စစ်တွေမှ ရန်ကုန်သို့ အသွား ကြံတိုင်းအောင် ခရီးသည်တင် ဘတ်စ်ကား မင်းပြား အနီး တိမ်းမှောက်ရာမှ ခရီးသည် ၁၅ ဦးခန့် ဒဏ်ရာရရှိ သွားခဲ့ကြောင်း သတင်း ရရှိသည်။
စစ်တွေသို့ ယူဆောင်လာသော ဒဏ်ရာရသူ ၁၃ ဦးတွင် ၃ ဦးခန့်မှာ ဒဏ်ရာပြင်းထန်သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း ကိုမောင်မောင်က ဆက်ပြောသည်။
ဒဏ်ရာရသူများအား မင်းပြားမြို့ရခိုင်လူမှု ကွန်ရက် အမှုဆောင် ဦးခင်ဇော်ဝင်း မှ ရွှေပြည်တန် ရှပ်ပြေး အမြန်မော်တော် ရေယာဉ်ဖြင့် စစ်တွေမြို့သို့ပို့ဆောင်ပေးခဲ့ပြီး ကြံတိုင်းအောင် ခရီးသည်တင် ယာဉ်လိုင်း တာ ၀န်ရှိသူများမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ကြံတိုင်းအောင် ခရီးသည်တင်ဘတ်စ်ကားသည် မေလ ၉ ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မင်းပြားမြို့ နယ် နရမ်းရွာ အနီး မိုင်တိုင်အမှတ် (၉၄) အနီးတွင် ယာဉ်မောင်းအကူ ဦးညီညီဇော် မောင်းနှင် လာစဉ် တိမ်းမှောက်သွားခဲ့သည်။
ယာဉ်တိမ်းမှောက်စဉ် ကားပေါ်တွင် ခရီးသည် ၄၀ နီးပါးခန့် ပါလာသည်ဟု သိရသည်။
(နိရဉ္စရာ- ၁၁ မေလ ၂၀၁၄)
(ဓါတ်ပုံ- ကိုဇော်-မင်းပြား)
No comments:
Post a Comment