Friday 9 May 2014

နန်းတော်ရာကန်မြေပေါ်ရှိ ကျူးကျော်နေထိုင်သူများထဲမှ တစ်ဦးတည်းသာ တရားစွဲခံရ

ဒိုက်ဦး၊ မေ ၈- ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံ ကျေး ရွာအုပ်စု မြို့ရိုးကျေးရွာရှိ ကွင်း အမှတ်(၃၃၁/ကခ) ကောလိယမြို့ အမည် ရှိသော မြို့ရိုးကျေးရွာကျက် သရေဆောင် နန်းတော်ရာကန်ကြီး ရှိ မြေနေရာ ၌ နေထိုင်သူတစ်ဦးကို ကျူးကျော်နေသည်ဟုဆိုကာ ကျေး ရွာအုပ်ချုပ်ရေး မှူးနှင့် ရပ်မိရပ်ဖတစ် ဦးတို့မှပူးပေါင်း၍ ဧပြီ၅ရက်က တရား စွဲဆိုမှုပြုလုပ် ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
တရားစွဲခံထားရသူမှာ ဦးကျော် ကျော်ဖြစ်ပြီး အဆိုပါမြေနေရာ၌ တ ခြားနေ ထိုင်သူ ၂၀ ဝန်းကျင်ခန့်ရှိရာ မှ ၎င်းတစ်ဦးတည်းကိုသာ တရားစွဲ ဆိုခံ ရခြင်းဖြစ်ပြီး စားကျက်မြေ၌ကျူး ကျော်နေထိုင်သည့်အတွက် တရား စွဲဆိုခံရခြင်းဖြစ်ကြောင်း ကာယကံ ရှင်ထံမှ သိရသည်။

''နေစရာမရှိလို့ မြို့ရိုးနန်းတော် ရာကန်မြေ ထဲမှာ အများနည်းတူနေ ထိုင်တာဖြစ်တယ်။ ကျွန်တော်တစ်ဦး တည်းကျူးကျော်နေထိုင်တာမဟုတ် ဘူး။ နေထိုင်တာကို ရွှေအင်ဒုံကျေး ရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိန်နဲ့ မြို့ ရိုးကျေးရွာ ရပ်မိရပ်ဖတို့ နှစ်ယောက် ပေါင်းပြီး တရားစွဲဆိုတာဖြစ်တယ်။ ကျူးကျော်မှုအတွက် ထုတ်ပြန်ထား တဲ့ ပုဒ်မ(၄၄၇)က အများအတွက် မဟုတ်ဘဲ ကျွန်တော်တစ်ယောက် တည်းအတွက် ထုတ်ထားတာလား'' ဟု တရားစွဲဆိုခြင်းခံထားရသူ ဦး ကျော်ကျော်က ပြောသည်။

ရွှေအင်ဒုံကျေးရွာ အုပ်ချုပ်ရေး မှူးနှင့် မြို့ရိုးကျေးရွာမှ ရပ်မိရပ်ဖတစ် ဦးတို့မှ နန်းတော်ရာကန်ကြီးကို စား ကျက်မြေဖြစ်သည်ဟု ဆိုကာ ဦးကျော် ကျော် အား ကျူးကျော်နေထိုင်သူများ ထဲမှ ကျူးကျော်မှုပုဒ်မ (၄၄၇)ဖြင့် တရားစွဲဆို ထားခြင်းဖြစ်ကြောင်း မြို့ ရိုးကျေးရွာမှ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းကျော် လွင်ကပြောသည်။

ဒိုင်နယ်ကိုယ်စားပြု အုပ်ချုပ်ရေး မှူး ဦးမြင့်စိန်က ''ဦးကျော်ကျော်က ခွင့်ပြုချက် မရှိ ဘဲ ကျူးကျော်နေထိုင် တာကို ကျေးရွာက လာရောက်တိုင် ကြားထားလို့ တရားစွဲရခြင်းဖြစ်တယ်။ ကျွန်တော့်အနေနဲ့က စားကျက်မြေ ဆိုတာကိုလဲ မသိဘူး။ မြေစာရင်း က ပြောလို့ သိရတာပါ။ ရွှေအင်ဒုံကျေး ရွာက စားကျက်မြေ မှာနေထိုင်တဲ့ကျူး ကျော်သူတွေဆီက ပိုက်ဆံကောက် တဲ့ကိစ္စကိုလဲ မသိရပါဘူး''ဟု ပြော သည်။

ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံကျေး ရွာအုပ်စု ဒိုင်နယ်မြေစာရင်းရုံးမှ စာရေးဦးမျိုးဝင်း က မြို့ရိုးကျေးရွာမှ ကန်မြေ သည် ယခင်က စားကျက် (သို့) ကန်မြေဖြစ်သည် ဟု မသိရှိ ကြောင်း၊ မိမိတာဝန်ယူချိန်မှစ၍ စားကျက်မြေ ဟု စတင်သိရှိ ရခြင်း ဖြစ်သည်ဟု ၎င်းကဆက်လက်ပြော သည်။

TTW (Myit Ma Kha)
[--Democracy today Daily Newspaper--]
Myanmar News Network

No comments:

Post a Comment