Friday 9 May 2014

မြန်မာ e-Visa စနစ် စက်တင်ဘာလတွင် စတင်အသုံးပြုခွင့်ရမည်

မြန်မာနိုင်ငံသို့ လာရောက်မည့် ကမ္ဘာလှည့် ခရီးသွားများအတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်မည့် e- Visa စနစ်ကို လာမည့် စက်တင်ဘာလ ပထမပတ်မတိုင်မီ စတင်အသုံးပြုခွင့်ရမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။
e-Visa စနစ်နှင့် PR (အမြဲတမ်းနေထိုင်ခွင့်) စနစ်တို့ကို လုပ်ဆောင်ရန် လွှတ်တော်က သင်္ကြန်မတိုင်မီက ခွင့်ပြုချက်ပေးခဲ့ပြီး ဖြစ်ပြီး e-Visa အသုံးပြုပါက ကုန်ကျမည့် စရိတ်ကိုမူ မတွက်ချက်ရသေးကြောင်း ၎င်းကဆိုပါသည်။

“e-Visa ကို စက်တင်ဘာ ပထမပတ်မတိုင်မီ အပြီးလုပ်သွားမယ်။ PR ကတော့ ပြင်တုန်းဆင်တုန်းပဲ ရှိသေး တယ်” ဟု ဦးခင်ရီက ရှင်းပြသည်။


အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သည့် e-Visa စနစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်အဖြစ် စတင်အသုံးပြုရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ e-Visa စနစ်ကို အကောင်အထည် ဖော်နိုင်ပါက ကမ္ဘာလှည့် ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်ရာတွင် လွယ်ကူသွားနိုင်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment