Monday 12 May 2014

အာဆီယံက ဆက်လက်လုပ်ဆောင်ရမည့် လမ်းညွှန်ချက်အဖြစ် နေပြည်တော်ကြေညာစာတမ်း ထုတ်ပြန်

အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဆက်လက်လုပ်ဆောင်ရမည့် လမ်းညွှန်ချက်အဖြစ် နေပြည်တော်ကြေ ညာ စာတမ်းကို မေ ၁၁ ရက်က ပြုလုပ်ခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အပြီး တွင် ထုတ်ပြန်လိုက်သည်။
အချက်(၂၈) ချက်ပါဝင်သော နေပြည်တော် ကြေညာစာတမ်းသည် အာဆီယံသက်တမ်းတစ်လျှောက် ချမှတ်ခဲ့သော ကြေညာစာတမ်းများကို ထပ်မံအတည်ပြုခဲ့ပြီး ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အမြုံ မျှော်မှန်းချ က်ပြည့် မီရေးနှင့် ၂၀၁၅ အလွန် အာဆီယံအသိုက်အမြုံ မျှော်မှန်းချက်ပြည့်မီရေး ကို ထောက်ခံသော အားဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြေညာစာတမ်း၌ ဒေသတွင်းငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ချမ်းသာကြွယ်ဝရေးတို့ကို ထိန်း သိမ်းမြှင့်တင် ရာတွင် အာဆီယံ၏ ပေါင်းစည်းမှု၊ ညီညွတ်မှုနှင့် အာဆီယံ၏ အဓိကအခန်းကဏ္ဍတို့ကို မြှင့်တင်ရန် အချက် ကို ဖော်ပြခဲ့ပြီး ဒီမိုကရေစီ၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုတို့ကို ထိန်းသိမ်းမြှင့်တင်ရန်အတွက် အာဆီယံနိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်ကို လည်း ဖော်ပြ ခဲ့ သည်။

ထို့နောက် နိုင်ငံတကာ အသိအမှတ်ပြု စည်းမျဉ်းဥပဒေများနှင့်အညီ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အဖြေရှာရေး အပါအ၀င် နိုင်ငံတကာ ဆက်ဆံရေး နည်းဥပဒေများကို မြှင့်တင်ထောက်ခံ သွား ရန်၊ ဒေသ တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အာဆီယံပဋိဉာဉ် အပါအ၀င် အခြားသော အာဆီယံဆိုင်ရာ ကြေညာချက်များ၊ သဘောတူညီချက်များတွင် ဖော်ပြထားသော စံနှုန်းများနှင့် တန်ဖိုးများကို တိုးမြှင့်မျှဝေရန် အချက်ကိုလည်း ပြဋ္ဌာန်းခဲ့သည်။

ထို့ပြင် တောင်တရုတ်ပင်လယ်ဆိုင်ရာ သဘောတူညီချက် ကြေညာချက်ကို နိုင်ငံတကာအသိအမှတ်ပြု စည်းမျဉ်းများ၊ နိုင်ငံတကာ ဥပဒေများဖြင့် အကောင်အထည်ဖော်ရာတွင် တိုးမြှင့်ပေးရန် အချက်ကိုလည်း ထည့်သွင်းခဲ့သည်။

နျူကလီးယားလက်နက် ပို ဆိုင်သော နိုင်ငံများနှင့် နီးကပ်စွာပူးပေါင်း၍ အရှေ့တောင်အာရှ နျူ ကလီးယား ကင်းမဲ့ဇုန် တည်ထောင်ရေးစာချုပ်ကို စောစီးစွာ လက်မှတ်ထိုးရန် တိုက်တွန်းခဲ့ပြီး အာဆီယံတစ်နိုင်ငံ ချင်းစီ တွေ့ကြုံလျက်ရှိသော အခက်အခဲများကို ဖော်ထုတ်နိုင်ရန်အတွက် အာဆီယံနိုင်ငံများ၏ လေ့လာ ဆန်းစစ်နိုင်စွမ်းကို တိုးမြှင့်တည်ဆောက်ရန် ကြေညာစာတမ်း၌ ထည့်သွင်းခဲ့သည်။

အာဆီယံ လုပ်ငန်းစဉ်များ တိုးချဲ့ရန်၊ အာဆီယံအဖွဲ့ဝင် တိုးချဲ့ရန်နှင့် ပထ၀ီနိုင်ငံရေး၊ စီးပွားရေး တိုးတက်ရန် အချက်ကို ထည့်သွင်းခဲ့ပြီး အာဆီယံမိတ်ဖက် နိုင်ငံများအပြင် အာဆီယံပြင်ပ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရန် နိုင်ငံခြားဆက်ဆံရေး နည်းလမ်းများကို ဆက်လက်တိုးမြှင့်ရန် အချက်ကို လည်း ထည့်သွင်းဖော်ပြခဲ့သည်။

စီးပွားရေးကဏ္ဍ အနေဖြင့် တစ်ခုတည်းသော အာဆီယံဈေးကွက်နှင့် ထုတ်လုပ်မှုအခြေခံဆိုင်ရာ အချက် များကို အကောင်အထည်ဖော်ရန်၊ ဒေသတွင်း ကူးလူးဆက်ဆံရေးဆိုင်ရာ စီမံချက်များ အကောင် အထည်ဖော်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို မြှင့်တင်ပေးခြင်းဖြင့် အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်းရည်ကို မြှင့်တင်ရန်၊ ဒေသတွင်း ဘုံအကျိုးစီးပွား တိုးမြှင့်စေရန်အတွက် အာဆီယံ ၏ နိုင်ငံတကာ စီးပွားရေးပေါင်းစည်းမှုကို အားဖြည့်ရန် အချက်များကိုလည်း နေပြည်တော်ကြေ ညာ စာတမ်း၌ ပါရှိခဲ့သည်။

အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းသူများနှင့် အားနည်းသူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ ကယ် ဆယ်ရေးနှ င့် ပြန်လည်တည်ဆောက်ရေးတို့ကို ပိုမိုကျစ်လျစ်ခိုင်မာစွာ ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံ ၏ နည်း လမ်း များနှင့် ကဏ္ဍစုံကို ပြည့်စုံရန်၊ အာဆီယံ ပြည်သူများအကြား အာဆီယံအသိုက်အ၀န်းဆိုင်ရာ အသိ အမြင်ကို မြှင့်တင်ပေးရန်နှင့် ပြည်သူဗဟိုပြုသော အာဆီယံဖြစ်ပေါ်လာစေရန် ပုဂ္ဂလိကကဏ္ဍ၊ ပညာရှင် များ၊ လွှတ်တော်များ၊ လူငယ်၊ အရပ်ဘက် လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် ပိုမိုအပြု သဘောဆောင်သော ချဉ်းကပ်မှုကို တိုးမြှင့်ရန်အချက်ကိုလည်း နေပြည်တော်ကြေညာစာတမ်း၌ ထည့် သွင်းရေး သားခဲ့ကြသည်။ 

Eleven Media Group

No comments:

Post a Comment