
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲ - ဂန့်ဂေါသွားကားလမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၆ ဖာလုံနေရာတွင် မေလ ၇ ရက်နေ့ ညနေ ၃ နာရီက ကားတစ်စီးတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသူများအနက်မှ တစ်ဦးသေဆုံးပြီး (၂၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ထိုသို့ ယာဉ်တိမ်းမှောက်စဉ် ခင်အေးရေနံမှော်နေရာမှ ၀မ်းဘဲချိုင့်ကျေးရွာသို့ ပြန်ရန် လမ်းကြုံလိုက်ပါသည့် လမ်းလုပ်သား(၂၄)ဦးအနက် အမျိုးသမီးတစ်ဦးမှာ ယာဉ်တိမ်းမှောက်ရာတွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ သည်။ လမ်းလုပ်သား အမျိုးသား(၁၃) ဦးနှင့် အမျိုးသမီး(၈)ဦးတို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း လဲကန် နယ်မြေရဲကင်းစခန်း၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါ ယာဉ်တိမ်းမှောက်ခြင်းနှင့် ပတ်သက်၍ ပုလဲမြို့မရဲစခန်းက ယာဉ်(ပ) ၁၁/ ၂၀၁၄ ပြစိမှုပုဒ်မ ၃၀၄ - (က)၊ ၃၃၇ /၃၃၈ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုနေ့ညနေပိုင်းအချိန်က လည်း ရွှေဘို - ကျောက်မြှောင်းသွားကားလမ်းတွင် ဖောကားယာဉ်တစ်စီး နောက်ဘီးပေါက်၍ တိမ်းမှောက် ခဲ့ရာ စစ်ဗိုလ်တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးကြောင်း သိရှိရသည်။
သတင်း၊ ကိုတိုးကြီး (Facebook)
No comments:
Post a Comment