Monday 12 May 2014

အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အစိုးရတစ်ခုတည်း၊ လွှတ်တော် တစ်ခု တည်းဖြင့် လုပ်၍မရဟု သမ္မတအကြံပေး ဒုဝန်ကြီး ဦးရဲထွဋ်ပြော

အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုး ရတစ်ခုတည်း၊ လွှတ်တော်တစ်ခုတည်းနှင့် လုပ်၍ မရဘူးဟု နိုင်ငံတော်သမ္မတအ ကြံပေး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲထွဋ် က ပြောသည်။
မေလ ၁ဝ ရက်က နေပြည်တော်(MICC-1)၌ ကျင်းပသော (၂၄)ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပထမနေ့၌ ပြည်တွင်းပြည်ပ မီဒီယာသမား များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

''အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ မျှော်မှန်းထားတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံကောင်းတွေ လည်း ဖန်တီးပေးထားတယ်။ သို့သော်  ဒါတွေ တကယ်ဖြစ်ပေါ်လာဖို့ဆိုရင် စီးပွားရေးကဏ္ဍ တစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ နိုင်ငံရေး စီးပွားရေးအရ တည်ငြိမ်မှုတွေရှိရမယ်။ အဲဒါကလဲ အစိုးရတစ်ခုတည်း၊ လွှတ်တော်တစ်ခုတည်း လုပ်လို့မရဘူး။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးကဏ္ဍအသီးသီးမှာ ရှိတဲ့ သူ တွေရော ပြည် သူတွေ အားလုံး ပါဝင်ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတကာက မျှော်လင့် နေတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်နိုင်မှာပါ''ဟု ယင်းက ဆက်ပြောခဲ့ သည်။ 

ယင်းအပြင် ''ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို အထူး သဖြင့် အလတ်စားနှင့် အသေး စား စက်မှုလက်မှုလုပ်ငန်းတွေ စွမ်း ဆောင်ရည်မြှင့် နိုင် အောင် လုပ်ပေးရမယ်။ ကျွန်တော်တို့ အာဆီယံ တစ်ခု တည်း အာဆီယံစီးပွားရေး ဇုန် လုပ်တဲ့အခါမှာ စိန်ခေါ်မှုတွေရှိ ပေမယ့် ကြောက်စရာမလိုဘူး။ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် လုပ်မယ်ဆိုရင် စိန်ခေါ်မှုတွေရှိသလို အခွင့်ကောင်း လည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ လုပ်နေတာ အစိုးရရော၊ ကုန်သွယ်ရေးအဖွဲ့အစည်းအသီးသီး ကရော ပူးပေါင်းပြီး စိန်ခေါ်မှုတွေကိုလည်း ကျော်လွှားနိုင်ရမယ်။ ပေါ်လာတဲ့  အခွင့်အရေးတွေကိုလည်း ဆုပ်ကိုင်နိုင်အောင် လုပ်နေ တယ်''ဟု ဆက်ပြောသည်။

Yangon Media Group

No comments:

Post a Comment