Friday 9 May 2014

ကိုယ်တိုင်အခွန်ထမ်းဆောင်သည့်စနစ် လာမည့်ဘဏ္ဍာနှစ်တွင် ကျင့်သုံးမည်

ရန်ကုန်၊ မေ ၈- လာမည့်ဘဏ္ဍာ နှစ်မှစတင်ကာ အခွန်ထမ်းများကိုယ် တိုင် အခွန်ထမ်းဆောင်မည့်စနစ် စ တင် မည်ဖြစ်ကြောင်း ပြည်တွင်းအခွန် များဦးစီး ဌာနမှ သိရသည်။
အခွန်ထမ်းများ ကိုယ်တိုင် အ ခွန်ထမ်းဆောင်သည့်စနစ်ဆိုသည် မှာ ပြည်သူများအနေဖြင့် မိမိတို့ရရှိ သည့် ဝင်ငွေများကို တွက်ချက်ကာ အခွန်ဦးစီးဌာနသို့ ကိုယ်တိုင်ပေးသွင်း သည့်စနစ်ကို ဆို လိုခြင်းဖြစ်ကြော င်း ပြည် တွင်း အခွန်များဦးစီးဌာနမှ သိ ရသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''အခုလက်ရှိ သုံးနေတာက အခွန်ရုံးက ဝန် ထမ်း တွေက အခွန်စည်းကြပ်နေတာ၊အခွန် ထမ်းက ဒီဘဏ္ဍာနှစ်မှာဝင်ငွေကဘယ် လောက်ရတယ်။ သက်သာခွင့်က ဘယ် လောက်ရှိ တယ်ဆိုတာတွေကို တွက် ပြီး အခွန်စည်းကြပ်တာ။ ကိုယ်တိုင် အခွန်တွက်ပြီး ထမ်းဆောင်တာက နိုင်ငံတကာမှာကျင့် သုံးနေတာ၊ မြန် မာနိုင်ငံမှာက နောက်နှစ်ဆိုရင်ကျင့် သုံးတော့မှာဖြစ်တဲ့ အတွက် အခုက တည်းက ဆောင်ရွက်မှုတွေလုပ်နေ တယ်''ဟု ပြောသည်။

အခွန်ထမ်းဆောင်နေသော ကုမ္ပဏီများ၊ ဝန်ထမ်းများ၊ စားသောက် ဆိုင်များ၊ ပွဲရုံများ၊ စီးပွားရေးလုပ်ငန်း ရှင်များအားလုံးသည် တစ်နှစ်စာလုံး ၏ဝင်ငွေပေါ် မူတည်ပြီး၊ သက်သာ ခွင့်ကိုနုတ်ကာ ကျန်သည့် ပမာဏ ပေါ်မူ တည်၍ သတ်မှတ်အခွန်နှုန်း ထားအတိုင်း ပေးဆောင်ရ မည်ဖြစ် ကြောင်း သိရသည်။

အခွန်ထမ်းများကိုယ်တိုင် အ ခွန်ဆောင်သည့်စနစ်ကို ကျင့်သုံးလာ ပါက အခွန်ထမ်းများမှ အခွန်လျှော့ တွက်ပြီး အခွန်ထမ်းဆောင်လျှင် လက် ရှိအခွန် ဥပဒေအရ ကျသင့်အခွန် ငွေ၏ ၅၀ ရာခိုင်နှုန်းနှင့် ထောင် ဒဏ် ၃ နှစ် မှ ၁၀ နှစ်အထိ အရေး ယူသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။

''အခွန်ဥပဒေက တစ်နှစ် တစ် ခါတော့ပြင်တယ်၊ အခွန်ထမ်း ကိုယ် တိုင် အခွန်ထမ်းဆောင်တဲ့စနစ် ထွက်လာရင် နည်းနည်းတော့ပြင်နိုင် တယ်၊ ဒါပေမဲ့ ဒီပြစ်ဒဏ်တွေကတော့ ရှိနေဦးမှာပါ''ဟု ထပ်မံပြော ကြား သည်။

အခွန်ထမ်းများ ကိုယ်တိုင်အ ခွန်ထမ်းဆောင်ရခြင်းနှင့် ပတ်သက် ပြီး တော်ဝင်သစ်ခွပလတ်စတစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမောင် က ''အခွန်ထမ်းတွေကိုယ်တိုင်အခွန် တွက်ပြီး အခွန်ထမ်းဆောင်ရမယ် ဆို တော့ကောင်းပါတယ်၊ ရုံးကိုမသွား ရဘူးဆိုတော့ အချိန်ကုန် သက်သာ တယ်၊ လုပ်ငန်းရှင်တွေ အတွက်တော့ တစ်နှစ်လုံးတွက်ရမှာဆိုတော့ အလုပ် တော့ ပိုတယ်''ဟု ပြောသည်။

Yangon Media Group

No comments:

Post a Comment