Friday 9 May 2014

ဗိုလ်ချုပ်ဂွမ်မော်က ကချင်တိုင်းရင်းသားများ လွတ်လပ်ရေး လို ချင်ကြောင်း ပြောဆိုလိုက်သဖြင့် ရှုပ်ထွေး မှုများ ပေါ်ပေါက် လာနိုင် သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်ဒွဲဘူက ပြော

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့အကြား စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲ များလည်း အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ထို့ပြင် KIA နှင့် ကချင်တိုင်းရင်းသားအချို့အကြား လူမျိုးစွဲအခြေခံသည့် ပြင်းထန်သော အယူအဆများရှိနေပြီး “ကချင်သီးသန့်နိုင်ငံတော်” သို့မဟုတ် “၀မ်ပေါင်နိုင်ငံတော်” ထူထောင်လိုခြင်း အယူဆများလည်း ကာလရှည်ကြာကတည်းက ရှိနေခဲ့သည်။ ထိုအချိန် တွင် အမေရိကန်ခရီးစဉ်မှ ပြန်ရောက်ခါစ ဗိုလ်ချုပ်ဂွမ်မော်က ကချင်တိုင်းရင်းသားများ လွတ်လပ်ရေး လိုချင်ကြောင်း ပြောဆိုလိုက်သဖြင့် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်ပါသည်။
“လွတ်လပ်ရေးဆိုတာက ဘာကိုဆိုလိုတာလဲ။ အဲဒါကို အခုထက်ပိုပြီး ရှင်းရှင်းလင်းလင်းပြောဖို့ လိုအပ် မယ်။ ကျွန်မသိရသလောက်တော့ ကျွန်မတို့ ကချင်လူထုကြားမှာ သီးသန့်နိုင်ငံ ထူထောင်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ကျွန်မတို့ ကချင်လူထုက ဒီမိုကရေစီလမ်းကြောင်းအရ လွတ်လပ်စွာနေထိုင်ဖို့နဲ့ ဖက် ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ ဆိုတာကိုပဲ သိတယ်”ဟု ကချင်ပြည်နယ် အင်ဂျန်းယန်မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။

“တစ်ချိန်တုန်းကလည်း ကချင်သီးသန့်နိုင်ငံ ထူထောင်တယ်တယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲခဲ့လို့ တိုက် ပွဲတွေ ဖြစ်ခဲ့ပြီးပြီ။ အခုလည်း လွတ်လပ်ရေးဆိုတဲ့ စကားရပ်အတွက် ထပ်ပြီးတော့ ထိုးစစ်တွေရှိလာမှာကို စိုးရိမ်မိတယ်” ဟု ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူ က ပြော ကြားသည်။

Credit To:EMG

No comments:

Post a Comment