Friday 9 May 2014

မြောင်းရာတွေဗလပွနဲ့ အခက်ကြုံနေတဲ့ ဒဂုံလေးမြို့နယ်

Photo: မြောင်းရာတွေဗလပွနဲ့ အခက်ကြုံနေတဲ့ ဒဂုံလေးမြို့နယ်
Friday,May 9, 2014 

ဒဂုံမြို့သစ်လေးမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထုတ်မြောင်းများတူးဖော်ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းကြန့်ကြာ နေခြင်းများရှိပြီး တူးဖော်တည် ဆောက်ဆဲ ရေထုတ်မြောင်းများ အပြီးမသတ်နိုင်ခြင်းများကြောင့် ပြည်သူများသွားရေးလာရေးခက်ခဲ ပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေးကိစ္စရပ်များတွင် အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်းအဆိုပါ မြို့နယ်များတွင်နေထိုင်သူများထံမှ သိရသည်။

ရေထုတ်မြောင်းများတူးဖော် ရာတွင် ရပ်ကွက်များအတွင်းရှိ လမ်းများကိုယန်္တရားများဖြင့် ဖြတ် တောက်တူးဖော်လျက်ရှိပြီး ယင်း တူးဖော်ထားသောနေရာများတွင် တည်ဆောက်ခြင်းလုပ်ငန်းကို အပြီးသတ်နိုင်မှုမရှိခြင်းများရှိနေ သောကြောင့် ယင်းသို့အခက်ကြုံ နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

““ကျွန်တော်တို့ ဒဂုံအရှေ့ပိုင်း ၄ ရပ်ကွက်ဗိုလ်ပျိုလမ်းဆိုရင် ဆယ်ပေအကျယ်လောက်ဖြတ် တောက်ထားပြီး လုပ်ငန်းရပ်ဆိုင်း ထားတာ တစ်လလောက်ရှိနေပြီ ဆိုတော့ ရပ်ကွက်နေပြည်သူတွေ သွားရေးလာရေးခက်ခဲပြီး ညရေး ညတာကျန်းမာရေး၊ အဘိုးအဘွား တွေ သွားလာရေး၊ ဈေးရောင်း ဈေးဝယ်တွေရဲ့ စီးပွားရေးအကုန် အခက်အခဲတွေ့နေရပါတယ်။ အကာအရSafety side  များ မထားခြင်းကြောင့် တစ်လောကပဲ ညအချိန်မှာ လူငယ်တစ်ဦးစက်ဘီး နဲ့အတူပြုတ်ကျပြီး ပြင်းထန်ဒဏ် ရာတွေရရှိခဲ့ပါတယ်။ ၈ ရက်နေ့ ကလည်း လမ်းအတွင်းဘက်က လူတစ်ယောက် ၉၆ ပါးရောဂါနဲ့ သေဆုံးသွားလို့ အလောင်းထုတ် ဖို့ရာ နာရေးကူညီမှုကားလာလို့ မရဘူးဖြစ်နေတယ်။ လယ်ကွင်း တွေရှိတဲ့ဘက်ကလှည့်ထုတ်ရမှာ ဆိုတော့ ဖြတ်သန်းရမယ့်အိမ် တွေကိုလည်း ဆယ်အိမ်ရှိရင် ကန်တော့ပွဲဆယ်ပွဲပေးရမယ်”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆို သည်။

“လေးမြို့နယ် စီမံကိန်းဆိုပြီး ယန်္တရားတွေနဲ့ အနက်ကြီးတူးထား ပြီး ဆက်မလုပ်ဘဲထားတော့ လမ်းသူလမ်းသားတွေအကုန်လုံး ဒုက်္ခတွေ့နေရတယ်။ အခြားလမ်း တွေကပတ်ပြီး အလုပ်သွားအလုပ် ပြန် ကျန်းမာရေး၊ စီးပွားရေးကိစ်္စ တွေအတွက် မလိုအပ်ဘဲ အချိန် ကုန်ပင်ပန်းနေရတယ်။ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ကစောင့်ရှောက် မှုလုံးဝမပေးထားလို့ လူတစ် ယောက်လည်းပြုတ်ကျသွားပြီးပြီ။ မေလ ၂၁ ရက်နေ့ အစိုးရကို အပြီးအပ်ရမယ်လို့ ကန်ထရိုက် တစ်ယောက်ဆီကတော့ ကြား ထားတယ်။ လုပ်ငန်းကျတော့ အခုအချိန်ထိရပ်ထားတုန်းပဲ”ဟု ၎င်းလမ်းတွင်နေထိုင်သNLD ပါတီဝင်တစ်ဦးက ဆိုသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင်လည်း ဖြတ်တောက်တူးဖော်ထားသော လမ်းနေရာများတွင် ဆက်လက် တည်ဆောက်မှုမရှိပဲ ကြန့်ကြာ နေခြင်း၊ တည်ဆောက်ပြီးသော် လည်း မြေကြီးပုံများဖယ်ရှားရှင်း လင်းမှုမပြုသေးခြင်းများကြောင့် လမ်းပိတ်ဆို့ကာအခက်အခဲများ ကြုံနေရကြောင်း သိရသည်။

““သွားရေးလာရေးခက်တယ်။ ကွေ့ဝိုက်သွားနေရတယ်။ ရေ ရောင်းတဲ့သူတွေတော်တော်နဲ့ လမ်းထဲမရောက်လာလို့ သောက် ရေ၊ သုံးရေအခက်အခဲဖြစ်တယ်။ ပွင့်လင်းရာသီဖြစ်လို့ အိမ်အပြောင်း အရွှေ့ပစ္စည်းသယ်ဖို့ခက်တယ်။ လမ်းထဲကားဝင်လို့မရဘူး။ ပြန်ခင်း ပြီးတဲ့ လမ်းတချို့လဲ မြေကြီးပုံ တွေ ပိတ်ထားတုန်းပဲ””ဟု အဆိုပါ အိမ်ရာနေသူတစ်ဦးက ပြော သည်။

မြို့နယ်နေသူများအနေဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ယခုကဲ့သို့ဆောင်ရွက်ပေးသည်ကို ၀မ်းမြောက်ကြိုဆိုကြသော်လည်း ရပ်ကွက်လမ်းများကိုဖြတ်တောက် တူးဖော်ပြီးသည်နှင့် တစ်ပြိုင်နက် တည်ဆောက်ခြင်းလုပ်ငန်းကို ဆက်တိုက်လုပ်ကိုင်စေလိုပြီး တည်ဆောက်ပြီးသည့်လမ်းများကို လည်း လုပ်ငန်းခွင်မှပစ္စည်းပစ္စယ များ ဖယ်ရှားရှင်းလင်း၍ အမြန် ပြန်လည်ဖွင့်လှစ်ပေးရန်လိုလား လျက်ရှိကြောင်း သိရသည်။

Hot News
ဒဂုံမြို့သစ်လေးမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထုတ်မြောင်းများတူးဖော်ဆောင် ရွက်လျက်ရှိရာ လုပ်ငန်းကြန့်ကြာ နေခြင်းများရှိပြီး တူးဖော်တည် ဆောက်ဆဲ ရေထုတ်မြောင်းများ အပြီးမသတ်နိုင်ခြင်းများကြောင့် ပြည်သူများသွားရေးလာရေးခက်ခဲ ပြီး ကျန်းမာရေး၊ စီးပွားရေး၊ လူမှု ရေး ကိစ္စရပ် များတွင် အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်းအဆိုပါ မြို့နယ်များတွင်နေထိုင်သူများထံမှ သိရသည်။
ရေထုတ်မြောင်းများတူးဖော် ရာတွင် ရပ်ကွက်များအတွင်းရှိ လမ်းများကိုယန်္တရားများဖြင့် ဖြတ် တောက် တူးဖော်လျက်ရှိပြီး ယင်း တူးဖော်ထားသောနေရာများတွင် တည်ဆောက်ခြင်းလုပ်ငန်းကို အပြီး သတ်နိုင်မှု မရှိခြင်းများရှိနေ သောကြောင့် ယင်းသို့အခက်ကြုံ နေရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

““ကျွန်တော်တို့ ဒဂုံအရှေ့ပိုင်း ၄ ရပ်ကွက်ဗိုလ်ပျိုလမ်းဆိုရင် ဆယ်ပေအကျယ်လောက်ဖြတ် တောက် ထားပြီး လုပ်ငန်းရပ်ဆိုင်း ထားတာ တစ်လလောက်ရှိနေပြီ ဆိုတော့ ရပ်ကွက်နေပြည်သူတွေ သွားရေး လာရေးခက်ခဲပြီး ညရေး ညတာကျန်းမာရေး၊ အဘိုးအဘွား တွေ သွားလာရေး၊ ဈေးရောင်း ဈေးဝယ်တွေရဲ့ စီးပွားရေးအကုန် အခက်အခဲတွေ့နေရပါတယ်။ အကာအရSafety side  များ မထားခြင်းကြောင့် တစ်လောကပဲ ညအချိန်မှာ လူငယ်တစ်ဦးစက်ဘီး နဲ့အတူပြုတ်ကျပြီး ပြင်းထန်ဒဏ် ရာတွေရရှိခဲ့ပါတယ်။ ၈ ရက်နေ့ ကလည်း လမ်းအတွင်းဘက်က လူတစ်ယောက် ၉၆ ပါးရောဂါနဲ့ သေဆုံးသွားလို့ အလောင်းထုတ် ဖို့ရာ နာရေးကူညီမှုကားလာလို့ မရဘူးဖြစ်နေတယ်။ လယ်ကွင်း တွေရှိတဲ့ဘက်ကလှည့်ထုတ်ရမှာ ဆိုတော့ ဖြတ်သန်းရမယ့်အိမ် တွေကိုလည်း ဆယ်အိမ်ရှိရင် ကန်တော့ပွဲဆယ်ပွဲပေးရမယ်”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆို သည်။

“လေးမြို့နယ် စီမံကိန်းဆိုပြီး ယန်္တရားတွေနဲ့ အနက်ကြီးတူးထား ပြီး ဆက်မလုပ်ဘဲထားတော့ လမ်းသူ လမ်းသားတွေအကုန်လုံး ဒုက်္ခတွေ့နေရတယ်။ အခြားလမ်း တွေကပတ်ပြီး အလုပ်သွားအလုပ် ပြန် ကျန်း မာရေး၊ စီးပွားရေးကိစ်္စ တွေအတွက် မလိုအပ်ဘဲ အချိန် ကုန်ပင်ပန်းနေရတယ်။ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ကစောင့်ရှောက် မှုလုံးဝမပေးထားလို့ လူတစ် ယောက်လည်းပြုတ်ကျသွားပြီးပြီ။ မေလ ၂၁ ရက်နေ့ အစိုးရကို အပြီးအပ်ရမယ်လို့ ကန်ထရိုက် တစ်ယောက်ဆီကတော့ ကြား ထားတယ်။ လုပ်ငန်းကျတော့ အခုအချိန်ထိရပ်ထားတုန်းပဲ”ဟု ၎င်းလမ်းတွင်နေထိုင်သNLD ပါတီဝင်တစ်ဦးက ဆိုသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင်လည်း ဖြတ်တောက်တူးဖော်ထားသော လမ်းနေရာ များ တွင် ဆက်လက် တည်ဆောက်မှုမရှိပဲ ကြန့်ကြာ နေခြင်း၊ တည်ဆောက်ပြီးသော် လည်း မြေကြီးပုံ များဖယ်ရှားရှင်း လင်းမှုမပြုသေးခြင်းများကြောင့် လမ်းပိတ်ဆို့ကာအခက်အခဲများ ကြုံနေရကြောင်း သိရ သည်။

““သွားရေးလာရေးခက်တယ်။ ကွေ့ဝိုက်သွားနေရတယ်။ ရေ ရောင်းတဲ့သူတွေတော်တော်နဲ့ လမ်းထဲ မရောက်လာလို့ သောက် ရေ၊ သုံးရေအခက်အခဲဖြစ်တယ်။ ပွင့်လင်းရာသီဖြစ်လို့ အိမ်အပြောင်း အရွှေ့ ပစ္စည်းသယ်ဖို့ခက်တယ်။ လမ်းထဲကားဝင်လို့မရဘူး။ ပြန်ခင်း ပြီးတဲ့ လမ်းတချို့လဲ မြေကြီးပုံ တွေ ပိတ်ထား တုန်းပဲ””ဟု အဆိုပါ အိမ်ရာနေသူတစ်ဦးက ပြော သည်။

မြို့နယ်နေသူများအနေဖြင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ယခုကဲ့သို့ဆောင်ရွက်ပေးသည်ကို ၀မ်းမြောက် ကြိုဆိုကြသော်လည်း ရပ်ကွက်လမ်းများကိုဖြတ်တောက် တူးဖော်ပြီးသည်နှင့် တစ်ပြိုင်နက် တည်ဆောက်ခြင်းလုပ်ငန်းကို ဆက်တိုက်လုပ်ကိုင်စေလိုပြီး တည်ဆောက်ပြီးသည့်လမ်းများကို လည်း လုပ်ငန်း ခွင်မှပစ္စည်းပစ္စယ များ ဖယ်ရှားရှင်းလင်း၍ အမြန် ပြန်လည်ဖွင့်လှစ်ပေးရန်လိုလား လျက်ရှိကြောင်း သိရသည်။

Hot News

No comments:

Post a Comment