Friday 9 May 2014

KIA လွတ်လပ်ရေး တောင်းဆိုပြီလား…?

Photo: KIA လွတ်လပ်ရေး တောင်းဆိုပြီလား…?
Friday,May 9, 2014

အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လွတ်လပ် ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်ရေးကို အခုအချိန်တွင်သာမက နောင်တွင်လည်း ရလို ကြောင်း မီဒီယာစာမျက်နှာတွေမှာ တရားဝင်ပြောကြားလိုက်ပါပြီ။ KIA ရဲ့ ဇာတိရုပ်က ဖုံးထားလို့မရဘဲ ဗူးပေါ်သလိုပေါ်လာပါပြီ။ လွတ်လပ်ရေး လိုချင်တယ်ဆိုတဲ့ စကားဟာ အရင်ကတည်းက ရှိနေခဲ့တဲ့ ``ကချင် သီးသန့်နိုင်ငံတော်´´ သို့မဟုတ်``၀မ်ပေါင်နိုင်ငံတော်´´ ထူထောင် လိုခြင်း အယူအဆများကို လူသိရှင်ကြား ဖွင့်ဟလိုက်တာပဲဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီနေ့ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသား အရေအတွက် ဟာ ပြည်နယ်လူဦးရေရဲ့ ၃၉.၃၀ % သာရှိပြီး ကျန်တဲ့ ရှမ်း၊ ဗမာလူမျိုးနဲ့ အခြားလူမျိုးတွေဟာ ၆၀ % ကျော် နေထိုင်ကြတဲ့အတွက် ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောစကားကြောင့် တိုင်းရင်းသားအချင်းချင်းကြားမှာ ရှုပ်ထွေးမှု တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး သိထားတာကတော့ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး လွတ်လပ်လာခဲ့တဲ့ မြန်မာနိုင်ငံ ထဲမှာ ကချင်ပြည်နယ်က လွတ်လပ်ရေးမရသေးဘူးလို့ ဆိုလိုချင်တာလား၊ ဒါမှမဟုတ် ကချင်လူမျိုးတွေ သီးခြားနေထိုင်ချင်တဲ့ ၀မ်ပေါင်နိုင်ငံတော် ထူထောင်ခွင့် မရလို့ လွတ်လပ်ရေးမရသေးဘူးလို့ ဆိုလိုတာလား မေးစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် ဂွမ်မော်ရဲ့စကားဟာ KIA ဒုစစ်ဦးစီးချုပ်တစ်ယောက်ဆီက ထွက်သင့်တာမဟုတ်ဘဲ KIA တပ်သားတစ်ယောက်ဆီက ပြောထွက်သင့်တဲ့ စကားဘဲဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ KIA ဟာ ကချင်ပြည်နယ် လွတ်လပ်ရေးအတွက် တိုက်ခိုက်နေတာဆိုတဲ့ ၀ါဒမှိုင်းတွေ အသွင်းခံ ရပြီး တောထဲမှာပဲ ကျင်လည်နေရလို့ ဖြစ်ပါတယ်။

ကချင်လူထုအများစုကတော့ သီးသန့်နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက် မရှိသလို ဒီမိုကရေစီလမ်းကြောင်း အရ လွတ်လပ်စွာနေထိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ဖို့ကိုပဲ လိုလားခဲ့ကြတာပါ။ အတိတ်ဆီ ကလည်း ကချင်သီးသန့်နိုင်ငံ ထူထောင်ရေးအယူအဆကို ကိုင်စွဲခဲ့လို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီးပါပြီ၊ အခုလည်း သူများနဲ့ထူးပြီး အာချောင်လာတဲ့ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ စကားကြောင့် အတိတ်ကလို တိုက်ပွဲတွေနဲ့ အရုပ်ဆိုး အကျည်းတန်မှာကို စိုးရိမ်မိပါတယ်။

လွတ်လပ်ရေးလိုချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ကာယကံရှင် KIA ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ် ဂွမ်မော်သာလျှင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ အရင်တုန်းက ကချင်လူထုတွေနဲ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ် ဂွမ်မော်က KIA မှာပါတဲ့ I ဆိုတာ Independence လို့ သုံးနှုန်းခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ I ဆိုတာ Freedom ကို ဆိုလိုတာ ဖြစ်ကြောင်း သူကိုယ်တိုင် မြစ်ကြီးနားက ကချင်လူထုနဲ့ တွေ့ဆုံခဲ့စဉ်က ပြောခဲ့ပါတယ်။ အဲဒီစကားအတိုင်းပဲ ကချင်လူထုက သီးခြားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူခွင့်ရရေးအတွက် တောင်းဆိုတာဆိုရင် လက်ခံ မှာဖြစ်ပြီး ပြည်ထောင်စု က ခွဲထွက်ရေးအတွက် တောင်းဆိုလာရင်တော့ လက်မခံနိုင်ဘူးလို့ ပြောနေကြပါတယ်။

လွတ်လပ်ရေးလိုချင်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောကြားချက် ဟာ ပြည်ထောင်စုမှ ခွဲထွက်ရေးကို မဆိုလို ပေမယ့် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ကချင်မဟုတ်သော ရှမ်း၊ ဗမာနဲ့ အခြားတိုင်းရင်းသားများအတွက် လက်မခံနိုင်သော အခြေအနေဖြစ်နေပြီး လူမျိုးရေး စိတ်ဓာတ်လွန်ကဲမှုနဲ့ အစွန်းရောက်နေသူလို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ 

အချုပ်ပြောရရင် KIA ရဲ့ လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တာပဲဖြစ်ဖြစ်၊ အစွန်းရောက်တာပဲဖြစ်ဖြစ်၊ ၀မ်ပေါင် နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် လူမျိုးရေးမုန်းတီးစိတ်နဲ့လုပ်ရင် ဒီမိုကရေစီ လမ်းကြောင်းထဲက နေ ဘေးထုတ်ခံရတော့မှာ ဖြစ်သလို လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်ကာလဆီက အတိတ်ဆိုးမျိုးတွေကိုပဲ ကချင်လူမျိုး တွေ ခံစားရမှာဖြစ်ပါတယ်။ ဒါဖြင့်ရင် အဲ့ဒီလို အကျိုးမဲ့ဖြစ်ရပ်တွေ ဖြစ်လာ မယ်ဆိုတာ သိနေရက်နဲ့ KIA လွတ်လပ်ရေးတောင်းဆို ပြီလား မေးစရာ ဖြစ်နေပါတော့တယ်။ 

အင်ခွန်နော်
အမေရိကန်ကနေ ပြန်ရောက်လာပြီး မကြာမီရက်ပိုင်းမှာဘဲ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က လွတ် လပ် ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်ရေးကို အခုအချိန်တွင် သာမက နောင် တွင်လည်း ရလို ကြောင်း မီဒီယာစာမျက်နှာတွေမှာ တရားဝင်ပြောကြားလိုက်ပါပြီ။ KIA ရဲ့ ဇာတိရုပ်က ဖုံးထားလို့ မရဘဲ ဗူးပေါ်သလိုပေါ်လာပါပြီ။ လွတ်လပ်ရေး လိုချင်တယ်ဆိုတဲ့ စကားဟာ အရင်ကတည်းက ရှိနေခဲ့တဲ့ ``ကချင် သီးသန့်နိုင်ငံတော်´´ သို့မဟုတ်``၀မ်ပေါင်နိုင်ငံတော်´´ ထူထောင် လိုခြင်း အယူအဆများကို လူသိရှင်ကြား ဖွင့်ဟလိုက်တာပဲဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသား အရေအတွက် ဟာ ပြည်နယ်လူဦးရေရဲ့ ၃၉.၃၀ % သာရှိပြီး ကျန်တဲ့ ရှမ်း၊ ဗမာလူမျိုးနဲ့ အခြားလူမျိုးတွေဟာ ၆၀ % ကျော် နေထိုင်ကြတဲ့အတွက် ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောစကားကြောင့် တိုင်းရင်းသားအချင်းချင်းကြားမှာ ရှုပ်ထွေးမှု တွေ ပေါ်ပေါက်လာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး သိထားတာကတော့ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး လွတ်လပ်လာ ခဲ့တဲ့ မြန်မာနိုင် ငံ ထဲမှာ ကချင်ပြည်နယ်က လွတ်လပ်ရေးမရသေးဘူးလို့ ဆိုလိုချင်တာလား၊ ဒါမှမဟုတ် ကချင်လူမျိုးတွေ သီးခြားနေထိုင်ချင်တဲ့ ၀မ်ပေါင်နိုင်ငံတော် ထူထောင်ခွင့် မရလို့ လွတ်လပ်ရေးမရသေးဘူးလို့ ဆိုလိုတာ လား မေးစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် ဂွမ်မော်ရဲ့စကားဟာ KIA ဒုစစ်ဦးစီးချုပ်တစ်ယောက်ဆီ က ထွက်သင့်တာမဟုတ်ဘဲ KIA တပ်သားတစ်ယောက်ဆီက ပြောထွက်သင့်တဲ့ စကားဘဲဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ KIA ဟာ ကချင်ပြည်နယ် လွတ်လပ်ရေးအတွက် တိုက်ခိုက်နေတာဆိုတဲ့ ၀ါဒ မှိုင်းတွေ အသွင်းခံ ရပြီး တောထဲမှာပဲ ကျင်လည်နေရလို့ ဖြစ်ပါတယ်။

ကချင်လူထုအများစုကတော့ သီးသန့်နိုင်ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက် မရှိသလို ဒီမိုကရေစီ လမ်းကြောင်း အရ လွတ် လပ်စွာနေထိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ဖို့ကိုပဲ လိုလားခဲ့ကြ တာ ပါ။ အတိတ်ဆီ ကလည်း ကချင်သီးသန့်နိုင်ငံ ထူထောင်ရေးအယူအဆကို ကိုင်စွဲခဲ့လို့ တိုက် ပွဲတွေဖြစ်ခဲ့ပြီးပါပြီ၊ အခုလည်း သူများနဲ့ထူးပြီး အာချောင်လာတဲ့ ဗိုလ်ချုပ် ဂွမ်မော်ရဲ့ စကားကြောင့် အတိတ်ကလို တိုက်ပွဲတွေနဲ့ အရုပ်ဆိုး အကျည်းတန်မှာကို စိုးရိမ်မိပါတယ်။

လွတ်လပ်ရေးလိုချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ကာယကံရှင် KIA ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ် ဂွမ်မော် သာလျှင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ အရင်တုန်းက ကချင်လူထုတွေနဲ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ် ဂွမ်မော်က KIA မှာပါတဲ့ I ဆိုတာ Independence လို့ သုံးနှုန်းခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ I ဆိုတာ Freedom ကို ဆိုလိုတာ ဖြစ်ကြောင်း သူကိုယ်တိုင် မြစ်ကြီးနားက ကချင်လူထုနဲ့ တွေ့ဆုံခဲ့စဉ်က ပြောခဲ့ပါတယ်။ အဲဒီစကားအတိုင်းပဲ ကချင်လူထုက သီးခြားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူခွင့်ရရေး အတွက် တောင်းဆိုတာ ဆိုရင် လက်ခံ မှာဖြစ်ပြီး ပြည်ထောင်စု က ခွဲထွက်ရေးအတွက် တောင်းဆိုလာရင်တော့ လက်မခံနိုင် ဘူးလို့ ပြောနေကြပါတယ်။

လွတ်လပ်ရေးလိုချင်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပြောကြားချက် ဟာ ပြည်ထောင်စုမှ ခွဲထွက်ရေးကို မဆိုလို ပေမယ့် ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ကချင်မဟုတ်သော ရှမ်း၊ ဗမာနဲ့ အခြားတိုင်းရင်းသား များအတွက် လက်မခံနိုင်သော အခြေအနေဖြစ်နေပြီး လူမျိုးရေး စိတ်ဓာတ်လွန်ကဲမှုနဲ့ အစွန်းရောက်နေသူ လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။

အချုပ်ပြောရရင် KIA ရဲ့ လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တာပဲဖြစ်ဖြစ်၊ အစွန်းရောက်တာပဲဖြစ်ဖြစ်၊ ၀မ်ပေါင် နိုင် ငံတော်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် လူမျိုးရေးမုန်းတီးစိတ်နဲ့လုပ်ရင် ဒီမိုကရေစီ လမ်းကြောင်း ထဲက နေ ဘေးထုတ်ခံရတော့မှာ ဖြစ်သလို လွန်ခဲ့တဲ့ ၁၇ နှစ်ကျော်ကာလဆီက အတိတ်ဆိုး မျိုးတွေကိုပဲ ကချင်လူမျိုး တွေ ခံစားရမှာဖြစ်ပါတယ်။ ဒါဖြင့်ရင် အဲ့ဒီလို အကျိုးမဲ့ဖြစ်ရပ်တွေ ဖြစ်လာ မယ်ဆို တာ သိနေရက်နဲ့ KIA လွတ်လပ်ရေးတောင်းဆို ပြီလား မေးစရာ ဖြစ်နေပါတော့တယ်။

အင်ခွန်နော်

No comments:

Post a Comment