
မေ ၈ ရက်နေ့က မရမ်းကုန်း မြို့နယ်၊ မင်းဓမ်္မလမ်းရှိ ဃြဃ ခန်မအနီးတွင် သီလရှင်နိုင်ငံ တကာစင်တာကို ပထမဆုံးအနေ ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ကလေးဝဆရာတော်၊ ရွှေသုဝဏ် ဆရာတော်၊ ရွှေ တွံတေး ဆရာတော်နှင့် သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
“ဒီနေ့အော်နေတဲ့ လူ့အခွင့် အရေးဆိုနှစ် ၇၀ ပဲရှိသေးတယ်။ ဗုဒ်္ဓအဖွဲ့အစည်းမှာ နှစ်ပေါင်း ၂၆၀၀ ရှိနေပြီ။ လိင်ခွဲခြားမှုမရှိ ဘူး။ ဒါကြောင့် အခုဆရာလေး တွေလည်း ကျင့်မယ်ဆိုရင် အရိယာဖြစ်နိုင်တယ်။ ရဟန္တာ အထိဖြစ်နိုင်တယ်။ ဆရာတော် ကြီးတွေ သြ၀ါဒပေးသလိုစာတတ် စကားတတ်ပြီး သာသနာပြုကြ ပါ။ အဓိက အသိတတ်အောင် ကျင့်ပြီး သာသနာပြုဖို့တိုက်တွန်း ချင်တယ်။ ဒီစင်တာက ထေရ၀ါဒ ကို အကောင်း ဆုံး သာသနာပြုနိုင် လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါ တယ်”ဟု ဆရာတော်က မိန့်သည်။
ဗုဒ္ဓဘုရားရှင်လက်ထက်တွင် အမျိုးသမီးများအတွက် ဘိက်္ခူနီ သာသနာကို ခွင့်ပြုတော်မူခဲ့ပြီး နှစ်ပေါင်း ၅၀၀ တည်တံ့ခဲ့ကြောင်း၊ ကုန်းဘောင်ခေတ်မင်းတုန်းမင်း လက်ထက်၌ သီလရှင်သာသနာ အဖြစ်စတင်ပေါ်ထွန်း ခဲ့ကြောင်း ရွှေတွံတေးဆရာတော်က မိန့် ကြားသည်။
Hot News
No comments:
Post a Comment