ်၊ ဂေါဝိန်လေဆိပ်တို့တွင် ပါ တိုးချဲ့ ဆောင် ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီးဒေါက်တာ ပွင့်ဆန်းက ပြော သည်။

တရားမ၀င်ကုန်သွယ်မှုတားဆီးရေးကို စတင်ဆောင်ရွက်သည့် ၂၀၁၂- ၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရှိပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏမှာ ၂၄ဘီလီယံ ကျော်အထိ ရရှိခဲ့ခြင်းမှာ တရားမ၀င်ကုန်သွယ်မှုတား ဆီးရေးကြောင့်ဟု စီပွား/ကူးသန်းပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံ နယ်စပ်ကုန် သွယ်ရေးတွင် မြ၀တီကုန်သွယ် ရေးလမ်းကြောင်းသည် ဒုတိယ ကုန်စည်စီးဆင်းမှု အများဆုံးလမ်း ကြောင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းတွင် (တရုတ်-မြန်မာ) မူဆယ် ကုန်သွယ်ရေး လမ်း ကြောင်းသည် အဓိက အများဆုံး ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်  သွယ်ရေး၏ အဓိကလမ်းကြောင်း ဖြစ်သော မြ၀တီ ကုန်သွယ်ရေး လမ်းကြောင်းတွင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ် လာ ၂၄သန်းကျော်ရှိပြီး ၂၀၁၂- ၁၃ ဘဏ္ဍာနှစ်တွင် ၂၆၅သန်း ကျော်အထိ တိုးတက်လာသည်။ ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် အမေ ရိကန်ဒေါ်လာ ၂၇၁သန်းကျော်ထိ တိုးတက်လာသည်။ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် အမေ ရိကန်ဒေါ်လာသန်း ၃၅၀၀ ကျော် ထိရှိနေသည်။

7Day DAILY 

No comments:

Post a Comment