Friday 9 May 2014

ကလေးသူငယ်အဓမ္မစေခိုင်းမှု လုံးဝပပျောက်စေရေး စီမံချက်ဖြင့် ဆောင်ရွက်မည်ဟု သမ္မတဦးသိန်းစိန်ပြောကြား

၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကလေးသူငယ်အဓမ္မစေခိုင်းမှုလုံးဝ ပပျောက်စေရေးစီမံချက်ကို အပြည် ပြည် ဆိုင်ရာ အလုပ်သမားရေးရာအ ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေ ၁ ရက်တွင်ကျရောက်သည့် အလုပ် သမားနေ့အခမ်းအနား၌ ပြောကြား လိုက်သည်။
၂ဝ၁၄ခုနှစ် မေ ၁ ရက်တွင်ကျ ရောက်သည့် အလုပ်သမားနေ့အခမ်း အနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

''ကလေးသူငယ်များအား အ ဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှု ပပျောက် စေရေးနှင့် စပ်လျဉ်း၍ ကလေးငယ် များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်း စေခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ပြဋ္ဌာန်း ချက်အမှတ် (၁၈၂)ကို မြန်မာနိုင်ငံ အနေဖြင့် လက်ခံကျင့်သုံးမည်''ဟု သမ္မတ၏ သဝဏ်လွှာ၌ ဖော်ပြပါရှိ သည်။

ထို့ပြင် အလုပ်သမားအခွင့်အရေးများရရှိစေရေး အလုပ်ရှင်နှင့်အ လုပ်သမားကြား သင့်တင့်မျှတသော ကျင့်စဉ်များကျင့်သုံးလာနိုင်စေရန် ဥပဒေရေးရာနှင့်မူဝါဒရေးရာများကို မဟာဗျူဟာနှင့် နည်းဗျူဟာရည်မှန်း ချက်များ ချမှတ်ဆောင်ရွက်နေကြောင်း ကိုလည်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကလေး သူငယ်များအား လုပ်ငန်းခွင်များအ တွင်း၌ တွေ့မြင်နေကြရပြီး ယင်းသို့ လုပ်ကိုင်နေကြရခြင်းမှာ မိသားစုစား ဝတ်နေရေးအခြေအနေအရ လုပ်ကိုင် နေခြင်းဖြစ်ကြောင်းနှင့် ကလေးလုပ် သားအရေးဆောင်ရွက်ရာတွင် သတိ ထားကိုင်တွယ်သင့်ကြောင်း အလုပ် သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက် ရေးကော်မတီတာဝန်ခံ ကိုထွန်းထွန်း နိုင်က ပြောသည်။

''ကျွန်တော်တို့နိုင်ငံမှာ ကလေး သူငယ်အလုပ်သမားတွေနဲ့ပတ်သက် ပြီးတော့ ကိုင်တွယ်ဖြေရှင်းတဲ့အခါ မှာ အလွန်သတိကြီးစွာထားပြီး ဖြေ ရှင်းဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ဖက်ရည်ဆိုင်တွေမှာ၊ စက်ရုံအ လုပ်ရုံတွေမှာ၊ အရက်ဆိုင်တွေမှာ က လေးလုပ်သားတွေက အများကြီးပဲ။ ဒီကလေးလုပ်သားတွေ ကို မိဘတွေ က ခိုင်းချင်လွန်းအားကြီးလို့ ရက်စက် ပြီး ခိုင်းတာမဟုတ်ပါဘူး''ဟု ကိုထွန်း ထွန်းနိုင်က ပြောသည်။

၂ဝ၁၁ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားအဖွဲ့အစည်းဥပဒေအ ရ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အလုပ်သမားနှင့်အလုပ်ရှင်အဖွဲ့ပေါင်း ၁ဝ၉၂ ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း နှင့် ၂ဝ၁၃ ခုနှစ်ကပြဋ္ဌာန်း ခဲ့သည့် အ နည်းဆုံး အခကြေးငွေဥပဒေအရ အ နည်းဆုံး အခကြေးငွေ သတ်မှတ်နိုင် ရေးကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံရှိအလုပ်သမားများအနေ ဖြင့် အလုပ်သမားအခွင့်အရေးများ ဆုံး ရှုံးနေပြီး ယင်းသို့အလုပ်သမားအ ခွင့်အရေးဆုံးရှုံးရခြင်းမှာ အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုညံ့ဖျင်း မှုကြောင့် ဟု အလုပ်သမားအရေးလိုက်ပါဆောင် ရွက်သူ ကိုသိန်းအောင်မြင့်က ဆိုသည်။

Yangon Media Group

No comments:

Post a Comment