Friday 9 May 2014

အော်ရီဒူးနှင့် MPT ဆက်သွယ်ရေးကွန်ရက် စတင်ချိတ်ဆက်

မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ အော်ရီးဒူးနှင့် မြန်မာဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် ချိတ်ဆက်ကာ အပြန်အလှန် ခေါ်ဆိုမှုများ ပြုလုပ်နိုင် ရန် ဆောင် ရွက်နေ ပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားသည်။
၎င်းတို့ အပြန်အလှန် ချိတ်ဆက်မှု ပြုလုပ်ခြင်းကြောင့် အော်ရီဒူး မိုဘိုင်းလ် ဝန်ဆောင်မှု သုံးစွဲမည့် သူများ အနေဖြင့် မိုဘိုင်းလ်ကွန်ရက် ရှိသော နေရာတိုင်းတွင် အမြန်နှုန်းမြင့် အင်တာနက်နှင့် အရည်အသွေးမြင့် ဖုန်းခေါ်ဆိုမှုများ သုံးစွဲနိုင်မည်ဟု ၎င်းက ရှင်းပြသည်။

“သုံးစွဲသူတွေ ရွေးချယ်နိုင်ဖို့၊ အဆင်ပြေပြေ ချိတ်ဆက် ပြောဆိုနိုင်ဖို့ မိုဘိုင်းလ် ဆက်သွယ်ရေး ကုမ္ပဏီ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ သိပ်မကြာခင်မှာ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းလ်ကွန်ရက်နဲ့ ချိတ်ဆက်မှုတွေ ပိုမိုတိုးတက်လာမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

အူရီးဒူး၏ 3G နည်းပညာနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လက်ရှိ မိုဘိုင်းလ်ဆက်သွယ်ရေး နည်းပညာတို့ကို ပေါင်းစပ်ခြင်း ဖြစ်ပြီး ယင်းသို့ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အော်ရီဒူး၏ 3G ကွန်ရက်စနစ်ကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ကျက်နိုင်မည် ဖြစ်ကြောင်း အော်ရီဒူးကုမ္ပဏီထံမှ သိရသည်။

“ဖုန်းခေါ်ဆိုမှုတွေကို ကွန်ရက်တစ်ခုနဲ့ တစ်ခု ဖြတ်ကျော် သုံးစွဲနိုင်ဖို့ ကြိုးပမ်းတာပါ။ ဒါက အပြန်အလှန် ခွင့်ပြုဖို့ လိုတယ်။ နောက်ပြီး ကွန်ရက် ပိုကျယ်အောင် အော်ပရေတာတွေ အားလုံးနဲ့ ဆက်သွယ်ရေး တာဝါ တိုင်တွေကို မျှဝေ သုံးစွဲသွားမယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အော်ရီဒူးမြန်မာသည် မြန်မာနိုင်ငံ တစ်ဝန်းတွင် မိုဘိုင်းလ်ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် အတွက် ZTE၊ Nokia အစရှိသော ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်နေပြီး ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရေးကိုမူ Myanmar Towers ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်နေသည်။

The Voice Weekly

No comments:

Post a Comment