Monday 12 May 2014

အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးမြန်းခွင့်မပြုခဲ့

Photo: အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးမြန်းခွင့်မပြုခဲ့
Monday, May 12, 2014

နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီး မေ ၁၁ ရက်တွင် ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးခွန်းမေးမြန်းခွင့်မပြုကြောင်း တားမြစ်ခဲ့ပါသည်။

ပုံမှန်အားဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံမှ သမ္မတသို့မဟုတ် ၀န်ကြီးချုပ်က ထိပ်သီးအစည်းအဝေးများ အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားလေ့ရှိသည်။

မြန်မာနိုင်ငံမတိုင်မီ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူခဲ့သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံများ၌လည်း အာဆီယံထိပ်သီး အစည်းအဝေးများ ပြုလုပ်ပြီးချိန်တိုင်းတွင် သမ္မတ(သို့မဟုတ်) ၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

၂၀၁၄ ခုနှစ်၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကမူ သတင်းစာရှင်းလင်းပွဲတွင် ပြုလုပ်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးမှ အကြောင်းအရာများကို ဖတ်ကြားရှင်းလင်းခဲ့ခြင်းသာ ဖြစ်ပါသည်။

“ပြောစရာ၊ ဆိုစရာတွေ အားလုံးက ပြောလည်းပြောပြီးသွားပြီ။ ပြည့်စုံသွားပြီဆိုတော့ သမ္မတကြီးအနေနဲ့ အမေးအဖြေ ထပ်လုပ်စရာ မလိုတော့ဘူးလေ။ အဲဒါကြောင့် အမေးအဖြေကဏ္ဍ မလုပ်တော့တာပါ” ဟု သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေ ၁၁ ရက် ညပိုင်းတွင် Weekly Eleven သို့ ပြောကြားသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သော အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအပြီး ပြုလုပ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ကာကွယ်ရေးဦးစီးချုပ်အား မေးခွန်းမေးမြန်းခွင့်ရခဲ့သော သတင်းထောက်များမှာ သတင်းစဉ်၊ MRTV-4 နှင့် မြ၀တီ သတင်းဌာနများမှ သတင်းထောက်များသာ ဖြစ်သည်။

မေ ၁၀ ရက်နှင့် ၁၁ ရက်များတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပြီးဆုံးသည့် မေ ၁၁ ရက် ညနေ ၅ နာရီတွင် သမ္မတဦးသိန်းစိန်က သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ယခုထိပ်သီး အစည်းအဝေးသည် အာဆီယံအဖွဲ့သို့ မြန်မာဝင်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ရွေးချယ်ထားသည့် “ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ” ဆောင်ပုဒ်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကာ ၎င်းဆောင်ပုဒ်မှာ မြန်မာနိုင်ငံ၏ လက်ရှိတည်ဆောက်နေသော ဒီမိုကရေစီစနစ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ထင်ဟပ်စေကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

“အနာဂတ်ကို အလေးထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တာနဲ့အညီ အာဆီယံအသိုက်အ၀န်းရဲ့ ၂၀၁၅ ခုနှစ်အလွန် မျှော်မှန်းချက်များကိုလည်း ဘယ်လိုရွေးချယ် ချမှတ်သွားကြမလဲ ဆိုတာကိုပါ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်” ဟု သမ္မတကဆိုသည်။

ထို့ပြင် အာဆီယံအဖွဲ့အား ကျစ်လစ်ခိုင်မာပြီး ရည်ရွယ်ချက်များပြည့်မြောက်အောင် အာဆီယံအဖွဲ့အစည်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ပိုမိုခိုင်မာအောင် ပြုလုပ်ရန်အတွက်လည်း ဆွေးနွေးအမြင် ဖလှယ်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က မီဒီယာများသို့ ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ်ကိစ္စ၊ အရှေ့ပင်လယ်ကိစ္စ၊ ကိုရီးယားကျွန်းဆွယ်ကိစ္စ မလေးရှားလေကြောင်းလိုင်း၊ သဘာဝဘေးအန္တရာယ်ကိစ္စ အစရှိသည့် ကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကြကြောင်း ပြောကြားခဲ့သော်လည်း တင်းမာမှုများ ရှိနေပြီး အများစိတ်ဝင်စားနေကြသည့် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့်ပတ်သက်၍ အတိအကျ ပြောဆိုမှုများ မပြုလုပ်ခဲ့ပေ။

ရှင်းလင်းပွဲအတွင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကိုယ်စား သြစတြေးလျနိုင်ငံ၊ ဘရစ်ဇဘိန်းမြို့၌ ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရမည့် အကြောင်းကိုလည်း ပြောကြားခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

“ဒီအစည်းအဝေးရဲ့ အဓိကရလဒ်ကတော့ အာဆီယံအသိုက်အ၀န်းကို အကောင်အထည်ဖော်ရေးဆိုင်ရာ နေပြည်တော်ကြေညာစာတမ်းကို အာဆီယံခေါင်းဆောင်များ အနေနဲ့ အတည်ပြု ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ရလဒ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည်။

Eleven Media Group 

မေ ၁၁ ရက်ကပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ သမ္မတဦးသိန်းစိန် ရှင်းလင်းပြောကြားစဉ်
မေ ၁၁ ရက်ကပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ သမ္မတဦးသိန်းစိန်ရှင်းလင်းပြော ကြားစဉ်
နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်း အဝေးများ အပြီး မေ ၁၁ ရက်တွင် ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထော က် များကို မေးခွန်းမေးမြန်းခွင့်မပြုကြောင်း တားမြစ်ခဲ့ပါသည်။
ပုံမှန်အားဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံမှ သမ္မတသို့မဟုတ် ၀န်ကြီးချုပ်က ထိပ်သီးအစည်းအဝေးများ အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးမြန်း ချက်ကို ဖြေကြားလေ့ရှိသည်။

မြန်မာနိုင်ငံမတိုင်မီ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူခဲ့သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘော ဒီးယားနှင့် ဘရူနိုင်းနိုင်ငံများ၌လည်း အာဆီယံထိပ်သီး အစည်းအဝေးများ ပြုလုပ်ပြီးချိန်တိုင်းတွင် သမ္မတ (သို့မဟုတ်) ၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးခွန်းများကို ဖြေ ကားခဲ့သည်။

၂၀၁၄ ခုနှစ်၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကမူ သတင်းစာရှင်းလင်းပွဲ တွင် ပြုလုပ် ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးမှ အကြောင်းအရာများကို ဖတ်ကြားရှင်းလင်းခဲ့ခြင်း သာ ဖြစ် ပါသည်။

“ပြောစရာ၊ ဆိုစရာတွေ အားလုံးက ပြောလည်းပြောပြီးသွားပြီ။ ပြည့်စုံသွားပြီဆိုတော့ သမ္မတကြီးအနေနဲ့ အမေးအဖြေ ထပ်လုပ်စရာ မလိုတော့ဘူးလေ။ အဲဒါကြောင့် အမေးအဖြေကဏ္ဍ မလုပ်တော့တာပါ” ဟု သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေ ၁၁ ရက် ညပိုင်းတွင် Weekly Eleven သို့ ပြော ကြားသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သော အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအပြီး ပြု လုပ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ကာကွယ်ရေးဦးစီးချုပ်အား မေးခွန်းမေးမြန်းခွင့်ရခဲ့သော သတင်းထောက်များမှာ သတင်းစဉ်၊ MRTV-4 နှင့် မြ၀တီ သတင်းဌာနများမှ သတင်းထောက်များသာ ဖြစ်သည်။

မေ ၁၀ ရက်နှင့် ၁၁ ရက်များတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပြီးဆုံးသည့် မေ ၁၁ ရက် ညနေ ၅ နာရီတွင် သမ္မတဦးသိန်းစိန်က သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ယခုထိပ်သီး အစည်းအဝေးသည် အာဆီယံအဖွဲ့သို့ မြန်မာဝင်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန် ယူချိန်တွင် ရွေးချယ်ထားသည့် “ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်း ဆီ” ဆောင်ပုဒ်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကာ ၎င်းဆောင်ပုဒ်မှာ မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆောက်နေသော ဒီမို ကရေစီစနစ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ထင်ဟပ်စေကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

“အနာဂတ်ကို အလေးထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တာနဲ့အညီ အာဆီယံအသိုက်အ၀န်းရဲ့ ၂၀၁၅ ခုနှစ် အလွန် မျှော်မှန်းချက်များကိုလည်း ဘယ်လိုရွေးချယ် ချမှတ်သွားကြမလဲ ဆိုတာကိုပါ ဆွေးနွေးညှိနှိုင်းခဲ့ကြ ပါတယ်” ဟု သမ္မတကဆိုသည်။

ထို့ပြင် အာဆီယံအဖွဲ့အား ကျစ်လစ်ခိုင်မာပြီး ရည်ရွယ်ချက်များပြည့်မြောက်အောင် အာဆီယံအဖွဲ့အစည်း များ ကို ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ပိုမိုခိုင်မာအောင် ပြုလုပ်ရန်အတွက် လည်း ဆွေးနွေးအမြင် ဖလှယ်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က မီဒီယာများသို့ ပြောကြားခဲ့ သည်။ တောင် တရုတ်ပင်လယ်ကိစ္စ၊ အရှေ့ပင်လယ်ကိစ္စ၊ ကိုရီးယားကျွန်းဆွယ်ကိစ္စ မလေးရှားလေကြောင်းလိုင်း၊ သဘာဝဘေးအန္တရာယ်ကိစ္စ အစရှိသည့် ကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကြကြောင်း ပြောကြားခဲ့သော်လည်း တင်းမာမှုများ ရှိနေပြီး အများစိတ်ဝင်စားနေကြသည့် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့်ပတ်သက်၍ အတိအကျ ပြောဆိုမှုများ မပြုလုပ်ခဲ့ပေ။

ရှင်းလင်းပွဲအတွင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကိုယ်စား သြစတြေးလျနိုင်ငံ၊ ဘရစ်ဇဘိန်းမြို့၌ ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို တက်ရောက် ရမည့် အကြောင်းကိုလည်း ပြောကြားခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

“ဒီအစည်းအဝေးရဲ့ အဓိကရလဒ်ကတော့ အာဆီယံအသိုက်အ၀န်းကို အကောင်အထည်ဖော်ရေးဆိုင် ရာ နေပြည်တော်ကြေညာစာတမ်းကို အာဆီယံခေါင်းဆောင်များ အနေနဲ့ အတည်ပြု ထုတ်ပြန်နိုင် ခဲ့ခြင်း ဖြစ် ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ရလဒ်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည်။

Eleven Media Group

No comments:

Post a Comment