Monday 12 May 2014

အာဆီယံတွင် မြန်မာ့ကာကွယ်ရေး ဘတ်ဂျက် ရာခိုင်နှုန်း အများဆုံး

Photo: အာဆီယံတွင် မြန်မာ့ကာကွယ်ရေး ဘတ်ဂျက် ရာခိုင်နှုန်း အများဆုံး
Monday, May 12, 2014
 
မြန်မာနိုင်ငံသားတွေအနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ အနည်းဆုံး ရာခိုင်နှုန်း အသုံးပြုချင်ပေမယ့် တကယ့်လက်တွေ့ အများဆုံး အသုံးပြုနေသလို အာဆီယံ နိုင်ငံတွေထဲမှာလည်း ရာခိုင်နှုန်း အများဆုံးဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးပညာရှင် Mr.Bard Robertson က ပြောပါတယ်။

Myanmar's army1မေလ ၁၀ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ရုံးမှာ အက်ရှင်အိတ်ဒ် မြန်မာက ဦးဆောင် ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်ရသုံး ခန့်မှန်းခြေ ငွေစာရင်းဆိုင် ရာ ဆွေးနွေး ပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်က ဘတ်ဂျက်ရဲ့ ၂၉ ရာ ခိုင်နှုန်း ရှိခဲ့ပြီး အခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာတော့ ၂၃ ရာခိုင်နှုန်း လျော့ချ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ငွေကြေးပမာဏ ကျပ် ဘီလီယံ ၁၂၀ လောက် ပိုလာတယ်လို့ သူက ထောက်ပြပါတယ်။

အာဆီယံထဲမှာ ကာကွယ်ရေး ဘတ်ဂျက် အများဆုံး သုံးသူဟာ မြန်မာဖြစ်ပြီး သူ့နောက်က ကမ္ဘောဒီးယားက ၁၄ ရာခိုင်နှုန်း၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် နိုင် ငံတွေ ကတော့ ၁၃ ရာခိုင်နှုန်း ၀န်းကျင် သုံးစွဲနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒီဗွီဘီ
မြန်မာနိုင်ငံသားတွေအနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဘတ်ဂျက်ရဲ့ အနည်းဆုံး ရာခိုင်နှုန်း အသုံးပြုချင်ပေ မယ့် တကယ့်လက်တွေ့ အများဆုံး အသုံးပြုနေသလို အာဆီယံ နိုင်ငံတွေထဲမှာလည်း ရာခိုင်နှုန်း အများဆုံးဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးပညာရှင် Mr.Bard Robertson က ပြောပါတယ်။
Myanmar's army1မေလ ၁၀ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ရုံးမှာ အက်ရှင်အိတ်ဒ် မြန်မာက ဦးဆောင် ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်ရသုံး ခန့်မှန်းခြေ ငွေစာရင်း ဆိုင် ရာ ဆွေးနွေး ပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ပြီးခဲ့တဲ့နှစ်က ဘတ်ဂျက်ရဲ့ ၂၉ ရာ ခိုင်နှုန်း ရှိခဲ့ပြီး အခု ၂၀၁၄ -၁၅ ဘဏ္ဍာနှစ်မှာတော့ ၂၃ ရာခိုင်နှုန်း လျော့ချ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ငွေကြေးပမာဏ ကျပ် ဘီလီယံ ၁၂၀ လောက် ပိုလာတယ်လို့ သူက ထောက်ပြပါတယ်။

အာဆီယံထဲမှာ ကာကွယ်ရေး ဘတ်ဂျက် အများဆုံး သုံးသူဟာ မြန်မာဖြစ်ပြီး သူ့နောက်က ကမ္ဘော ဒီးယား က ၁၄ ရာခိုင်နှုန်း၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် နိုင် ငံတွေ ကတော့ ၁၃ ရာခိုင်နှုန်း ၀န်းကျင် သုံးစွဲနေ တာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment