Friday 9 May 2014

ရှမ်းပါတီကြီးနှစ်ခု ပေါင်းစည်းရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် သဘောတူညီမှုရရှိ

ရှမ်းအမျိုးသား ဒီမိုကရေစီပါ တီ (SNLD) နှင့် ကျားဖြူပါတီ (SNDP) တို့၏ တွေ့ဆုံဆွေးနွေးပွဲ တွင် နှစ် ပါတီ ပေါင်းစည်းရေး စဉ်ဆက်မပြတ်ဆောင် ရွက်သွားရန်နှင့် ကဏ္ဍအသီးသီးတွင် လက်တွဲလုပ်ကိုင် သွားကြရန် သဘော တူညီမှုရရှိခဲ့ကြကြောင်း အဆိုပါ ပါ တီနှစ်ခုမှ ပြောရေးဆိုခွင့်ရှိသူများက ပြောခဲ့သည်။
မေ ၃ ရက်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ Heart Beat စား သောက်ဆိုင်ရှိ သီးသန့်ခန်းမ အ တွင်း ပြု လုပ် ခဲ့သော အဆိုပါ နှစ်ပါတီဆွေး နွေးပွဲတွင် ကောင်းမွန်သော ရလဒ် ပေါ်ထွက် ခဲ့ကြောင်း၊ ပြည်သူ လူထုနှင့် ပါတီဝင်များ၏ လိုအပ်ချက်များကို ပူးပေါင်း ဖြည့်ဆည်းသွားမည်ဖြစ် ကြောင်း ရှမ်း အမျိုး သား ဒီမိုကရေစီ ပါတီမှ ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင်က ပြောကြားသည်။

'ဒီကနေ့ ပါတီပေါင်းစည်းရေး အတွက် သဘောတူညီမှုရလိုက်လို့ ရှမ်း ပြည်နယ်ဖွံ့ဖြိုးရေးကို အရင်ထက် ပို မိုကျယ်ပြန့်စွာ လုပ်ဆောင်သွားနိုင် မှာပါ။ ရှမ်းပြည်နယ်က ပြည်သူတွေ အတွက် တကယ်ကို အကျိုးရှိစေမှာ ပါ''ဟု ယင်းကပြောသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ နှင့် ကျားဖြူပါတီ နှစ်ပါတီတို့သည် ယခင်က မြို့နယ်အဆင့်ပူးပေါင်း၍ နမ့်ခမ်းဒေသ ရှိ စစ်ဘေးဒုက္ခသည် များကို ပူးပေါင်းကူညီပေးခြင်း၊ ရှမ်း ပြည်နယ်အတွင်း သန်းခေါင် စာရင်း ကောက်ခံရာတွင် ပူးပေါင်းဆောင်ရွက် ခြင်း စသည့် လူမှုရေးကိစ္စရပ်များတွင် လက်တွဲလုပ်ကိုင်ခြင်း များ ရှိခဲ့ကြောင်း၊ မကြာမီကာလအတွင်း နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုများ ရှိလာမည် ဖြစ်ကြောင်းလည်း သိရသည်။

နှစ်ပါတီဆွေးနွေးပွဲကို နောက် ထပ် နှစ်လအကြာတွင် ထပ်မံပြုလုပ် မည်ဖြစ်ပြီး ပါတီတစ်ခုတည်း ဖြစ် လာ ရေးအား ထုတ်သွားမည်ဟု ရှမ်းမျိုး သားဒီမိုကရေစီပါတီ (SNLD) မှ တွဲ ဖက်အတွင်းရေးမှူး-၁ ဦးစိုင်းမောင် တင်က ပြောကြားသည်။

''အခုရရှိထားတဲ့ နားလည်မှုကို ဆက်လက်တည်မြဲအောင် ဆောင်ရွက် သွားမှာပါ။ နောက် တစ်ကြိမ် တွေ့ ဆုံ ပွဲပြီးရင်လဲ ကျွန်တော်တို့ ပါတီဘက် က နိုင်ငံရေးအရ ပူးပေါင်းသွားဖို့အ စီအစဉ်ရှိပါတယ်''ဟု ယင်း က ပြော သည်။

Yangon Times Journal | အတွဲ ၁၀ - အမှတ် ၁၇

No comments:

Post a Comment