
မန္တလေးတိုင်း ဒေသကြီး အပါအ၀င် မြန်မာ တစ်နိုင်ငံလုံးတွင် အိမ်ခြံမြေ တံဆိပ်ခေါင်းခွန် ကောက်ခံမှုကို ယခင် ကောက်ခံခဲ့သည့် (၇) ရာခိုင်နှုန်း မှ (၅) ရာခိုင်နှုန်းသို့ လျှော့ချ ကောက်ခံမည်ဖြစ်ကြောင်း မန္တလေး တိုင်း ဒေသကြီး ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဌာန ၀န်ကြီး ဒေါက်တာ မြင့်ကြူက ပြောသည်။
အဆိုပါ အိမ်ခြံမြေ တံဆိပ်ခေါင်းခွန်ကောက်ခံမှု(၅) ရာခိုင်နှုန်းတွင်သက်ဆိုင်ရာ မြို့တော်စည်ပင် သာယာရေး ကော်မတီမှ (၂) ရာခိုင်နှုန်း ရရှိမည် ဖြစ် သည်။ ကိုယ့်တိုင်း ဒေသကြီး အတွင်း ပြင်ဆင်စရာ ရှိတာတွေ ကို ပြည်ထောင်စု အထိ တင်စရာ မလိုတော့ဘူး။ ကိုယ့်တိုင်းဒေသကြီး Authority နဲ့ သုံးလို့ ရအောင်ပေါ့၊ စည်ပင်တွေ ၀င်ငွေတိုးတာပေါ့။ စည်ပင်သာယာ လုပ်ငန်းတွေမှာ များများ ပိုလုပ်နိုင်တာပေါ့ ဟု ၀န်ကြီး ဒေါက်တာ မြင့်ကြူ က ပြောသည်။
ယခင်က မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ် အတွင်း အိမ်ခြံမြေ ရောင်းဝယ်မှု များတွင် တန်ဖိုး အလိုက် တံဆိပ်ခေါင်းခွန် အဖြစ် (၇) ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး၊ စည်ပင်သာယာ နယ်န မိတ် ပြင်ပ ကိုမူ ကောက်ခံခြင်း မပြု ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရုံးမှ သိရသည်။
ယင်းကဲ့သို့ အိမ်ခြံမြေ တံဆိပ် ခေါင်းခွန်များ လျှော့ချလိုက် ခြင်းကြောင့် အခွန်ဆောင် လိုသူများ ပိုမိုများပြား လာသည် ကို တွေ့ရကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားသည်။
အခွန်ဆောင်ပြီး အိမ်ခြံမြေ အရောင်းအ၀ယ် လုပ်တယ်ဆိုတာက နာမည်ပေါက် ရချင်တဲ့အတွက်ပါ။ ပြီးခဲ့ တဲ့နှစ်က ဆိုရင် မြေ ကွက်ဈေးနှုန်း ကလည်း မြင့်တယ်။ အခွန် ကလည်း ကောက်တာများတော့ အမည်ပေါက် ရဖို့ထက် သူများ အမည်ပေါက် နဲ့ပဲ ၀ယ်ကြ ရတာပေါ့။
The Messenger
No comments:
Post a Comment