Monday 12 May 2014

အာဏာအလွဲသုံး မြေသိမ်းမှုများအား စစ်ဆေးတွေ့ရှိ၍ လွှတ်တော် တင်ပြမည်ဟု လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ပြော

ရန်ကုန်တိုင်းဒေသကြီး အတွင်း အစိုးရမှခွင့်ပြုထားသည့် စီမံကိန်း များမဟုတ်ဘဲ တောင်သူလယ်သမားများ ထံမှ အာဏာအလွဲသုံးပြီး အကြောင်းပြချက် မရှိဘဲ မြေသိမ်းမှုများအား စစ်ဆေးတွေ့ ရှိရသဖြင့် လယ် ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လာမည့် ပြည်ထောင်စုလွှတ် တော်မှတစ်ဆင့် အစိုးရထံသို့ တင်ပြ သွား မည်ဟု ယင်းကော်မရှင်မှ သိရသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးကော် မရှင်အနေဖြင့် ယခင်က မြို့ပြတိုးချဲ့ခြင်း များ အတွက် သိမ်းယူခဲ့ သည့်မြေများ၊ စက်မှုဇုန် များအတွက် သိမ်းဆည်းခဲ့သည့် မြေများ၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များအတွက် သိမ်း ခဲ့သည့်မြေများ၊ စိုက်ပျိုးမွေးမြူရေးအတွက် သိမ်းခဲ့သည့်မြေများနှင့် နိုင်ငံတော် စီမံကိန်း များအတွက် သိမ်းခဲ့သည့်မြေများအား အစီ ရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ ဖြင့် တင်ပြခဲ့ပြီးဖြစ် သည်။

မေ ၂၈ ရက်တွင် ပြန်လည်စတင် တော့မည့် လွှတ်တော်တွင် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် ရန် ကုန်တိုင်းဒေသကြီးအတွင်း လယ်မြေသိမ်း ယူမှုများအတွက် အစီရင်ခံစာအပိုင်း ၄ ဖြင့် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး လယ်ယာမြေစုံစမ်းစစ် ဆေးရေးကော်မရှင် တာဝန်ခံ ဦးအောင်သိန်း လင်းထံမှ သိရသည်။

ယင်းက ''အရင်က တင်ခဲ့တဲ့အ ပိုင်း ၁၊ ၂၊ ၃ မှာမပါသေးတဲ့ အကြောင်း အရာတွေကို ဆက်တင်သွားမှာ။ ဒီမှာ ဘာ တွေပါလဲဆိုတော့ မြေယာလုပ်ပိုင်ခွင့် အ ငြင်းပွားမှုတွေ၊ အာဏာကို အလွဲသုံးစားလုပ် ပြီး အကြောင်းပြချက်မရှိ စီမံကိန်းရောင် တော်ပြန်သိမ်းတာတွေ ဒီလိုမျိုးအကြောင်း အရာတွေကို လာမယ့် လွှတ်တော်မှာ တင်ပြ သွားမယ်''ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လယ် ယာမြေ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ယင်းဖြစ်စဉ်များအား ပြည်ထောင်စု လွှတ် တော်သို့ တင်ပြရာတွင် အခြားနည်း မြေ သိမ်းခံရမှုများဆိုသည့် ခေါင်းစဉ်ဖြင့် တင် သွင်းသွား မည်ဖြစ်ကြောင်း ယင်းကဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လယ်သိမ်းခံ လယ်သမား များထံမှ တိုင်စာစုစုပေါင်း ၁၂ဝ ကျော်အား လက်ခံရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လယ် ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က အဆိုပါတိုင်စာများအား စစ်ဆေး ကာ မတ် ၁၅ ရက်တွင် ပြည်ထောင်စုလွှတ် တော်မှတစ်ဆင့် အစိုးရထံသို့ တင်ပြခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါကော်မရှင်အနေဖြင့် မြေ သိမ်းဆည်းမှု တိုင်စာ ၁ဝဝဝ ကျော်အား စိစစ်ရန် ကျန်ရှိနေသေးပြီး ယင်းတိုင်စာ များထဲတွင် အမှန်တကယ် အသိမ်းခံရသည့် လယ်သမားများမဟုတ်ဘဲ တခြားတစ်ယောက် မှ တစ်ဆင့်ခံ လာရောက်တိုင်သည့် တိုင် စာများလည်းရှိကြောင်း သိရသည်။

ဦးအောင်သိန်းလင်းက ''ကျွန် တော်တို့ကတော့ လယ်သမားတွေကိုခေါ်ပြီး သိမ်းဆည်းတဲ့ကိစ္စသည် ဥပဒေနဲ့ညီလား။မညီဘူးလား။ တကယ် ဥပဒေမဲ့ သိမ်းဆည်း တာ ဟုတ်၊ မဟုတ် လယ်သမားတွေကိုခေါ် ပြီးတော့မှ အစီရင်ခံစာ ရေးရတာဖြစ်တယ်။ မတရားသိမ်းတာ ဟုတ်၊ မဟုတ် စိစစ်ပြီးမှ အစီရင်ခံစာ တင်တာဖြစ်တယ်''ဟု ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေ သိမ်းဆည်းမှုနှင့် ပတ်သက် ၍ လှည်းကူးမြို့နယ်မှ အများဆုံး တိုင်ကြား ထားကြောင်း သိရသည်။

လယ်မြေသိမ်းဆည်းမှုများအား လိုက်လံဆောက်ရွက်ပေးနေသော တောင် သူကွန်ရက်မှ ကိုရဲအောင်စိုးက ''ကော်မရှင် က တင်ပြတဲ့အစီရင်ခံစာတွေက သိမ်းထား တဲ့လယ်မြေတွေကို တင်ပြတယ်။ ပြီးရင် ပြန်ပေးလိုက်တယ်ဆိုတာလောက်ပဲ သိရ တယ်။ ဘယ်လိုတွေကြောင့် ပြန်ပေးတာလဲ။ ဘယ်လောက် ပြန်ပေးလိုက်တယ်ဆိုတာ ကို တောင်သူတွေကလဲ မသိရဘူး။ နောက် တစ်ခုက တင်ပြလိုက်တဲ့ အစီရင်ခံစာအ တိုင်း တောင်သူတွေ တကယ်အလုပ် လုပ် လို့ရမယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးအ စိုးရကလဲ ကူညီမှုမရှိဘူး။ လုပ်ချင်သလိုတွေ လုပ်နေတာတွေ ရှိတယ်။ တောင်သူတွေ ဖမ်းတာဆီးတာတွေ အမှုဖြစ်တာတွေက အခု အချိန်အထိ ဖြစ်နေတုန်း''ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခဲ့သည့် လယ်မြေများနှင့်အငြင်း ပွားမှုများအကြား ကော်မရှင် မှ ဖြေရှင်းပေး မှုများကြောင့် ပြေလည်သွားသည့် ဖြစ်စဉ် များရှိပြီး လျော်ကြေးငွေအားဖြင့်လည်း ၁၆ ဒသမ ၅၉၁၇ ဘီလီယံအထိ လယ်သမား များအား နစ်နာကြေးငွေများ ရရှိအောင် ဆောင်ရွက်ထားပြီးဖြစ်သည်ဟု သိရသည်။

ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာအ တွက် လယ် ၁၃ ဧက အသိမ်းခံရသူ ဦးတင် လှိုင်က ''ကျွန်တော်တို့ လယ်တွေ က ၁၉၉၄ ကတည်းက အသိမ်းခံခဲ့ရတာ။ ပြည်သူတွေ က ရွေးချယ်လိုက်တဲ့ ပြည်သူ့ လွှတ်တော် က ဖွဲ့စည်းလိုက်တဲ့ လယ်ယာမြေ စုံစမ်းစိစစ် ရေးကော်မရှင်အဖွဲ့ ပေါ်လာတဲ့အခါ ကျွန် တော်တို့ပြောပြ လို့ သုံးခါ ဆင်းစစ်တယ်။ နှစ်ခါညှိတယ်။ အဲဒီချိန်တုန်းက အမြန်လျော် မယ်လို့ပြောပြီး အခုချိန်အထိ နစ်နာကြေး ပေးတာတွေ မလုပ်သေးဘူး''ဟု ပြောသည်။

အောင်သူ(ဒေးဒရဲ)
Yangon Media Group

No comments:

Post a Comment