Monday 12 May 2014

နိုင်ဂျီးရီးယား ကျောင်းသူလေးများ ပြန်ပေးဆွဲခံရခြင်းကို ရှုံ့ချလိုက်သည့် အမေရိကန် သမ္မတကတော်

Photo: နိုင်ဂျီးရီးယား ကျောင်းသူလေးများ ပြန်ပေးဆွဲခံရခြင်းကို ရှုံ့ချလိုက်သည့် အမေရိကန် သမ္မတကတော်
Monday, May 12, 2014

အမေရိကန် သမ္မတကတော်  " မစ်ရှဲအိုဘားမား " ဟာ နိုင်ဂျီးရီးယားကျောင်းသူလေး များ ပြန်ပေးဆွဲခံရမှုကို ပြစ်တင်ရှုတ်ချလိုက်တယ်လို့ သိရပါတယ်။
အမေရိကန် သမ္မတကတော် " မစ်ရှဲအိုဘားမား " ဟာ ရာနဲ့ချီတဲ့ နိုက်ဂျီးရီးယားကျောင်းသူ လေးတွေ ပြန်ပေးဆွဲခံရမှုကို ပြစ်တင်ရှုတ်ချထားပြီး အမျိုးသမီးတွေ ပညာသင်ခွင့်ရရှိရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
 
သမ္မတကတော်က တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ အမေများ နေ့မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။  " မစ်ရှဲ " ဟာ အမေများနေ့ မိန့်ခွန်းကို သမ္မတကိုယ်စားပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ မစ္စစ် " အိုဘားမား " က ပြီးခဲ့တဲ့ လတုန်းက ကျောင်းတက်နေတုန်းမှာ ပြန်ပြေးဆွဲခံခဲ့ရတဲ့ နိုင်ဂျီးရီးယား ကျောင်းသူ(၂၀၀)ကျော် ပြန်ပေးဆွဲခံခဲ့ရတဲ့လုပ်ရပ်ဟာ ရဲတင်းတဲ့လုပ်ရပ်ဖြစ်ပြီး ပြန်ပေးဆွဲခံ မိန်းကလေးတွေကို သူမရဲ့ သမီးတွေလို ခံစားကြည့်မိတယ်ဆိုရင် ပြန်ပေးဆွဲခံ မိန်းကလေးတွေရဲ့ မိဘတွေရဲ့ ခံစားချက်ကိုလည်း သူမစာနာ နားလည်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
 
သူမဟာ သမ္မတဟာ ထိုမိန်းကလေးတွေကို အိမ်ပြန်ခေါ်နိုင်ဖို့အတွက် အကူအညီတွေ ပေးပြီးလုပ်ဆောင်နေတယ်လို့လည်း ပြောကြားထား ပါတယ်။ သူမက နိုက်ဂျီးရီးယားကျောင်းသူလေးတွေ ပြန်ပေးဆွဲခံရမှု တစ်ခုတည်းက အမျိုးသမီးတွေ ပညာသင်ကြားခွင့်ဆိုင်ရာ အခွင့်အလမ်း ဆုံးရှုံးနေတာကို ဖော်ပြနေတာမျိုး မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှာ ပညာသင်ကြားခွင့်မရဘဲ မိန်းကလေးပေါင်း(၆၅)သန်းကျော် ရှိနေတယ်လို့လည်း သူမရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါသည်။
 
MRTV-4
အမေရိကန် သမ္မတကတော်  " မစ်ရှဲအိုဘားမား " ဟာ နိုင်ဂျီးရီးယားကျောင်းသူလေး များ ပြန်ပေးဆွဲ ခံရမှုကို ပြစ်တင်ရှုတ်ချလိုက်တယ်လို့ သိရပါတယ်။
အမေရိကန် သမ္မတကတော် " မစ်ရှဲအိုဘားမား " ဟာ ရာနဲ့ချီတဲ့ နိုက်ဂျီးရီးယားကျောင်း သူ လေးေ တွ ပြန်ပေး ဆွဲခံရမှုကို ပြစ်တင်ရှုတ်ချထားပြီး အမျိုးသမီးတွေ ပညာသင်ခွင့်ရရှိရေးအတွက် တိုးမြှင့် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

သမ္မတကတော်က တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ အမေများ နေ့မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့ တာဖြစ်ပါ တယ်။  " မစ်ရှဲ " ဟာ အမေများနေ့ မိန့်ခွန်းကို သမ္မတကိုယ်စားပြောကြားခဲ့တာ လည်း ဖြစ်ပါတယ်။ မစ္စစ် " အိုဘားမား " က ပြီးခဲ့တဲ့ လတုန်းက ကျောင်းတက်နေတုန်းမှာ ပြန်ပြေးဆွဲ ခံခဲ့ရတဲ့ နိုင်ဂျီး ရီးယား ကျောင်း သူ(၂၀၀)ကျော် ပြန်ပေးဆွဲခံခဲ့ရတဲ့လုပ်ရပ်ဟာ ရဲတင်းတဲ့လုပ်ရပ်ဖြစ် ပြီး ပြန်ပေး ဆွဲခံ မိန်းကလေးတွေကို သူမရဲ့ သမီးတွေလို ခံစားကြည့်မိတယ်ဆိုရင် ပြန်ပေးဆွဲခံ မိန်းကလေးတွေရဲ့ မိဘတွေရဲ့ ခံစားချက် ကိုလည်း သူမစာနာ နားလည်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

သူမဟာ သမ္မတဟာ ထိုမိန်းကလေးတွေကို အိမ်ပြန်ခေါ်နိုင်ဖို့အတွက် အကူအညီတွေ ပေးပြီး လုပ်ဆောင်နေ တယ်လို့လည်း ပြောကြားထား ပါတယ်။ သူမက နိုက်ဂျီးရီးယားကျောင်း သူလေးတွေ ပြန်ပေး ဆွဲခံရမှု တစ်ခုတည်းက အမျိုးသမီးတွေ ပညာသင်ကြားခွင့်ဆိုင်ရာ အခွင့်အလမ်း ဆုံးရှုံးနေ တာကို ဖော်ပြနေတာမျိုး မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှာ ပညာသင်ကြားခွင့်မရဘဲ မိန်း ကလေးပေါင်း(၆၅)သန်းကျော် ရှိနေတယ်လို့လည်း သူမရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါသည်။

MRTV-4

No comments:

Post a Comment